ရဲသားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Dean Smahon အသက် (54)နှစ်ဟာ အခုအခါမှာတော့ ကလေးအဖေတစ်
ယောက်ဘ၀ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ Dean ဟာ 2010 ခုနှစ် အောက်တိုဘာလထဲမှာ Septicaemia လို့ခေါ်တဲ့ ပြင်းထန်သွေးအဆိပ်သင့်ရောဂါနဲ့ Sepsis လို့ခေါ်တဲ့ သွေးအဆိပ်သင့်မှုကြောင့် ကြွက်သားတစ်ရှူးတွေ ဖောင်းပွပြီး ဆဲလ်တွေ သေဆုံးတဲ့ ရောဂါကို ကောက်ကာငင်ကာ ရခဲ့ပြီး အသက်ကိုပင် မနည်းလုထားရတဲ့ အခြေအနေပါ။
သွေးဆိပ်သင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ဖယ်ရှားပစ်ခဲ့ရပြီး ခြေထောက်နှစ်ချောင်း၊ လက်ချောင်း ရှစ်ချောင်းနဲ့၊ နှာခေါင်းထိပ်ဖျားအပိုင်းတွေဟာ ဖြတ်တောက်ဖယ်ရှားတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။ ထိုစဉ်က သူရဲ့ အသက်ရှင်မှုရာခိုင်နှုန်းဟာ 10% သာရှိခဲ့ပြီး သူရဲ့ဇနီး Kirsty (36)နှစ်နဲ့ ချစ်ကျွမ်းဝင်လို့ နှစ်လမပြည့်တပြည့် အချိန်မှာ ဖြစ်ခဲ့တာပါ။
Kirsty အနေနဲ့ လူစဉ်မမီတော့တဲ့ Dean ကို ချစ်သူသက်တမ်း မကြာသေးတော့ သံယောဇဉ်မတွယ်တာလောက်သေးဘူးလို့ ယူဆပြီး ဒုက္ခိတကြီးကို ပစ်သွားမှာပါလို့ အများက ယူဆခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအတွေးဟာ မှားယွင်းခဲ့ပါတယ်။ Kirsty ဟာ ခင်ပွန်းဖြစ်သူ Dean ကို လက်ထပ်ခဲ့တဲ့အထိ သစ္စာအပ်နှံခဲ့သူ ဖြစ်ပါတယ်။
Dean ဟာ အိုင်ယာလန်မြောက်ပိုင်း ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က တာဝန်ကျေပွန်မှု၊ ရဲစွမ်သတ္တိရှိမှု၊ အများအ
ကျိုးကို ဆောင်ရွက်နိုင်မှု စတဲ့ ကောင်းသတင်းတွေကြောင့် ဗြိတိန်ဘုရင်မကြီးက ချီုးမြင့်တဲ့ Queen’s medal ဆုကို ရခဲ့ပါတယ်။ အဲဒီနောက် သုံးနှစ်ခန့်အကြာမှာ သူဟာ သွေးအဆိပ်သင့်ရောဂါကို ခံစားခဲ့ရပြီး ဆေးရုံမှာ အသက်လုခဲ့ရပါတယ်။
သွေးအဆိပ်သင့်ရောဂါဖြစ်တဲ့အတွက် အရှင်း မပျောက်ကင်းခဲ့ဘဲ နှစ်နှစ်အတွင်းမှာ ခွဲစိတ်မှုအပေါင်း အကြိမ်(30) ခန့်
လုပ်ခဲ့ရပါတယ်။ ဒီအတွက် ခြေထောက်နှစ်ချောင်းစလုံး ဒူးအောက်ပိုင်းကနေ ဖြတ်တောက်ခဲ့ရပြီး၊ ညာဘက်လက်ကို
လက်ကောက်ဝတ်မှ ဖြတ်တောက်ခဲ့ရပါတယ်။ ဘယ်ဘက်လက်မှာတော့ လက်ချောင်း သုံးချောင်း ဖြတ်ထုတ်လိုက်ရ
ပါတယ်။ ဒါ့အပြင် နှာသီးဖျား၊ ညာဘက်နားရွက်တို့ဟာလည်း ဖြတ်တောက်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
Kirsty ကတော့ ဆေးရုံပေါ်မှာ ပတ်လက်လဲနေတဲ့ ချစ်သူ Dean ကို ကိုယ်ဖိရင်ဖိပြုစုဖို့ သူမရဲ့ စာသင်ကြားတဲ့ လက်ရှိ
အလုပ်ကနေ ထွက်လိုက်တဲ့အထိ ချစ်သူအပေါ် ပေးဆပ်မှုက သြချရပါတယ်။ တကယ့်ကို တော်လေး၀၀င်နိုင်တဲ့ မိန်းမ
မြတ်ပါဘဲ။ အဲဒီနောက် သုံးနှစ်အကြာမှာ သူတို့နှစ်ယောက် လက်ထပ်ပွဲဆင်နွှဲခဲ့ပါတယ်။ ဒါဟာ အိုင်ယာလန်သမိုင်းမှာ
ရာဇ၀င်တွင်စေမယ့် အချစ်သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အသဲမာလွန်းတဲ့ Dean ဟာ Theology ဘွဲ့တစ်ခုကိုလည်း ယခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘောဒီးယားမှာ ရှိတဲ့ မြှေမြုပ်မှိုင်းထိ ဒုက္ခသည်တွေကို သွားရောက်ကူညီအာပေးလေ့ရှိပါတယ်။ သွေးအဆိပ်သင့်မှုကို အမြဲတမ်း စစ်ဆေးနေရတဲ့အတွက် ဇနီးသည် Kirsty နဲ့ အခုထက်ထိ ကလေးမယူနိုင်ကြသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ ရလာဒ်တွေအရတော့ Dean ရဲ့ သွေးဟာ အဆိပ်အတောက်မရှိသလောက် ကင်းစင်နေပြီဖြစ်ပြီး နောက်နှစ်
လောက်မှာ ကလေးယူဖို့ စိတ်ချရတဲ့အခြေအနေကို ရောက်ပြီလို့ သိရပါတယ်။
Dane က ” ကျွန်တော့်ဘ၀မှာ ကျွန်တော့်မိန်းမ မရှိဘဲ … ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး … အခု ကျွန်တော် အရင်ကလို လွတ်လပ်နေတယ်လို့ ခံစားရတယ် … သူမကြောင့် ကျွန်တော်ဟာ ရဲရင့်သန်မာခဲ့ပါပြီ … အခုဆို ကျွန်တော် သူ့ကို ကားမောင်းပြီး လိုက်ပို့နိုင်ပြီ … နောက် ရေသောက်ချင်တယ်ဆိုရင် ရေခပ်ပေးနိုင်ပြီ … နေမကောင်းရင် ပြုစုပေးနိုင်ပြီပေါ့ … ကျွန်တော့်ရဲ့ အကြောင်းအရာက ကျွန်တော့်လို ဘ၀တူခံစားနေရတဲ့ သူတွေအတွက်တာ့ စိတ်အားထက်သန်မှုကို ဖြစ်စ
စေမယ်လို့ ကျွန်တော် ယူဆပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။
Dane ဟာ အခုအခါမှာ အကောင်းစား လက်တုခြေတုတွေနဲ့ ဘ၀အသစ်ကို စတင်နေပြီး သူ့ဇနီး Kirsty နဲ့ အတူ ဘ၀ခရီးတစ်ခုကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ချစ်သူသက်တမ်း မကြာသေးခင်မှာ ချစ်သူရဲ့ ကျရှုံးခြင်းကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့ပေမယ့် စိတ်မပျက် လက်မလျှော့ ချစ်သူကို သစ္စာရှိစွာ လက်ထပ်ခဲ့တဲ့ Kirsty လို အမျိုးသမီးမျိုးကို ဂုဏ်ပြုလိုက်ရအောင်ဗျာ။
နတ်စည်တော် (Shwemom)
source : thesun.co.uk
No comments:
Post a Comment