ကမ္ဘာပေါ်မှာ ထူးခြားတဲ့ လူထူးဆန်းတွေ အများကြီးရှိပါတယ်။ ဒီအထဲမှာ လူရဲ့ကိုယ်ရေပြားကို ဆွဲဆန့်နိုင်ဆုံး လူသားအဖြစ် ကမ္ဘာ့ဂရင်းနစ်စံချိန် တင်ထားသူကတော့ ဂယ်ရီ စထရက်ကျူနာ လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သူဟာ အသက်(၄၁) နှစ်အရွယ်ခန့်ရှိပြီး (၂၀၀၅)ခုနှစ်မှာ စတင်ကာ သူ့ရဲ့ အရေပြားဆွဲဆန့်နိုင်တဲ့ အစွမ်းများကို ဗြိတိန်နိုင်ငံမှာရှိတဲ့ Farfield Hall မှာ ကျင်းပသော Circus of Horrors မှာ ပြသခဲ့ပါတယ်။
သူဟာ အရင်ကတည်းကလည်း ဆပ်ကပ်ပွဲများကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး ဒီလို သူ့အရေပြားဖြစ်လာတာဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ခန့်က စတင်တယ်လို့ သိရပါတယ်။ တစ်နေ့မှာ သူ့ဦးလေးက သူ့အရေပြားကိုဆွဲကြည့်ရာမှာ အရေပြားဟာ ပျော့တွဲတွဲကြီးကြီး ဖြစ်နေပြီး သာမန်လူတွေနဲ့ မတူ ထူးခြားတဲ့အရေပြားကို ဆွဲဆန့်တွန့်ခေါက်နိုင်စွမ်းရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
ဒီလိုအဖြစ်ကြောင့် သူဟာ ဆပ်ကပ်အဖွဲ့ထဲမှာ သူ့အရည်အချင်းတွေကို ပြသခဲ့ပြီး နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ပါးနှစ်ဖက်ဆွဲလိုက်ရင်လည်း သူ့အရေပြားကြီးဟာ ပျော့တွဲပြီး ပါလာပါတယ်။ လည်ပင်းက အရေပြားကိုဆွဲရင်လည်း ဒီအတိုင်းပါပဲ။
အထူးခြားဆုံး ပြကွက်ကတော့ သူ့လည်ပင်းအရေပြားကို ဆွဲဆန့်ဖုံးအုပ်ပြီး ပါးစပ်ပေါကို ပိတ်ထားတဲ့ ပြကွက်ဆန်းဖြစ်ပါတယ်။ ပြီးတော့ ရင်ဘတ်က အရေပြားတွေကိုလည်း ဆွဲဆန့်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် တစ်ကိုယ်လုံးက ဘယ်နေရာမဆိုက သူ့အရေပြားကို ဆွဲရင် ရှည်ထွက်လာပါတယ်။
ဒါကြောင့် Fantastics Four ဇာတ်ကားထဲက ထူးဆန်းအံ့ဖွယ် လူသားတစ်ယောက်လို သူ့ကိုလည်း Mister Fantasticsလို့ အမည်နာမပေး မှည့်ခေါ်ထားကြပါတယ်။ သူ့ရဲ့ အရေပြားဆွဲဆန့်နိုင်မှုအရှည်ဟာ (၆.၅) လက်မအထိဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အဖို့ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။
လက်ရှိအချိန်အထိလည်း သူဟာ အသက်ရှိနေထိုင်လျက်ရှိပါတယ်။ တကယ်တမ်းမှာတော့ ဂယ်ရီစထရက် ကျူနာမှာ ဒီလိုအရေပြားကို ကျုံဆန့် နိုင်ခြင်းဟာ လူသဘာဝနဲ့ မတူတဲ့ Ehlers-danlos syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားနေရတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် သူ့အရေပြားဟာ လူသာမာန်တွေရဲ့ အရေပြားထက် အလွန်တရာအားနည်းပြီး ပျော့တွဲနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုဖြစ်ခြင်းကပဲ ဂယ်ရီကို ကမ္ဘာကျော်စေခဲ့ ကမ္ဘာ့အံ့ဖွယ်လူတစ်ယောက်ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
လူပေါင်း (၁၀၀၀၀)မှာ တစ်ယောက်ဖြစ်နိုင်ခဲလှတဲ့ ရောဂါဆန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂယ်ရီကတော့ ကမ္ဘာ့အံ့ဖွယ်လူသားတစ်ယောက်အဖြစ် နေရတာကို နှစ်သက်ကြောင်း ပြောဆိုထားပါတယ်။ သူဟာ ကမ္ဘာ့လူထူးဆန်းများ ပြပွဲများလည်း တစ်ယောက်အပါအဝင်အဖြစ် ပါဝင်ပြသခဲ့သူ ဖြစ်ပါတယ်။ သူ့အရေပြားကို စက္ကူညှပ်တဲ့ ကလစ်တွေနဲ့တွဲပြီး ပြသရာမှာ သူ့အရေပြားဟာ လိုသလိုဆွဲနိုင်ပါတယ်။
Credit - six sense
ဒီဂမ္ဘီရအကြောင်းများကို ကြိုက်နှစ်သက်ရင် Shareလိုရပါတယ်နော်
Tuesday, March 21, 2017
အရေပြားဆွဲဆန့်နိုင်တဲ့ လူသား Mister Fantastic
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment