ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 26, 2017


ဓာတ်ပုံရိုက်ဖို့အတွက် အသက်ကယ်ကြိုးမပါဘဲ မိုးမျှော်တိုက်မှ တွဲလွဲခိုခဲ့တဲ့ ရုရှားမော်ဒယ်

ရုရှားမော်ဒယ် တစ်ယောက်ဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဗစ်တိုးရီးယာ အိုဒင်ကိုဗာ(Victoria Odintcova) ဟာ ကမ္ဘာအမြင့်ဆုံး မိုးမျှော်တိုက်တွေထဲ က တစ်လုံး ဖြစ်တဲ့ ဒူဘိုင်းက Cayan တာဝါမှာ ဓာတ်ပုံ ကောင်းကောင်းလေးတစ်ပုံရဖို့အတွက် အသက်ကိုရင်းပြီး စွန့်စားခဲ့ပါတယ်။

ဒူဘိုင်းက Cayan တာဝါ ဟာ  ၁၀၀၄ပေ  မြင့်ပြီး အသက်ကယ်ကြိုးမပါဘဲ လက်ထောက် အမျိုးသားတစ်ယောက်ရဲ့ လက်ကိုသာ ကိုင်ပြီး တွဲလွဲခို ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။အိုဒင်ကိုဗာကတော့ ” ကျွန်မ ဓာတ်ပုံရိုက်နိုင်ခဲ့တယ် ဆိုတာ မယုံနိုင်စရာပါပဲ။ဗီဒီယိုကို ပြန်ကြည့်တိုင်း ကျွန်မလက်တွေ ချွေးပြန်လာလေ့ရှိပါတယ်။ ” လို့ဆိုခဲ့ပါတယ်။

Social Media အသုံးပြုသူတွေကတော့ ” ဥာဏ်နုံတဲ့လူတွေ နေ့တိုင်းမွေးနေတာပဲ။ Like ရဖို့ဆို ဘာမဆိုလုပ်ကြတယ် ” လို့မှတ်ချက်ပြုခဲ့ပါတယ်။တခြားသုံးစွဲသူတစ်ယောက်ကတော့ အိုဒင်ကိုဗာ ဟာ နောက် ရုရှားမော်ဒယ်တစ်ယောက်ဖြစ်သူ အင်ဂျလီနာ နီကိုလူ  အထပ်မြင့်တိုက်တွေမှာ ဓာတ်ပုံ ရိုက်ခဲ့တာကို အတုခိုးခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ဒီဗီဒီယိုကို သူမရဲ့ Page မှာ  တင်ခဲ့ပြီးနောက်မှာ လူတွေ ၀င်ရောက်ကြည့်ရူမှုနူန်းများပြားခဲ့တဲ့အတွက် လူကြိုက်များတယ်လို့ဆိုရမှာပါ။

သူမရဲ့ Fan တွေကတော့ အသက်ကယ်ကြိုးမပါပဲ ဓာတ်ပုံရိုက်ခဲ့တဲ့ သူမကို ချီးကျူးခဲ့ပါတယ်။နောက်ထပ် အသုံးပြုသူတစ်ယောက်ကတော့” မင်းရဲ့ အသက်ကို ဘာကြောင့် ဒီလောက်ဂရုမစိုက်ရတာလဲကွာ “လို့ဆိုခဲ့ပြီး နောက်တစ်ယောက်ကတော့ ငါသာမင်းမိဘဖြစ်မယ်ဆိုရင် မင်းနဲ့ မုတ်ဆိတ်နဲ့ ကောင်ကို ကောင်းကောင်း သမ မှာလို့ မှတ်ချက်ပြုခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Cayan တာဝါ  ဟာ ကမ္ဘာအမြင့်ဆုံး အဆောက်အအုံ တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရှန်ဟိုင်းတာဝါက ဒီစံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

Lumos (Shwemom)
Ref : The Sun

No comments:

Post a Comment