သူတို့ဟာ မိန်းကလေးအဖြစ်မွေးလာကြပေမယ့် လိင်ဖြစ်တည်မှု ကင်းမဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ သူတို့အားလုံး အသက် ၂၀ နဲ့ အောက် ရှိသူတွေဖြစ်ပြီး တရုတ်နိုင်ငံမှာ အကြီးအကျယ်အောင်မြင်မှုရလာတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။"
သူတို့နေမင်းကြီး အတောက်ပဆုံးအချိန်ဖြစ်ပြီး ဒါဟာ သူတို့ရဲ့ ပင်ကိုယ်ပါရမီတစ်ခုတည်းကြောင့်မဟုတ်ဘဲ သူတို့ရဲ့ မိန်းကလေး ပရိသတ်အခိုင်အမာရရှိမှုက သာမန်အမျိုးသားဂီတအဖွဲ့ထက် ပိုမိုများပြားနေတာကြောင့်လို့ သူတို့ agent ဖြစ်သူ Zhou Xiaobai က Quartz ကို ပြောပြခဲ့ပါတယ်။
အဖွဲ့အကြောင်း ဆွေးနွေးပြောဆိုကြတဲ့အခါ ယောက်ျားလေး သို့မဟုတ် မိန်းကလေး စတဲ့ စကားအသုံးအနှုန်းတွေ သူတို့ ရှောင်ရှားကြပါတယ်။
အဲဒီအစား "meishaonian" or "handsome youths" ရုပ်ဖြောင့်လူငယ် ဆိုတဲ့အသုံးအနှုန်းကို ပိုသဘောကျကြတယ်လို့ Zhou က မျှဝေခဲ့ပါတယ်။
ကန့်သတ်မှုတွေနဲ့ ဘောင်ခတ်ထားခြင်းမဟုတ်ဘဲ လွတ်လပ်မှုကို ထောက်ခံအားပေးအဖွဲ့တစ်ခုဖြစ်တာ Acrush ရဲ့ တမူထူးခြားတဲ့ အယူအဆတစ်ခုလို့ Zhou က ဆိုပါတယ်။
သူတို့ပွဲဦးထွက်ဗီဒီယိုကို ဧပြီလကုန်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
Ref: Seventeen
No comments:
Post a Comment