ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 03, 2017

ငှက်ပျောသီးကို သေနတ်ပုံစံလုပ်ကာ ဓားပြတိုက်ဖို့ကြိုးစားတဲ့ ကိုလူလည်

အင်္ဂလန်နိုင်ငံ ဂရိတ်မန်ချက်စတာမြို့က Atherton မှာရှိတဲ့ ငါးနဲ့ငါးကြော်အရောင်းဆိုင်တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ဓားပြတစ်ယောက် ၀င်တိုက်ခဲ့ပါတယ်။ အဆိုပါ ဓားပြရဲ့ လှုပ်ရှားမှုတွေကို ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဓားပြဟာ မျက်နှာကို အ၀တ်အမည်းရောင်နဲ့ စည်းထားပါတယ်။

သူ့ပုံစံကတော့ တကယ့် လူမိုက်စတိုင်ပါဘဲ။ ပလက်စတစ်အိတ်နဲ့စွပ်ထားတဲ့ သေနက်ကို ဆိုင်ဝန်ထမ်းတွေဆီ ထိုးချိန်ရင်း ” ရှိတာ အကုန်ထုတ်ပေတော့ တစ်ယောက်မှ မလှုပ်နဲ့ ကျည်ဆံက ရင်ဘက်မရွေးဘူး ” (ရုပ်ရှင်ထဲက ဓားပြတွေအတိုင်း ဖြည့်ရေးလိုက်တာပါ) စသည့်ဖြင့် အော်ကာ ငွေတွေ ရယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် တကယ့်အမှန်က ပလက်စတစ်အိတ်ထဲမှာ သေနက်မဟုတ်ပဲ ငှက်ပျောသီးကြီးပါ။ ဒါကို ဓားပြက သူရဲ့ သေနက်အတုဟာ ဆိုင်ဝန်းထမ်းတွေကို ကြောက်လန့်စေမယ့် တကယ့်လက်နက်တစ်ခုနဲ့ တူတယ်လို့ တွေးထားခဲ့ပုံ ရပါတယ်။ သို့ပေမယ့် အကင်းပါးတဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်က ချက်ချင်း သတိထားမိပြီး ” ငှက်ပျောသီးနဲ့ဆိုမှတော့ ရမလား “လို့ လှောင်ခဲ့ပါတယ်။

ဓားပြလည်း အခြေအနေမဟန်မှန်းသိလို့ လာရာလမ်းကို ဖနောင့်နဲ့တင်ပါး တစ်သားတည်းဖြစ်အောင် ပြေးထွက်သွားပါတယ်။ ရဲတပ်ဖွဲ့တော့ သေနတ်အစစ်မ၀ယ်နိုင်တဲ့ ဓားပြလေးကို တွေ့ရှိပါက သတင်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ ယခင်ကလည်း အမျိုးသားတစ်ယောက်ဟာ ဆိုင်တစ်ဆိုင်ထဲမှာ အင်္ကျီအိတ်ထဲကို လက်ထည့်ပြီး သေနက်ပုံစံနဲ့ ပေါင် 250 ခန့် ဓားပြတိုက်သွားသေးတယ်လို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)
source : thesun.co.uk


No comments:

Post a Comment