ပေါ့လ်ဘုရင်မကြီး အဆိုတော်မက်ဒေါနားက လိင်တူချစ်သူများရဲ့ အခွင့်အရေးကို ထောက်ခံတဲ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတင်ဆက်သွားမယ်လို့ ပြောဆိုကြေညာလိုက်ပါတယ်။
မက်ဒေါနားဟာ စာရေးဆရာ Andrew Sean Greer ရဲ့ The Impossible Lives Greta Wells ဝတ္တုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းသွားတော့မှာဖြစ်ပါတယ်။ ဒီဝတ္တုဟာ အဓိကဇာတ်ကောင် Greta Wells ရဲ့ မတူညီတဲ့ဘဝပုံစံသုံးခုမှာ နေထိုင်ရှင်သန်ပုံအကြောင်းကို ရေးသားဖော်စပ်ထားတာ ဖြစ်ပါတယ်။ မက်ဒေါနားဟာ ဖိနှိပ်ခြင်းခံရတဲ့ လူ့အသိုင်းအဝိုင်းဘက်ကနေ အမြဲရပ်တည်ပေးလေ့ရှိသူအဖြစ် ထင်ရှားပြီး အမျိုးသမီးများအရေး ၊ လိင်တူချစ်သူများအရေးနဲ့ သာမာန်လူတန်းစားများအရေးတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲလေ့ရှိတဲ့ စံပြအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးရခြင်းနဲ့ပတ်သတ်ပြီး မက်ဒေါနားက သူမ မအောင်မြင်ခင်ဘဝမှာ ဖိနှိပ်ခံခဲ့ရဖူးလို့ ကိုယ်ချင်းစာနာစိတ်ထားပြီး ကူညီပေးရတာဖြစ်ကြောင်း ပြောဆိုရှင်းလင်းခဲ့ပါတယ်။ အခု မက်ဒေါနားရိုက်ကူးတင်ဆက်မယ့် ဇာတ်ကားသစ်ဟာ သူမနောက်ဆုံးရိုက်ကူးခဲ့တဲ့ W.E ဇာတ်ကားလို အောင်မြင်မှုတွေရရှိဦးမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်ခင်ဗျာ။
Ref : GayStarNews
Monday, March 06, 2017
လိင်တူချစ်သူများကို ထောက်ခံတဲ့မက်ဒေါနား
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment