ဟင်္သာတဘူတာမှာအသက်(၁၃)နှစ်အရွယ် မိန်းကလေး တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွား
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ ရထားဘူတာရုံမှာ အသက် (၁၃)နှစ် အရွယ် မိန်းကလေး တစ်ဦးကို အဓမ္မ သားမယားပြုကျင့်သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဇော်မင်းဦး(ခ)ဇော်မင်းနိုင်က သေဆုံး သူအား အခင်းဖြစ်ညက သားမယား တစ်ကြိမ်ပြုကျင့်ပြီး သေဆုံးသူက အော်ဟစ်ရုံးကန်သဖြင့် သတ်ဖြတ်ခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါသည်။
ဖြစ်စဉ်မှာ ၂၂.၈.၂၀၁၆ ရက်နေ့ ၀၈၁၅ အချိန် ဟင်္သာတမီးရထားရဲစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်တာသည် ဟင်္သာတဘူတာ အမှတ်(၂)စင်္ကြံတွင် တွဲဆိုင်းထိုးထားသော အမှတ်(၁၈၂)အစုံ အမြန်ရထားရိုးရိုးတန်းတွဲ အိမ်သာ အတွင်း လူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရှိရသည်။
သတင်းအရသက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မသန်းသန်းစိုး (၁၃)နှစ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ဟင်္သာတမြို့နေသူမှာခန္ဓာကိုယ်ပေါ်၌ ပြင်ပ ဒဏ်ရာမတွေ့ရှိဘဲသေဆုံးနေကြောင်း တွေ့ရှိသဖြင့်ဓမ္မာတာအတိုင်းသေ ဆုံးခြင်း ဟုတ်/မဟုတ်စီစစ်ပေး ပါရန် ဟင်္သာတရထားရဲစခန်း သေမှုသေ ခင်းအမှတ်စဉ် (၂/၂၀၁၆)ဖြင့် ရေးဖွင့်ခဲ့ပါသည်။
သေဆုံးသူ မသန်းသန်းစိုး အား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ လည်ပင်းရိုး ကျိုး၍ သေဆုံးကြောင်း သိရှိရသဖြင့် တစ်စုံတစ်ယောက်မှ ၄င်းအား လည်ပင်း ရိုးကျိုး၍ သေဆုံးအောင်ပြုလုပ်သဖြင့်ဟင်္သာတရထားရဲစခန်း (ပ)၉/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ စခန်းမှူး ရဲအုပ်မောင်မောင်တာ နှင့်ဟင်္သာတမြို့မရဲစခန်မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် နေမျိုးလင်းနှင့်အဖွဲ့သည်၂၁.၈.၂၀၁၆ရက်နေ့ တွင် ရထားဘူတာရုံအတွင်း ညအိပ်တည်းခိုနေထိုင်သူ များ၏ စာရင်းအားလိုက် လံကောက်ယူခဲ့ပါသည်။
၎င်းတို့အနက်ဇော်မင်းဦး(ခ)အောင်မင်းနိုင်မှာ မိသားစုနှင့် အတူညအိပ် ရန်အတွက် ဟင်္သာတဘူတာတွင် ဧည့်စာရင်းတိုင်ခဲ့သော်လည်း မိသားစုနှင့် အတူ အိမ်စက်ခြင်း မရှိဘဲ မနက်မိုးလင်းမှ မိသားစုထံ ပြန်လာလေ့ရှိကြောင်း ဇနီးဖြစ်သူမနှင်းနှင်းအေးကပြောပြသိရပါသည်။
ရဲအုပ် နေမျိုးလင်းနှင့်အဖွဲ့သည် ဇော်မင်းဦး(ခ)အောင်မင်းနိုင်အား မသင်္ကာ၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၂.၈.၂၀၁၆ ရက်နေ့ ဖမ်းဆီးရမိခဲ့ပါသည်။
ဇော်မင်းဦး၏ခန္ဓာကိုယ်အား စစ်ဆေးရာ ၀ဲဘက်ရင်အုံနှင့် ၀ဲဘက်ပုခုံးတို့တွင် လက်သဲဖြင့်ကုတ်ခြစ်ထားသော ဒဏ်ရာများနှင့်ဒူးခေါင်းနှစ်ဘက်တွင် ပွန်းပဲ့ ဒဏ်ရာများ တွေ့ရှိသဖြင့် တရားခံအားချုပ်ရီမာန်ယူ၍ အသေးစိတ်စစ်ဆေး ခဲ့ပါသည်။
ဇော်မင်းဦး(ခ)ဇော်မင်းနိုင်က သေဆုံး သူအား အခင်းဖြစ်ညက သားမယား တစ်ကြိမ်ပြုကျင့်ပြီး သေဆုံးသူကအော်ဟစ်ရုံးကန်သဖြင့် သတ်ဖြတ်ခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါသည်။
ဇော်မင်းဦး(ခ) အောင်မင်းနိုင်အားဥပဒေနှင့်အညီတရားစွဲတင်ပို့နိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်းဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ၏သတင်းထုတ်ပြန် ချက်အရသိရှိရပါသည်။
Credit>>> သစ်ထူးလွင်
No comments:
Post a Comment