ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, March 02, 2017

အဝတ်ဗလာနဲ့သန့်ရှင်းရေးလုပ်ပေးရင် တစ်နာရီ 45 ပေါင်ပေးမယ်ဆိုတဲ့Company

ကုမ္မဏီတစ်ခုဟာ အမျိုးသမီး အိမ်သန့်ရှင်းရေး လုပ်သားများ ခေါ်ယူနေပြီး၊ လုပ်အားခအဖြစ် တစ်နာရီလျှင် 45 ပေါင် ပေးချေမှာလို့ သိရပါတယ်။ ဒီငွေပမာဏဟာ မက်လောက်စရာ ငွေပမာဏဖြစ်ပြီး၊ လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ ၎င်းကုမ္မဏီဟာ အလုပ်ခေါ်ကတည်းက “သဘာဝအတိုင်း သန့်ရှင်းပေးမယ့်သူများအလိုရှိသည်”ဆိုပြီး ခေါ်ခဲ့ပါတယ်။

အလုပ်ကို လက်ခံလိုက်ရုံနဲ့ မပြီးသေးဘဲ အိမ်ကို သန့်ရှင်းရေးလုပ်နေတဲ့ တစ်လျှောက်လုံး အ၀တ်အစား ကိုယ်လုံးတီးချွတ်ပြီး အလုပ်တာဝန်တွေ ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Manchester Facebook နဲ့ Manchester Evening Post မှာ ဖော်ပြခဲ့ပါတယ်။

ဖော်ပြထားချက်မှာ ” ကျွန်တော်တို့ သဘာဝအလှနဲ့ သန့်ရှင်းရေးလုပ်ပေးမယ့် အမျိုးသမီးဝန်ထမ်းတွေ လိုပါတယ်၊ ၎င်းတို့ဟာ ကိုယ်ပိုင်အိမ်တွေကို သန့်ရှင်းပေးရမှာ၊ အလုပ်ကတော့ ပုံမှန်ပါဘဲ၊ ဖုံတွေ၊ ကြက်ခိုးတွေ၊ အမှိုက်တွေ သန့်ရှင်းရေးလုပ်ပေးရုံနဲ့၊ အိပ်ယာပြင်ခြင်း၊ ပန်းပင် ရေလောင်းခြင်း၊ အ၀တ်လျှော်ခြင်း၊ မီးပူတိုက်ခြင်းစတာတွေ ပါဝင်ပါတယ် “လို့ ဖော်ပြထားပါတယ်။

ဒီအလုပ်ကြော်ငြာဟာ Nudist Community အတွက် ရည်ရွယ်ပြီး၊ Nudist Cleaner အသုံးပြုမှုကို လန်ဒန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စတင်ခဲ့ပါတယ်။ အခုအခါမှာတော့ အင်္ဂလန်မြို့ကြီးတစ်ခုဖြစ်တဲ့ မန်ချက်စတာကိုပါ အဆိုပါ အလုပ်အကိုင်အတွက် ခေါ်ယူမှုတွေ ရှိလာခဲ့တာပါ။ ဒါ့အပြင် ရုပ်ရေချောမောဖို့ကိုလည်း သတ်မှတ်ချက်အဖြစ် မထားကြောင်းနဲ့၊ အလုပ်လုပ်တာနဲ့ Sexy ကျခြင်းမကျခြင်းဟာ သီခြားဆီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အလုပ်ကို အသက်ပြည့်ပြီးသူ အရွယ်မရွေး အရွယ်မရွေး လျှောက်ထားနိုင်ပြီး စည်းကမ်းချက်တွေလည်း ရှိပါတယ်။ ဓာတ်ပုံ ဗွီဒီယို ရိုက်ခြင်းကူးခြင်း မပြုရ၊ သန့်ရှင်းရေးဝန်ထမ်းများကို တွေ့ထိကိုင်တွယ်ခြင်း မပြုရစတဲ့ အလုပ်ရှင်နဲ့ အလုပ်သမား လိုက်နာရန် စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။
ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တဲ့ Laura Smith က ” ဒီလုပ်ငန်းကို လန်ဒန်မှာ စတင်တာ နှစ်နှစ်ရှိပါပြီ … ကျွန်တော်တို့က သန့်ရှင်းရေးကုမ္မဏီပါ … လိင်ပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်း မဟုတ်ပါဘူး … အ၀တ်မဲ့သန့်ရှင်းရေးသမားတွေကိုလည်း အ၀တ်မဲ့ဝါဒီသမားများအတွက် ရည်ရွယ်တာပါ … ကုမ္မဏီအပေါ်မှာ လူတိုင်းနီးပါး ဘယ်လိုမြင်မယ်ဆိုတာ ကျွန်တော် နားလည်ပြီးသားပါ … ဒါပေမယ့် အားလုံးထင်တဲ့အတိုင်းမဟုတ်ပဲ စီးပွားရေးသက်သက် ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)
source : mirror.co.uk
#cd_TodayNews


No comments:

Post a Comment