ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, March 21, 2017

မိဘလုပ်ကျွေး၍ဘေးကင်းသူ (ဖြစ်ရပ်မှန်) 

ဒေါ်မြင့်မြင့်ရွှေသည် အမှတ်၂၃၊ မင်းလမ်း၊ မော်လမြိုင်ကျွန်းမြို့နေ

ဦးဝမ်ကျန်း+ဒေါ်စောကျင်တို့၏ သမီးဖြစ်ပြီး နိုင်ငံတကာရေးရာ

သတင်းစဉ်မှ လက်ထောက်အယ်ဒီတာ(အငြိမ်းစား)တစ်ဦးဖြစ်ပါ

သည်။ သူမ၏ပညာအရည်အချင်းအရ တက္ကသိုလ်တွင် ဆရာမ

အဖြစ်ရနိုင်သော်လည်း မိအိုဖအိုများကို ပြုစုစောင့်ရှောက်လို

သောကြောင့် မော်လမြိုင်ကျွန်းမြို့၊ ၁၄လမ်း၊ အ.မ.ကတွင်

မူလတန်းပြဆရာမအဖြစ်သာလုပ်ကိုင်နေခဲ့ပါသည်။


၁၉၈၉ခုနှစ်၊ အသက်၈၀အရွယ်ကပင် အိပ်ယာထဲတွင်လဲနေ

သော ဖခင်လူမမာအား ၁၉နှစ်ခန့်ကြာအောင် မျက်ခြည်မပြတ်

ကြင်ကြင်နာနာပြုစုခဲ့သည်။ ထိုနည်းတူ အရွယ်လွန်၍ အား

အင်ချည့်နဲ့နေသော မိခင်အိုကိုလည်း မငြိုမငြင်ပြုစုခဲ့ပါသည်။

မိခင်ကြီးမှာ ၁၇.၆.၁၉၉၉ခုနှစ်၊ အသက် ၈၃နှစ်အရွယ်တွင်

ကွယ်လွန်ခဲ့သဖြင့် သားအဖနှစ်ဦးသာ ကျန်ရှိနေခဲ့ပါသည်။

အိပ်ယာထဲတွင် ၁၉နှစ်ကျော်လဲနေသော ဖခင်အို ၉၉နှစ်မှာ

မျက်စိမမြင် နားအနည်းငယ်လေးသည်မှအပ သတိများ

ကောင်းပြီး ကိုယ်ကျင့်သီလကိုလည်းစောင့်ထိန်းနိုင်သေး

သည်။


၂၄-၁-၂၀၀၇ရက်နေ့တွင် ဒေါ်မြင့်မြင့်ရွှေသည် ရန်ကုန်မှ

မော်လမြိုင်ကျွန်းမြို့သို့ ပုလဲကြည်သင်္ဘောနှင့်ပြန်အလာ

အအေးမိ၍ အနည်းငယ်ဖျားနာပါသည်။ နံနက်လေးနာရီ

ခန့်တွင် မော်လမြိုင်ကျွန်းသို့ ဆိုက်ကပ်ပါသည်။ အရုဏ်

အလင်းရောင်ထွက်လာသောအခါ သင်္ဘောပေါ်မှကုန်း

ပေါ်သို့ တက်ပါသည်။ ဆိုက်ကားဆရာကိုဆရာကန်

တော့ပွဲအတွက် ပေးလိုက်သောပစ္စည်းများ ပါရှိသည့်

ပီနံအိပ်ကြီးတစ်လုံးနှင့်ဆွဲခြင်းကိုသယ်ခိုင်းပါသည်။

ဒေါ်မြင့်မြင့်ဆွေကအ၀တ်အစားထည့်သော အိပ်နီကို

လွယ်ပါသည်။ ဆရားခွေ ၁၀ခွေပါဘူးတစ်ဘူး၊ ဖခင်

ကြီးအတွက်ဝယ်လာသော ဆေးဘူးပါသောအိပ်ကို

လက်ဆွဲလျက် ကျန်တစ်ဖက်မှအခင်းကိုလက်က

ဆွဲ၍ ဆိုက်ကားဆရာနောက်မှကုန်းပေါ်သို့လိုက်ခဲ့

ပါသည်။ ဒေါ်မြင့်မြင့်ရွှေ ခြေတစ်လှမ်းနှစ်လှမ်း 

လှမ်းပြီးနောက် ကုန်းဘောင်ပေါ်မှ ရေထဲသို့ပြုတ်ကျ

သွားပါသည်။


ရေထဲသို့ပြုတ်ကျစဉ် ကုန်းပေါ်မှလူများက ရေမကူး

တတ်ဘူးထင်တယ်ဆိုသည့် အသံကိုကြားသည့်

အတွက် မိမိကိုယ်ကို သရဏဂုံတင်သည်ဟုဆိုပါ

သည်။ သူမသည်ရတနာမြတ်သုံးပါး၏ဂုဏ်ကျေးဇူး

ကို အထပ်ထပ်ပွားပြီး ရှုမှတ်စိတ်ကပ်ထားပါသည်။

ရေပေါ်သို့ပြန်ပေါ်လာစဉ် ကောင်းကင်ပြာလဲ့လဲ့တွင်

ဘုရားရှင်တော်မြတ်ကြီးကို မတ်တပ်ရပ်အနေအထား

ဖြင့်ဖူးမြင်ရပါသည်။ ဘဲဥပုံအဖြူရောင်ထဲတွင်မြင်ရ

ခြင်းဖြစ်သည်။


သူမသည်ငြိမ်းအေးသောစိတ်ဖြင့်ရေထဲတွင်မြှပ်နေ

စဉ်နှင့် မျောနေစဉ်တွင်လည်း ကြောက်ရွံ့ခြင်း

ထိတ်လန့်ခြင်းမရှိ၊ ဖခင်အိုကြီးအတွက်စိုးရိမ်

သောကမဖြစ်ပါ။ ကယ်ကြပါဦးဟုလည်းမအော်

မိပါ။ မျောနေသည်ကိုလည်းသိလျက် ရှုမှတ်စိတ်

ကိုလည်း လက်မလွတ်ဘဲရှိပါသည်။ အတန်ငယ်

မျောသွားပြီးမှ ရေမှမကူးတတ်ဘဲဆိုသည့်အသံ

များကြားရကာ ရေထဲသို့ခုန်ဆင်းသံကြားရပြီး

လက်တစ်ဖက်ကိုလှမ်းဆွဲ၍ ကျန်လက်တစ်

ဖက်ကို ကြိုးတန်းကိုင်ဟုပြောသံကြားသည့်

အတွက် ကြိုးတန်းကိုင်ကာ သူတို့ဆယ်သည့်

အတိုင်း အလိုက်သင့်ပင်ပါသွားပါသည်။

ဆိုက်ကားဆရာမောင်ဝင်းလှိုင်နှင့်ဆိပ်ကမ်းရုံး

မှမောင်ဇော်ဦး၊ မောင်ဌေးလှိုင်တို့ဆင်းဆယ်

ကြသည်ဟု သိရှိရပါသည်။


ဒေါ်မြင့်မြင့်ရွှေ၏ ပစ္စည်းများကလည်း ရေထဲ

သို့ပြုတ်ကျစဉ်ကအတိုင်း ခရီးဆောင်အိပ်က

လွယ်လျက်သားပင်ဖြစ်ပါသည်။ မည်သည့်

ပစ္စည်းမျှ ပျောက်ရှခြင်းမရှိပါ။


သူမ၏အသက်ကို ကယ်ဆယ်ခဲ့သော ဆိပ်ကမ်း

လုပ်သား မောင်ဇော်ဦး၊ မောင်ဌေးလှိုင်နှင့်ဆိုက်

ကားဆရာ မောင်ဝင်းလှိုင်တို့အား တတ်နိုင်သရွေ့

ကျေးဇူးဆပ်ခဲ့သည်ဟု သိရှိရပါသည်။


ဝေလီဝေလင်းအမှောင်ထဲတွင် ရေထဲသို့ပြုတ်ကျ

ပြီး ရေမကူးတတ်သော်လည်း ရေနစ်၍မသေ

ခဲ့ခြင်းမှာ မိဘနှစ်ပါးကို လုပ်ကျွေးခဲ့သည့်ကျေးဇူး

ကြောင့်ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

(ဖြစ်ရပ်မှန်ဖြစ်ပါသည်။)

မဆွေမောင်


မြတ်မင်္ဂလာစာစောင်

၂၀၁၁ခုနှစ်၊ မေလ။


No comments:

Post a Comment