What is Life?
ဘဝ၊ ရှင်သန်မှုပေါ့ အဲ့ဒါက ဘာလဲ။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဆရာသခင်အိုရှိုးက နောက်ဆုံးအသေခင်ပြောခဲ့သည့် မိန့်ခွန်းတစ်ခုပါပဲ့။ ဒီမိန့်ခွန်းကို လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကတော့ Youtube မှာ အသံဖိုင်ဖြင့် ထုတ်လွှင့်ခဲ့ပေမယ့် အိုရှိုးအဖွဲ့အစည်းတွေက Copyright ဖြင့် ပြန်လည်ပြင်ဆင်ခြင်းကြောင့် Youtube မှ ပြန်လည်ဖြတ်သိမ်းခဲ့ပေသည်။ ဒီအကြောင်းအရာစုသည် စာအုပ်အဖြစ်မထုတ်ဝေဘူးသော အိုရှိုးရဲ့အသံ အမှာစာတစ်ခု ဖြစ်လေသည်။ ကျွန်ုပ်သည် တတ်နိုင်သလောက်သော ပုံစံဖြင့် ပြန်လည်တင်ဆက်ထားသည်။ အမှားများရှိပါကလည်း ခွင့်လွှတ်ပေးကြပါလို့ဗျာ။
What is Life?
ဘဝ၊ ရှင်သန်မှုပေါ့ အဲ့ဒါက ဘာလဲ။
ဒါက မေးရမဲ့မေးခွန်းတစ်ခု မဟုတ်ဘူး။
" နှင်းဆီဆိုတဲ့ ပန်းပွင့်သည် နှင်းဆီသာဖြစ်တယ်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်တယ်။ "
အဲ့ဆို နှင်းဆီဆိုတာက ဘာလဲ့ ။ နှင်းဆီက ဘာလဲ့။
ခင်ဗျားတို့ အခု အသက်ရှင်နေတယ်။ ဒါတောင် မေးခွန်းထပ်မေးတယ်။ ရှင်သန်မှု ဆိုတာ ဘာလဲ။
ကျွန်တော်တို့အသက် ရှင်နေသလား၊ သေပြီလား။
တကယ်လို့သာ ကျွန်တော်က သချိုင်းတစ်ခုရဲ့ အုတ်ဂူထဲမှာဆိုပါတော့ဗျာ အခြားသူတွေလည်း ကျွန်တော့်လိုမျိုးပဲ့ သချိုင်းကနေ ထွက်လာပြီး မေးမယ်ဗျာ။
“ရှင်သန်မှု ဆိုတာ ဘာလဲ”
ဒါဆို အဲ့မေးခွန်း က သူတို့အတွက် ပိုသင့်လျော်ပါလိမ့်မယ်။ အခု ခင်ဗျား သချိုင်း အပြင်မှာ ရှိနေတယ်။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါပေမယ့် ခင်ဗျား တစ်ခါမှ ခင်ဗျား သိစိတ် အတွင်းပိုင်းထဲ ဝင်မကြည့်မိဘူး ထင်တယ်။ အဲ့ဒီ ဝင်ကြည့်ပြီး သိမြင်မှု သက်သက်ကနေ သာ ရှင်သန်နေမှု ဖြစ်ပေါ်ပါတယ်။
ခင်ဗျား အထဲကို ဝင်သွားရုံလေးပါ။ ပြင်ပသဏ္ဍာန်တွေ အားလုံးက သူ့ဘာသာသူ အရှင်းသား ရှိနေပါတယ်။ တခဏတာလေး ဖြစ်ဖြစ် ခဏလေးပဲ့ဖြစ်ဖြစ် ဝင်ကြည့်ပါ။ ခင်ဗျား တစ်ကိုယ်တည်း ၊ တစ်ယောက်တည်း တည်ရှိနေတယ်။ အခု အခုခဏလေး အတွင်းထဲမှာပဲ့ အခု ရှိနေတဲ့ တိတ်ဆိတ်ငြိမ်သက်နေမှု သက်သက် ဖြစ်ပါတယ်။ အဲ့အခါ ဘဝဆိုတာ ဘာလဲ ခင်ဗျား သိပါလိမ့်မယ်။
ဘဝဆိုတာ ဘယ်လိုကြီးပါ ညာကြီးပါ ဆိုပြီး ခင်ဗျား အခြားတစ်ယောက်ယောက် ကို ဘယ်လိုမှ အတိအကျ ရှင်းပြ မပေးနိုင်ဘူး။ အကြောင်းက ဘဝရှင်သန်မှုဟာ နက်နဲနေလို့ပဲ့။ ထိတွေ့မှ သိရှိမယ့်အရာမို့လို့ပဲ့လေ။ စကားလုံးတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်လို့ပဲ့။
" နှင်းဆီဆိုတဲ့ ပန်းပွင့်သည် နှင်းဆီသာဖြစ်တယ်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်တယ်။ " လို့ပဲ့ ကျွန်တော်ပြောနိုင်တယ်။ ကျွန်တော် ပြောနိုင်တာဟာလည်း ဒါ့ကြောင့်ပဲ ဖြစ်တယ်။ ဒါ ဘာကိုမှ ရှင်းပြနေတာ မဟုတ်ဘူးနော်။ ဒီနေရာမှာ ဘာမှ ရှင်းပြစရာလည်း မရှိဘူး။ ဒါပေမယ့် ခင်ဗျား တွေ့ အတွင်းထိ သိရှိသွားနိုင်တယ်။ အဲ့ဒါပဲ ရှိတယ်။
တကယ်တော့ နှင်းဆီ ဆိုတာဟာလည်း ခင်ဗျားရဲ့ ပြင်ပ အရာတစ်ခုပါ။ ဘဝ၊ ရှင်သန်မှု စင်စစ်ကတော့ ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
နှစ်ပေါင်း ထောင်ချီပြီး ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ စိတ်သန္တာန်မှာ ( to live ) ရှင်သန်နေထိုင်ဖို့ မရှိခဲ့ဘူး ။ ( to survive ) ရှင်သန်ကျန်ရစ်ဖို့သာ အာရုံစိုက်နေကြတယ်။
ဘာသာတရားတွေ ကလည်း လက်ရှိဘဝ ၊ အရာရာတိုင်းဟာ မုန်းတီးစရာကြီး တစ်ခုလို စွန့်ပစ်စရာကြီး တစ်ခုလို့ သင်ကြားပေးထားကြတယ်။ ဒါတွေကြောင့် ခင်ဗျားရဲ့ အခု ရှင်သန်နေမှု၊ ဘဝကို ခင်ဗျား မခံစားမိ၊ မသိရှိမိတော့တာလည်း ဖြစ်နိုင်ပါတယ် ။ အဲ့လို ဘဝကို ငြင်းပယ်မဲ့ ဘာသာတရား ဘယ်ဟာကို မဆို ကျွန်တော်က ဖယ်ချပစ် မှာပဲ။ ကျွန်တော့်ရဲ့ ရောင်းရင်းတွေ ကိုလည်း ဒီအကြောင်းတွေကြောင့် ဘာသာတရား တစ်ခုအဖြစ် အမည်မတပ်တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ဘဝကို ဖယ်ရှားတဲ့ ဘယ်တံဆိပ်၊ ဘယ် Trade-mark နဲ့မှ ကျွန်တော် အကျုံးမဝင်ဘူး။
အပြည့်အဝ ဘဝရှင်သန်မှုကိုသာ အမြတ်တနိုး ရှိတယ်။ ကျွန်တော် ရှုမြင် ချဉ်းကပ်ထားတာက ဘဝ သက်သက် အပေါ်မှာသာ ဖြစ်ပါတယ်။ ကခုန် သီဆိုတာ ပဲ ဖြစ်ဖြစ်၊ ခင်ဗျား သန္တာန်မှာ မေတ္တာစိတ် ထုံမွှမ်းထားတာပဲ ဖြစ်ဖြစ်၊ ခင်ဗျား ဘာဝနာမှု ပြုတာပဲ ဖြစ်ဖြစ်၊ ဘဝ ဆီကိုသာ ရည်ညွှန်းမှု ပြုတယ်။ ဘဝကိုသာ ချဉ်းကပ် ခံစားမှု ရှိတယ်။ ခင်ဗျား ဘာလုပ်လုပ်၊ ဘယ်စိတ်တွေ နှစ်ပြီး ခွန်အားအပြည့်နဲ့ ဘယ်လိုပဲ စိုက်ထုတ်ထုတ်၊ ခင်ဗျား ဘဝရဲ့ ဆက်နွယ်ချက် အလုပ်တွေ လုပ်နေခြင်းသာ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ခင်ဗျား ဘဝကို ခံစားနိုင်တယ်။ သိရှိနိုင်တယ်။ ဒါပေမယ့် ဘဝဟာ ဘာလဲလို့ ဖွင့်ဆို ရှင်းမပြနိုင်ဘူး။ လိုလည်း မလိုအပ်ဘူးကွယ်။ ခင်ဗျားကို ဒီလို မေးခွန်းမျိုး လာမေးကြမယ့် ဘယ်သူ့ကိုမဆို လမ်းပြပေးရုံလေးသာ ခင်ဗျား အလွန်ဆုံး လုပ်နိုင်တယ် ။ ဘဝဆိုတာ ဘာလဲ ရှင်းလင်း မပြောနိုင်ဘူး။ ဘဝကို အပြည့်အဝ ဘယ်လို ချဉ်းကပ်မလဲ ခင်ဗျား ပြပေးလို့တော့ ရနိုင်တယ်။ ခင်ဗျား ဘယ်လို ဘဝကို ရှင်သန်ထိတွေ့ ထားသလဲ ရှင်းပြနိုင်တယ်။
တကယ်စင်စစ် ဘဝ ရှင်သန်မှုဟာ တခဏတာလေး ပေါ်က အရသာလေးပါ။ အင်မတန် ချိုမြိန်ပါတယ်။
Youtube Link ပါ ယခုတော့ Copyright တပ်ထားပါတယ်။
http://www.youtube.com/watch?v=5wEN7-sKjy0
Credit #လင်းညို့တာရာ
No comments:
Post a Comment