ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, March 27, 2017

အသက်ထက် မယားဦးရေ ပိုများတဲ့ လူစွံကြီး ၉၃ နှစ်မှာ ကွယ်လွန်


ချစ်သူ၊ ရည်းစား အရေအတွက် အသက်ထက် ပိုများတာ မဟုတ်ပါဘူး ပရိသတ်ကြီးရေ.. အခုဖော်ပြပေးမယ့် နိုင်ဂျီးရီးယားနိုင်ငံက Muslim တရားဟောဆရာ တစ်ဦးကတော့ ကွယ်လွန်ချိန် အသက် ၉၃ နှစ်အရွယ်မှာ ကျန်ရစ်သူ ဇနီးမယား အရေအတွက်က အနည်းဆုံး ၈၆ ယောက် ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ Baba Masaba လို့ လူသိများတဲ့ တရားဟောဆရာ Mohammed Bello Abubakar ဟာ Niger ပြည်နယ် အလယ်ပိုင်းက သူ့ရဲ့ နေအိမ်မှာပဲ စနေနေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ဘာရောဂါလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားမှု မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ သူ့ရဲ့ ဇာပနအခမ်းအနားမှာတော့ တက်ရောက်သူတွေ ပြည့်လျှံနေခဲ့ပြီး သူဟာ ၂၀၀၈ ခုနှစ်မှာကတည်းက မယားအရေအတွက် ၈၆ ယောက် ပေါင်းသင်းထားပြီး ဖြစ်တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံရဲ့ Daily Trust သတင်းစာမှာ ဖော်ပြခဲ့ရာက တစ်ဆင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့ပြင် အခု သူ ကွယ်လွန်သွားချိန်မှာတော့ သူ့ရဲ့ မယားအရေအတွက်ဟာ စုစုပေါင်း ၁၃၀ အထိ မြင့်တက်သွားနိုင်တယ် လို့လည်း သိရပြီး အဲဒီအထဲမှာ တချို့တွေက ကိုယ်ဝန်ကိုယ်စီတွေနဲ့ ဖြစ်ကြပါတယ်။

BBC ရဲ့ ဖော်ပြချက်အရ Mr Abubakar ဟာ ၂၀၀၈ ခုနှစ် စာရင်းမှာ အနည်းဆုံး ကလေး ၁၇၀ ရဲ့ ဖခင် ဖြစ်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ကလေး အရေအတွက်ဟာ ၂၀၃ ဦး ရှိခဲ့တယ်လို့ Daily Trust က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ဇနီးမယားတွေဟာ နာမကျန်းဖြစ်တဲ့အခါမျိုးမှာ အကူအညီရယူဖို့အတွက် အမျိုးသားကြီးဆီ သွားရောက် တွေ့ဆုံကြပြီး အမျိုးသားကြီးကလည်း ရောဂါပျောက်ကင်းအောင် ကုသပေးတယ်လို့ ၂၀၀၈ ခုနှစ်မှာ BBC ကို ပြောကြားထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ အမျိုးသားကြီးကတော့ “ကျွန်တော်က သူတို့ကို သွားမတွေ့ပါဘူး၊ သူတို့ လာတာပါ၊ အခုလို ဖြစ်လာဖို့ ဘရားသခင် မိန့်ကြားတာပါ၊ ဒါကြောင့် ကျွန်တော် သူတို့ကို လက်ထပ်တယ်” လို့ ပြောကြားဖူးပါတယ်။
အမျိုးသားကြီးနဲ့ နှစ်ပေါင်း နှစ်ဆယ်ကြာ လက်ထပ်၊ ပေါင်းသင်းလာခဲ့တဲ့ Ganiat Mohammed Bello ဆိုသူကတော့ ၂၀၀၈ ခုနှစ်တုန်းက BBC နဲ့ တွေ့ဆုံရာမှာ “ကျွန်မ အလယ်တန်းကျောင်းတက်တုန်းက သူနဲ့ တွေ့ဆုံဖြစ်ခဲ့ကြတာပါ၊ သူ့ဆီက အကြံဥာဏ်တွေ ရယူပြီး နှီးနှောတိုင်ပင်ဖို့ ကျွန်မ အမေက သူ့ဆီ ခေါ်လာတာပါ၊ နောက်တော့ သူက ကျွန်မကို လက်ထပ်ခွင့်တောင်းပါတယ်၊ အဘိုးကြီးအရွယ်နဲ့ ကျွန်မ လက်မထပ်ချင်ပါဘူး လို့ ပြောတော့ ဒါက ဘုရားသခင်ရဲ့ အမိန့်တော်အတိုင်းပဲလို့ သူက ပြန်ပြောတယ်” ဆိုပြီး လက်ထပ်ဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။

Credit: MOMOLAY

No comments:

Post a Comment