ဇာတ်မတူတဲ့ တိရစ္ဆာန်တွေ သူတို့သဘာဝအလျောက် မိတ်လိုက်တဲ့ပုံစံကို သိပ္ပံပညာရှင်တွေ ဘယ်တုန်းကမှ မှတ်တမ်း တင်မထားနိုင်ခဲ့ပေမဲ့ အခုမြင်တွေ့ရမယ့် ဇာတ်မတူတဲ့တိရစ္ဆာန်နှစ်မျိုး မိတ်လိုက်ဖို့ကြိုးပမ်းတာကိုတော့ ပထမဆုံးအကြိမ် အနေနဲ့ မှတ်တမ်းတင်လိုက်နိုင်ပြီလို့ သိရပါတယ်။ အခုဖြစ်စဉ်ကတော့ ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဓိကဇာတ်ကောင်တွေအဖြစ် မျောက်ကလေးနဲ့ သမင်လေးတို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
သမင်လေးတွေရဲ့ ကျောပေါ်မှာ ဒီအတိုင်း တက်စီးတယ်လို့သာ လူသိများတဲ့ မျောက်တွေရဲ့လုပ်ရပ်ဟာ ရိုးသားတဲ့လုပ်ရပ်လို့ ထင်ရပေမဲ့ တကယ့်တကယ်တမ်းမှာတော့ ထင်ထားသလို မဟုတ်ဘဲ ဇာတ်မတူမျိုးကို မိတ်လိုက်နိုင်ဖို့ ကြိုးပမ်းတာပဲ ဖြစ်တယ်လို့ သုသေတီတွေက အခိုင်အမာ ကောက်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ပြင် သမင်ကျောကုန်းပေါ် မျောက်တွေ တက်စီးတယ်လို့သာ ထင်ရပေမဲ့ မိတ်ဖက်ဖို့ အစပြုလာခဲ့ရင် တချို့သမင်တွေက လက်ခံတဲ့ပုံစံ ပြသကြပြီး တချို့သမင်တွေကတော့ လက်မခံဘူးလို့လည်း သုတေသီတွေက မှတ်တမ်းတင် ရေးသားကြပါတယ်။
Ref: Independent
Monday, March 06, 2017
ဇာတ်မတူတဲ့သမင်လေးကို မတော်ရာပြုလုပ်ဖို့ ကြိုးစားနေတဲ့မျောက်လောင်း
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment