သြစတြေးလျနိုင်ငံ နယူး ဆောက်သ်ဝေးလ်စ် ပြည်နယ် ဂျုနီးမြို့ ရှိ မွန်တီခရစ်စတို စံအိမ် သည် နေ့စဉ် ပင် ထူးဆန်းသော အရိပ် များ မြင်ရခြင်း၊ အပူချိန် အပြောင်း အလဲများ ရှင်းမပြနိုင်ဘဲ ဖြစ်နေခြင်း၊ ညပိုင်း တွင် အရာဝတ္ထု များ ပြုတ်ကျခြင်းများကြောင့် သရဲခြောက်သည့် ထူးဆန်းသော အိမ်ကြီး တစ်ခုအဖြစ် နာမည် ကြီးနေသည်။
အဆိုပါ နေအိမ်တွင် ၁၉၆၃ ခုနှစ်မှ စ၍ နေထိုင် လာခဲ့သည့် အိုလစ်ဖ်ရိုင်ယန် တွင် ထို အကြောင်းနှင့် ပတ်သက် ၍ ပြောစရာ အကြောင်းနှင့် ဇာတ်လမ်း များစွာ ရှိနေသည်။ ၄င်းက ““ကျွန်မ ပခုံးပေါ် မှာ လက်တစ်ဖက် လာတင်တာ ကြုံဖူးတယ်။
နာမည် ကို ခေါ်နေတဲ့ အသံကို ကြားဖူးတယ်။ ကိုယ် အိမ်အပြင် ထွက်သွားပြီး တစ်ဦးမှ မကျန်ချိန် မှာ လေသာဆောင် မှာ ခြေသံတွေ ရှိနေတာကို ကြားရဖူးတယ်”” ဟု ဆိုသည်။ အိုလစ်ဖ်နှင့် ၎င်း၏ ခင်ပွန်း တို့သည် ထိုနေရာ တွင် သင်္ကေတ များစွာကို မြင်ခဲ့ရ ဖူးပြီး အလင်းရောင်များ မြင်ရခြင်းများလည်း ခြံထဲတွင် ကြုံဖူးသည်။
သို့သော် ၎င်းတို့သည် သားဖြစ်သူ လောရင့်စ်နှင့် အတူ နေထိုင်လာခဲ့ပြီး မကြောက် ဘဲ နေထိုင် ခဲ့ကြောင်း ဆိုသည်။ “တစ်ချို့ နေ့တွေတော့ နည်းနည်း ထူးဆန်း တာပေါ့လေ။ ဒါပေမဲ့ တချို့ နေ့တွေ မှာတော့ ဒီမှာနေလို့ ကောင်းပါတယ်”” ဟု ၄င်း က သရဲခြောက်ခြင်းများ အကြောင်း စိတ်ဝင်စား ဖွယ် ဖြစ်အောင် လေ့လာ တင်ပြနေသည့် အစီအစဉ်နှင့် တွေ့ ဆုံမှုတွင် ပြောသည်။
““ကျွန်မ တို့ ညီအစ်မတွေ အားလုံး ရဲ့ဝိညာဉ်တွေ ဒီမှာ ရှိနေပါတယ်။ သူတို့ ကတော့ အိမ်နဲ့ မဆိုင် သလို ဖြစ်သွားပြီး တစ်ကယ်လည်း ဒီက ထွက်သွား ရမှာကို ကြောက်ခဲ့ကြတယ်”” ဟု သူမက ဆိုသည်။
အိမ်ရှင်များ ဖြစ်သည့် မစ္စအိုလစ်နှင့် ခင်ပွန်းသည် လောရင့်စ် တို့သည် ထိုအိမ်တွင် လေးနှစ် ခန့် နေထိုင် ခဲ့သည့် ဆိုဖီယာ ဆိုသည့် အမျိုးသမီး ၀ိညာဉ် က ၎င်းတို့ကို ထိုအိမ်တွင် အရင် က အိမ်ဖော် တစ်ဦး ဖြစ်ကြောင်း ပြောသည်ဟုလည်း ဆိုခဲ့သည်။
အဆိုပါ နေအိမ် အကြောင်း ကို အခြေခံ၍ ၂၀၁၂ ခုနှစ် တွင် Muir-house ဟူသော ရုပ်ရှင်ကား တစ်ခုကို ရိုက်ခဲ့ပြီး အချို့ကမူ မွန်တီခရစ် စတို စံအိမ်မှာ သရဲ မခြောက်ဘဲ ဟန်ဆောင် ပြောဆိုနေခြင်း သာ ဖြစ်ကြောင်း ဝေဖန်သည်လည်း ရှိသည်။
သို့သော် လောရင့်စ် က “မယုံဘူး ဆိုရင် ဒီအိမ် ကို လာလည်လိုက်ပါ။ အချိန် တစ်ပိုင်းလောက် နေကြည့် လိုက်ပါ” ဟု ဆိုထားသည်။
Youtube_Video_Link
Thursday, March 02, 2017
သြစတြေးလျမှ သရဲခြောက်တဲ့စံအိမ်ကြီး
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment