သာကေတမြို့နယ်အ တွင်း မဲဆွယ်စည်းရုံးနေသည့် လွှတ်တော်ကိုယ်စားလှယ် (ယခု ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး) ဦး နိုင်ငံလင်းကို ဓားဖြင့်ခုတ်ခဲ့သည့် အမှု တွင် စွပ်စွဲခံထားရသူသုံးဦးအားစက်တင်ဘာ ၆ ရက်တွင် အပြီးသတ် အမိန့် ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း လူမှုရေးဝန် ကြီး ဦးနိုင်ငံလင်း ဓားခုတ်ခံရသည့် အမှုကို သာကေ တမြို့နယ် တရား သူကြီးက တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေ ၂၂ ဦး၊ ပြန်ခေါ်သက်သေ ငါးဦးနှင့် တရားခံပြသက်သေလေးဦးတို့ကို ကိုးလခန့် စစ်ဆေးကာ သြဂုတ် ၃၁ ရက်တွင် နှစ်ဖက်ရှေ့နေများ အပြီး သတ် လျှောက် လဲချက်တင်ခဲ့ ကြောင်း သာကေတမြို့နယ် တ ရားရုံးမှ သိရသည်။
‘‘ကျွန်တော်က တရားလို၊ တရားခံတွေရဲ့ ထွက်ဆိုချက်တွေ၊ တရားလိုပြ သက်သေ၊ တရားခံပြ သက်သေတွေရဲ့ ထွက်ဆိုချက် တွေကို အခြေခံပြီး ဘယ်ပုဒ်မတွေ နဲ့ ငြိစွန်းပါတယ် ဆိုပြီးတော့ လျှောက်လဲချက်တင်ထားတယ်’’ ဟု ဦးနိုင်ငံလင်း၏ရှေ့နေ ဦးကျော်ဝင်းကဆိုသည်။
ဦးနိုင်ငံလင်းကို ဓားဖြင့်ခုတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဦးဇော်လတ် အား ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာ ကျင်စေမှုပုဒ်မ ၃၂၆၊ ဆဲဆိုမှုပုဒ်မ ၂၉၄၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င)ဖြင့်လည်းကောင်း၊ ထက် ကို နှင့် မျိုးမင်းခိုင်တို့နှစ်ဦးကို တုံး သော လက်နက်ဖြင့် နာကျင်စေမှု ပုဒ်မ ၃၂၃၊ အားပေးအားမြှောက် မှုပုဒ်မ ၁၁၄ တို့ဖြင့် ဇွန်လ ၁၅ ရက်က စွဲချက်တင်အမိန့် ချခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅ အောက်တိုဘာ ၂၉ ရက် ည ၉ နာရီကျော်တွင် သာ ကေတမြို့နယ်၌ ဒီချုပ်မဲဆွယ် စည်းရုံးရေးဆောင်ရွက်စဉ် သာ ကေတမြို့နယ် ၃/မာန်ပြေရပ် ကွက်၊ မာန်ပြေ (၉)လမ်းထိပ်တွင် ဇော်လတ်က ဓားဖြင့်ခုတ်၍ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
မဲဆွယ်စည်းရုံးရေး ဆောင် ရွက်နေသည့် ဒီချုပ်အဖွဲ့ကို ဇော် လတ်(ခ)အောင်ဇော် လတ်၊ ထက် ကို(ခ)ထက်အောင်လှိုင်နှင့် မျိုး မင်းခိုင်တို့ သည် ဓားဖြင့်ခုတ်၊ တုတ်ဖြင့် ရိုက်မှုကြောင့် လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်း (ယခု ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး) ဦးနိုင်ငံလင်း၊ ရပ်ကျေးအလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသ ကြီးလွှတ်တော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ် စားလှယ် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်။
Credit>>>7 Day
No comments:
Post a Comment