ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 26, 2017


ငမိုက်သား အဖြစ် မမြင်ကြဘဲ တန်းတူ ဆက်ဆံစေချင်တဲ့ တက်တူးအပြည့်နဲ့ လူသား

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့သား Matthew Whelan ဟာ ခန္ဓာကိုယ်အနှံ့ တက်တူးအပြည့် ရေးထိုးထားပြီး အဲဒီအတွက်လည်း ငမိုက်သား တစ်ယောက် အဖြစ် မမြင်ကြဘဲ တခြားသူတွေကို ဆက်ဆံသလိုပဲ တန်းတူ ဆက်ဆံစေချင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူဟာ အခုလိုဖွင့်ဟရတာနဲ့ ပတ်သက်လို့ ရာဇ၀တ်သားကောင် အနေနဲ့ ထင်မြင်တဲ့အကြည့်တွေကို ခံစားခဲ့ရဖူးတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူကတော့ ခန္ဓာကိုယ်အနှံ့ တက်တူးအပြည့်ထိုးတာဟာ အာရုံစိုက်ခံချင်လို့ ထိုးတာ မဟုတ်ဘဲ တစ်ခါတလေမှာတော့လည်း ထူးခြားတဲ့ တုန့်ပြန်မှုတချို့ ပြန်ရတာမျိုးတွေ ရှိခဲ့ဖူးသူ ဖြစ်တယ်လို့ ၀န်ခံပါတယ်။


၁၉၇၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မွေး ဖြစ်လို့ အသက် ၃၈ နှစ်ထဲကို ၀င်ရောက်လာပြီ ဖြစ်တဲ့ Matthew Whelan ဟာ သူ့ရဲ့တက်တူးတွေကြောင့်ပဲ King Of Ink Land King Body Art The Extreme Ink – Ite အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော် တက်တူးတွေ ဖုံးလွှမ်းနေပြီး ဗြိတိန်ရဲ့ တက်တူးအများဆုံးလူသား ဖြစ်တဲ့ Matthew Whelan ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ချိန်တည်းမှာ တက်တူးဆရာ ၃၆ ယောက်က တစ်ပြိုင်တည်း ရေးထိုးကြတဲ့ ကမ္ဘာ့စံချိန်ကိုလည်း တင်ထားနိုင်သူပါ။ ကမ္ဘာ့စံချိန်နဲ့ ပတ်သက်လို့တော့ “သိပ်တော့ မလွယ်ကူဘူး၊ အနာခံရတာပေါ့” လို့ မှတ်ချက်ပေးပါတယ်။


လက်ရှိမှာ ဘာမင်ဂမ်မြို့က Stechford အရပ်မှာ နေထိုင်ပြီး လူလွတ်တစ်ယောက် ဖြစ်တဲ့ Matthew Whelan ဟာ ဘာမင်ဂမ် စီးတီး ဘောလုံးအသင်းရဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ အလုပ် ခန့်အပ်ခံရတာမျိုးလည်း မရှိတဲ့ Matthew Whelan ဟာ ၂၀၁၄ ခုနှစ်က ပတ်စ်ပို့ လျှောက်ခဲ့သေးပေမဲ့ သူ့ရဲ့နာမည်ဟာ နိုင်ငံရေးနဲ့ ငြိစွန်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။ ခန္ဓာကိုယ်နေရာအနှံ့ အပြင် မျက်လုံးထဲက အဖြူနေရာတွေကိုလည်း အနက်ရောင်တွေ ဆေးထိုးပြီး တက်တူးဆရာတွေ ချောချောမောမော တက်တူးထိုးနိုင်ဖို့အတွက် နို့သီးတွေကိုလည်း ဖြတ်တော်ထားတဲ့ Matthe Whelan ဟာ သူ့ရဲ့ တက်တူးတွေအတွက် ပေါင်စတာလင် လေးသောင်း အကုန်အကျခံ သုံးစွဲထားသူ ဖြစ်ပါတယ်။

Ref: Daily Mail

No comments:

Post a Comment