အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ တိရစ္ဆာန်လက်တွေ့စမ်း သပ်ခန်း(Texas animal testing lab)ထဲမှာ ကြွက်သားရောဂါခံစားနေရတဲ့ သနားစရာ ခွေးလေးတွေရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ဗီဒီယိုဖိုင် ကိုေ တာ့ PETA ကနေထုတ်ဖော်ပြသလိုက်တာပါ။Texas A&M တက္ကသိုလ် မှာရှိေ နတဲ့ ခွေးလေးတွေအားလုံးဟာ မတူတဲ့ကြွက်သားရောဂါအမျိုးမျိုးကို ခံစားနေကြ ရတာပါ။အားနည်း ပျော့ခွေယိုင်ကျနေကာ နာကျင်လွန်းတဲ့ ဝေဒနာကြောင့် မစားနိုင်၊မသောက်နိုင်ဖြစ်ကာ အမြင်အာရုံလည်း ကွယ်လုနီးပါးဖြစ်နေပါတယ်။ PETA ကတော့ ရက်စက်လွန်းတဲ့ သုတေသနတွေ လို့ ရှုတ်ချခဲ့ပြီး ဒီစမ်းသပ် မှုတွေကို ရပ်တန့်ပေးဖို့ အသနားခံ တောင်းဆိုခဲ့ပါတယ်။
muscular dystrophy (MD)ဆိုတဲ့ကြွက်သားဆိုင်ရာ ရောဂါအတွက်ေ ဆးထုတ်ဖို့အတွက် စမ်းသပ်မှုလုပ်နေတယ်ဆိုပေမယ့်လည်း ဒီလို စမ်းသပ်မှုေ တွလုပ်နေတာဟာ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတော့ မဟုတ်ဘူးလို့ တိရစ္တာန် အခွင့်အရေး လှုပ်ရှားသူတွေကပြောပါတယ်။ဗီဒီယိုဖိုင်ထဲ မှာတော့ ခွေးလေးေ တွဟာ မေးရိုးကြွက်သားတွေ အားနည်းလာပြီး သွားရည်တွေ ကျနေသလို လ မ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါတယ်။စမ်းသပ်ခန်းထဲမှာ မွေးလာ တဲ့ ခွေးတွေကို ရောဂါပါထည့်ပြီး သားဖောက်စေတာဖြစ်ပြီး၊မွေးလာ တဲ့ ခွေးေ လးတွေဟာလည်း အသက်တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ ကြွက်သားေ ရာဂါတွေကြောင့် သေဆုံးကြရမှာပါ။
ဒီ့ထက်ပိုဆိုးတာက စမ်းသပ်နေတာဖြစ်တာကြောင့်အခြေအနေကို ဒီအတိုင်းေ စာင့်ကြည့်နေကြတာပါ။Texas A&M ဘက်ကတော့ ဒီစမ်းသပ်မှုတွေနဲ့ ပတ် သက် ပြီး ပြော ရာမှာ Eteplirsen ဆိုတဲ့ ဆေးထုတ်နိုင်ဖို့အတွက် အခုလိုစမ်း သပ်မှုတွေလုပ်နေရတာဖြစ်ကြောင်း၊ကြွက်တွေနဲ့ခွေးတွေမှာ စမ်းသပ်မှုတွေ လုပ် ခဲ့ပြီး လူသားတွေဆီမှာ စမ်းသပ်အသုံးပြုတာလည်း အဆင်ပြေနေပြီ လို့ ပြော ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာရှိတဲ့ Alfort National Veterinary School မှာဆိုရင် လ ည်း အခုလိုပဲ ကြွက်သားဆိုင်ရာ ရောဂါစမ်းသပ်မှုတွေ ကို ခွေးတွေ နဲ့ ပြု လုပ်ေ နကြတာပါ။စမ်းသပ်ခန်းထဲက ခွေးလေးတွေရဲ့ ဘ၀ကို အပြင်က လူတွေ သိ သွားရင် ရန်ပုံငွေထောက်ပံ့ပေးမှုတွေ ဆုံးရှုံးသွားတဲ့ အထိဖြစ်နိုင်တယ် လို့ ပြင် သစ်မှာရှိတဲ့ စမ်းသပ်ခန်းရဲ့ ၀န်ထမ်းတစ်ဦးက ပြောခဲ့ပါတယ်။ဆေးတစ်မျိုး ထု တ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေလုပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။အဲ့ဒီနေရာမှာ လူနဲ့တိရစ္ဆာန်ဆိုပြီး ရွေးချယ်စရာနှစ်ခု ရှိပါတယ်။လက်တွေ့ကျတဲ့ ရွေး ချယ် မှုအနေနဲ့လူသားတွေရဲ့ အကျိုးအမြတ်အတွက် တိရစ္ဆာန်တွေကို စတေးနေကြရ တာဖြစ်ပါတယ်။
Ref;Daily Mail
Credit: ShweMom
Friday, March 03, 2017
လက်တွေ့စမ်းသပ်ခန်းထဲမှ ကယ်သူမဲ့ ခွေးလေးတွေရဲ့ ဘ၀😔😔
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment