လူတိုင်းမှာ လက်သည်းကိုက်တာ၊ နှာခေါင်းနှိုက်တာ ဒါမှမဟုတ် နွားနို့ကို ခွက်ထဲမထည့်ဘဲ တစ်ခါတည်းမော့သောက်တာလိုမျိုး အကျင့်ဆိုးတွေရှိကြပါတယ်။ ဒီလိုအကျင့်ဆိုးတွေဟာ လူတွေကိုဒုက္ခမပေးသလို ကိုယ့်ရဲ့ ကလေးငယ်တွေအတွက်လည်း စိုးရိမ်စရာကောင်းတဲ့ အပြုအမူတွေမဟုတ်ပါဘူး။
ဒါပေမဲ့ အွန်လိုင်းအသုံးပြုတဲ့အခါမှာတော့ အန္တရာယ်ရှိတဲ့ အပြုအမူတွေနဲ့ လက်မခံနိုင်လောက်တဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နေတယ်ဆိုရင် အခုအချိန်ကစပြီး ရပ်ဆိုင်းသင့်ပါပြီ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ လုံးဝမပြုလုပ်သင့်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပို့စ်များနှင့် ဗီဒီယိုများကို ယုံလွယ်ခြင်း
အယုံလွယ်စေမယ့် သတင်းအမှားတစ်ခုကို ဖန်တီးဖို့ဆိုတာ မခက်ခဲပါဘူး။ သင့်လျော်မှန်ကန်တဲ့ စကားအသုံးအနှုန်းနဲ့ဆိုရင် ဘရက်ပစ် သတ်သေတဲ့သတင်းနဲ့ iPhone 7 ကို အပေါက်ဖောက်ပြီး နားကြပ်ပေါက်အနေနဲ့ သုံးနိုင်တဲ့သတင်းတို့ကို ဖန်တီးပြီး လူသန်းပေါင်းများစွာကို သိမ်းသွင်းစည်းရုံးနိုင်ပါတယ်။
သတင်းအမှားတွေကို မှားတယ်လို့ ပြောရခက်ပေမယ့် တုန်လှုပ်ချောက်ချားစရာ သတင်းတစ်ခုခုကို ကြားတဲ့အခါ အင်တာနက်ပေါ်မှာ အလျင်အမြန်ရှာဖွေပြီးမှ ယုံကြည်သင့်ပါတယ်။
(၂) two-factor authentication ကို လစ်လျူရှုထားခြင်း
Two-factor authentication ဆိုတာကတော့ account ကို login ပြုလုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို မှန်ကန်ကြောင်း သက်သေပြနိုင်မယ့် နည်းလမ်းနှစ်ခု ဖြစ်ပါတယ်။
Amazon, Google, Facebook, Microsoft နဲ့ Apple တို့လို နာမည်ကျော် ဝန်ဆောင်မှုတွေနဲ့ ကုမ္ပဏီတွေက two-factor authentication ကို ထောက်ပံ့ပေးထားပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် ကိုယ့်ရဲ့ password ကို သိရှိသွားသည့်တိုင် account ကို သုံးလို့ရမှာမဟုတ်ပါဘူး။ အချို့သောဆိုက်တွေမှာတော့ password ကို reset လုပ်တဲ့အခါ ခွင့်ပြုချက်ရယူရန်အတွက် access code များပေးပို့ရန် သုံးစွဲသူရဲ့ ဖုန်းနံပါတ်ကို တောင်းဆိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ account ကို မသိကျွမ်းတဲ့ browser နဲ့ device တွေကနေ သုံးတဲ့အခါမှာလည်း သတိပေးမှုတွေ ပြုလုပ်ပေးပါတယ်။
(၃) ဝက်ဘ်ဆိုက်များတွင် တူညီသော password များ အသုံးပြုခြင်း
သုံးစွဲသူ အတော်များများဟာ လွယ်ကူတဲ့ password တွေကို အသုံးပြုကြပါတယ်။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်အမည်၊ ကိုယ်အနှစ်သက်ဆုံး အားကစားအသင်းအမည်၊ ကိုယ်မွေးဖွားရာဇာတိ အမည် စတာတွေကို password အနေနဲ့ အသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာ JaYW1x%BuUnZ# လိုမျိုး password တွေကို အသုံးပြုသင့်ပါတယ်။ မှတ်ရခက်တယ်ဆိုရင် ilovefreshsashimitunawithalittlesoyandwasabi လိုမျိုး မှတ်ရလွယ်တဲ့ password ကို သတ်မှတ်ထားသင့်ပါတယ်။ ဒီနေ့ခေတ်မှာ လုံခြုံရေးက အရေးပါတာကြောင့် ဆိုက်တွေမှာ တူညီတဲ့ password တစ်ခုကို အသုံးပြုတာထက် ဆိုက်တစ်ခုစီအတွက် မှတ်မိရလွယ်ပြီး လုံခြုံမှုရှိတဲ့ password တွေကို သတ်မှတ်အသုံးပြုသင့်ပါတယ်။
(၄) ကိုယ့်ကလေးရဲ့ အချက်အလက်များကို အလွန်အကျွံဝေမျှခြင်း
ကလေးငယ်တွေရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံတွေကို ဝေမျှတာ ပြဿနာမရှိပေမယ့် တစ်ကိုယ်ရေအချက်အလက် အများအပြားကို ဖော်ပြတာကတော့ အရမ်းကို အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ့်ကလေး ဘယ်မှာရှိနေကြောင်း ဝေမျှမိခဲ့ရင် သူစိမ်းတစ်ယောက်က ကိုယ့်ကလေးအနား ချဉ်းကပ်ပြီး ကလေးကို ဖြားယောင်းခေါ်ဆောင်သွားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကိုယ့်ကလေးရဲ့ နာမည်၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှာဖွေဖို့ဆိုတာ ခက်ခဲတဲ့အလုပ်မဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဝေမျှမိတယ်ဆိုရင် ချက်ချင်းရပ်ဆိုင်းလိုက်ပါ။
(၅) Public Wi-Fi များကို အသုံးပြုခြင်း
သုံးစွဲသူတွေဟာ ကော်ဖီဆိုင်၊ အသင့်စား စားသောက်ဆိုင်တွေနဲ့ လေဆိပ်တွေမှာရှိတဲ့ public Wi-Fi ကွန်ရက်တွေကနေ လူမှုရေးမီဒီယာဆိုက်များနဲ့ အီးမေးလ်များ စစ်ဆေးခြင်း၊ အင်တာနက်ကြည့်ရှုခြင်း၊ ဈေးဝယ်ခြင်း၊ သူငယ်ချင်းများနဲ့ ဆက်သွယ်ခြင်း စတာတွေကို ပြုလုပ်ကြပါတယ်။
ဒါပေမဲ့ တူညီတဲ့ကွန်ရက်ပေါ်မှာရှိတဲ့ ဟက်ကာတစ်ဦးဟာ ဒါကိုအခွင့်ကောင်းယူပြီး သုံးစွဲသူရိုက်ထားသမျှ မှတ်တမ်းယူနိုင်သလို ကိုယ်ရေးအချက်အလက်တွေကိုလည်း ခိုးယူနိုင်ပါတယ်။ ဒါ့အပြင် update များအသွင် ဟန်ဆောင်ထားတဲ့ malware တွေကို တိုက်ခိုက်ခံရသူရဲ့ ကွန်ပျူတာထံ ပေးပို့ပါတယ်။ Malware ကို ထည့်သွင်းမိတဲ့အခါမှာ တိုက်ခိုက်ခံရသူက လုံးဝမသိရှိဘဲ ဟက်ကာက ကွန်ပျူတာကို အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။
ဒါကြောင့် public Wi-Fi ကို သုံးတော့မယ်ဆိုရင် ချိတ်ဆက်မှုကို လုံခြုံမှုရှိစေပြီး encrypt လုပ်ပေးမယ့် virtual private network (VPN) တစ်ခုကို အသုံးပြုသင့်ပါတယ်။
Credit – Internet Journal
Friday, March 03, 2017
Online ပေါ်တွင်လုံးဝမပြုလုပ်သင့်သော အချက်(၅)ချက်
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment