အမေရိကန် တက္ကဆက်မှာနေထိုင်တဲ့ ဗီယက်နမ်နိုင်ငံဖွား Thu Thien Huynh အမည်ရ အသက် 34 နှစ်အရွယ် အမျိုးသမီးဟာ ခင်ပွန်းဟောင်းနဲ့ ပြန်လည်ဖောက်ပြန်ခဲ့ပြီးနောက် လက်ရှိခင်ပွန်းသည်ကို လက်ဦးမှုရယူကာ အိပ်ခန်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ကို အကြောင်းကြားစဉ်က ခင်ပွန်းသည် Steven Hafer ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တာလို့ လိမ်လည်ခဲ့ပါတယ်။
Thu ဟာ ဗီယက်နမ်မှ အမေရိကန်ကို 2004 ခုနှစ်ကတည်းက ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ယခင်က သူနာပြုဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ Thu ဟာ ခင်ပွန်းသည် Hafer ကို သတ်ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက သဲလွန်စတွေကို စစ်ဆေးတဲ့အခါ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းမဟုတ်ကြောင်း သိရှိပြီး လူသတ်တရားခံ Thu ကို ဖမ်းဆီးခဲ့ပါတယ်။
သေဆုံးသူဟာ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုရင် အနီးအနားမှာ ကျည်ဆံခွံတွေ့ရမှာ ဖြစ်ပေမယ့်၊ မတွေ့ခဲ့ရပါဘူး၊ ဒါ့အပြင် သေနတ်ဒင်ပေါ်မှာ တရားခံရဲ့ လက်ဗွေရာတွေက စောစီးစွာရှိနေခဲ့တာကို စစ်ဆေးနိုင်ခဲ့ပါတယ်။ တရားရုံးမှာ Thu ဟာ လူသတ်မှုကို ရှင်းပြခဲ့ပြီး၊ သူမဟာ ယောက်ကျားဟောင်းနဲ့ ဘ၀အသစ်တစ်ခု ပြန်လည်စတင်လိုကြောင်း ၀န်ခံခဲ့ပါတယ်။
2014 ခုနှစ်မှာ Thu နဲ့ ဗိသုကာအင်ဂျင်နီယာ Hafer တို့ လက်ထပ်ခဲ့ကြပါတယ်။ ထိုစဉ်က Thu ဟာ ကင်ဆာတိုက်ဖြတ်ရေး NGO မှာ သူနာပြုတစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။ သမီးတစ်ယောက် ထွန်းကားခဲ့ကြပါတယ်။ Houston construction company မှာ Hafer နဲ့ အတူတူ အလုပ်လုပ်ကိုင်ခဲ့တဲ့ Josh Becker (34)နှစ်က သူငယ်ချင်း သေဆုံးမှုတွက် လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
Josh က ” သူက သိပ်ကို အံ့သြစရာကောင်းတဲ့သူပါ … အလုပ်ကြိုးစားတာကလည်း ကျနော်တို့ လိုက်မမီပါဘူး … မိသားစုကို သိပ်ချစ်တယ် … “လို့ ပြောခဲ့ပါတယ်။ Thu ဟာ အရင်ယောက်ျားနဲ့ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး၊ အခင်းဖြစ်စဉ် မတိုင်ခင်ကအထိ သေဆုံးသူ Hafer က မယားပါသမီးကို သမီးအရင်းနဲ့မခြား စောင့်ရှောက်ခဲ့ပါတယ်။
သေဆုံးသူရဲ့ မိဘတွေဖြစ်တဲ့ Cheryl နဲ့ Paul Hafer က ဒီမတိုင်ခင်ကတည်းက သားဖြစ်သူရဲ့အိမ်ထောင်ရေးဟာ ခဏခဏ ကတောက်ကဆဖြစ်တယ်ဆိုတာ ကြားသိမိကြောင်း ၀န်ခံခဲ့ပါတယ်။ ဖခင် Paul က ” ကျွန်တော်တို့ သိထားတာက သူတို့နှစ်ယောက်မှာ ဘဏ္ဍာရေးပြဿနာတွေ ဖြစ်နေတယ်ဆိုတာလောက်ပဲ သိခဲ့ရတာပါ … “လို့ ပြောခဲ့ပါတယ်။ လောလောဆယ်တော့ တရားခံ Thu ကို ဖမ်းဆီးထိမ်းသိမ်းထားပြီး၊ သွားလာခွင့် ဗီဇာကိုလည်း သိမ်းဆည်းထားပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk
No comments:
Post a Comment