၁။သူမ အိပ်ယာမနိုးခင် ဘေးနားမှာ သင်သူမကို ဘယ်လောက်ချစ်ကြောင်း ရေးသားထားတဲ့ ပို့စကတ် ဒါမှမဟုတ် စာတစ်စောင် တင်ထားလိုက်ပါ။ အိပ်ယာနိုးနိုးချင်း ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း စာလေးတစ်စောင် ဖတ်လိုက်ရတဲ့ သင့်ချစ်သူနေရာမှာ စဉ်းစားကြည့်ပါ။ ခုခေတ်မှာ ချစ်သူဖြစ်ပြီးမှ ချစ်တယ်၊ ကြိုက်တယ်ဆိုတဲ့အကြောင်း စာရေးပြီးပေးတဲ့ ယောင်္ကျားမျိုး ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲနော်။ သူမ အတွက် ကြည်နူးမှုတွေ ယူဆောင်ပေးနိုင်မှာ အသေအချာပါပဲ။
၂။သင်တို့နှစ်ဦးတွဲပြီး ရိုက်ထားတဲ့ပုံကို edit လုပ်ပြီး သူမဆီ ပို့ပေးလိုက်ပါ။ နှစ်ဦးသား တွဲရိုက်ထားတဲ့ ပုံတွေထဲကမှ သင်အကြိုက်ဆုံးပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက်စာသားလေးတွေ ထည့် edit လုပ်ပြီး သင့်ချစ်သူကောင်မလေးဆီ ပို့ပေးလို်က်ပါ။ Viber ကပဲဖြစ်ဖြစ်၊ မေးလ်ကဖြစ်ဖြစ် ဒါမှမဟုတ် ဓာတ်ပုံသားထုတ်ပြီး စာတိုက်က ဖြစ်ဖြစ် သူမပျော်ရွှင်စေဖို့ ကြိုးစားကြည့်လိုက်ပါ။
၃။သူမ ထင်မှတ်မထားတဲ့ လက်ဆောင်တစ်ခုခု ပို့ပေးပါ။ အရင်ပေးနေကျ မဟုတ်တဲ့ လက်ဆောင်တစ်ခုခုကို ရွေးချယ်ပြီး သူမဆီ ပို့ပေးလိုက်ပါ။ ပန်းအိုးနဲ့ ထည့်စိုက်ရတဲ့ အပင်ပုလေးတွေ၊ ဒါမှမဟုတ် တစ်ခြားအမှတ်တရဖြစ်စေမယ့် လက်ဆောင်မျိုးပေါ့။
၎။သူမနဲ့အတူ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ အရာတွေ လုပ်ကြည့်ပါ။ ကမ်းနားမှာ နှစ်ယောက်ပြိုင်တူ အော်တာမျိုး၊ မိုးရေထဲ လမ်းလျှောက်တာမျိုး၊ အူကြောင်ကြောင်နိုင်ပေမယ့် နှစ်ဦးသား စိတ်လက်ပေါ့ပါးသွားစေမယ့် အရာမျိုးတွေ စဉ်းစားပြီး သူမနဲ့အတူ ဖန်တီးကြည့်ပါ။ သူမအတွက် အမှတ်တရဖြစ်သွားစေမှာ သေချာပါတယ်။
၅။သူမ တစ်နေရာရာ မသွားခင် အမှတ်မထင် သွားစောင့်နေတာမျိုး လုပ်ပါ။ လာမယ်ဆိုပြီး ကြိုပြောမထားတာမို့ သူမ သင့်ကို တွေ့တဲ့အခါ အံ့သြပြီး ပျော်ရွှင်သွားပါလိမ့်မယ်။ ရုံးသွားမယ်ဆို ရုံးအထိ လိုက်ပို့တာမျိုး၊ တစ်ခြား တစ်နေရာရာဆိုရင်လည်း သူမသွားမယ့်နေရာကို လိုက်ပို့ပေးတာမျိုး ဖြစ်ဖြစ်ပေါ့။
၆။ဒိတ်လုပ်မယ့် ကိစ္စအတွက် အားလုံး စီစဉ်ပြီးမှ သူမကို အသိပေးလိုက်ပါ။ သူမအားတဲ့နေ့က ဘယ်နေ့လဲဆိုတာ သင်အသိဆုံး ဖြစ်မှာပါ။ ဒီတော့ အဲ့ဒီနေ့လေးမှာ တွေ့ဖို့သင့်ဘက်က ကြိုတင်စီစဉ်ထားနိုင်သလို အ့ဒီနေ့မှာ ဘာတွေလုပ်မယ်၊ ဘာသွားမယ်စတာတွေအတွက် အားလုံးကြိုတင်စီစဉ်ပြီးမှ သူ့ကို အသိပေးလိုက်ပါ။
၇။နှစ်ယောက်စလုံး သဘောကျတဲ့ သီချင်းမျိုး ပို့ပေးပါ။ နှစ်ယောက်စလုံး ကြိုက်တဲ့အပြင် နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တဲ့ သီချင်းမျိုးရှိတယ်ဆိုရင် သင့်ကောင်မလေးဆီကို မေးလ်ကတစ်ဆင့် ပို့ပေးလိုက်ပါ။ ဒါဟာ သူမကို ပြုံးပျော်သွားစေမှာ သေချာပါတယ်။
၈။ပန်းလက်ဆောင်ပေးပါ။ မိန်းကလေးတိုင်းဟာ ပန်းမပန်တတ်ကြပေမယ့် ပန်းတော့ ကြိုက်ကြပါတယ်။ ကိုယ့်ချစ်သူက အမြတ်တနိုးပေးတဲ့ ပန်းကို မလိုချင်ဘူးဆိုတဲ့ ချစ်သူမျိုးရှားပါတယ်။
Ref:cosmopolitan
No comments:
Post a Comment