အရာရာဟာ က်ဳပ္ ပတ္ဝန္းက်င္မွာ က်ဳပ္ အလိုက် လာျဖစ္ၾကတယ္။ က်ဳပ္ေပ်ာ္ရင္ အားလံုး ေပ်ာ္လိမ့္မယ္ ထင္တယ္။ က်ဳပ္ဝမ္းနည္း ရင္လည္း အားလံုး လိုက္ၿပီးေတာ့ ဝမ္းနည္းလိမ့္မယ္ ထင္တယ္။
ဒီလို ေတြးေခၚပံုေလးဟာ လူတိုင္းမွာ ေျပာစရာမလိုတဲ့ အေျခခံ တစ္ခု အေနနဲ႔ ရွိၿပီးသား။ ေမြးကထဲက ပါလာတဲ့ ႐ိုက္ထည့္ထားၿပီးသား ပံုစံခြက္ ျဖစ္ပါတယ္။ ဒီပံုစံခြက္အရ လူတိုင္း လူတိုင္းဟာ ကိုယ့္ဘဝ မွာ ကိုယ္သာ ဇာတ္ေဆာင္ ျဖစ္လာ ၾကရတယ္။
ကိုယ္မေမြးခင္က ေလာကႀကီး တစ္ခုလံုးဟာ ကိုယ္ ေမြးလာဖို႔ ေစာင့္ေန သလို ထင္လာၾကတယ္။ ကိုယ္ေသသြားၿပီးရင္လည္း ကိုယ့္ေနာက္ကို ရွင္သန္ျခင္း ျဖစ္စဥ္ႀကီး တစ္ခုလံုး ဟာ လိုက္ပါ ေရြ႕လ်ားမယ္ ထင္ေနၾကတယ္။
ဘယ္ေတာ့မဆို ငါ့ကို ဗဟိုျပဳတယ္။ ငါ့ကို တည္ၿပီး တိုက္ခိုက္ၾကတယ္။ ငါ့ကို ဝန္းရံေပးၾကတယ္။ ငါ့ရဲ႕ ရဲေဘာ္ရဲဘက္ေတြ။ ငါ့ရဲ႕ ရန္ဘက္ေတြ စသျဖင့္ ငါတစ္ေယာက္ထဲသာ ဇာတ္လိုက္၊ ငါ့လူေတြဆိုတာ ဇာတ္ပို႔ေတြ၊ ငါနဲ႔မတည့္တာ လူဆိုး စသျဖင့္ ပိုင္းျခားထားလိုက္ၿပီးသား ျဖစ္တယ္။
ဒီလို အခ်ိန္မွာ တူရာေလးေတြ စုေပါင္းလာတဲ့အခါ ဘာေတြ အထိ ျမင့္တက္ ကုန္သလဲ ဆိုရင္ ငါ့အဖြဲ႕ေတြ သူ႔အဖြဲ႕ ေတြ၊ စသျဖင့္ အုပ္စုလိုက္ ႀကီးထြားလာတဲ့ မိမိ ဗဟိုျပဳအဖြဲ႕ေတြ ျဖစ္လာတဲ့ အထိပဲ။
ငါ့အဖြဲ႕က သမာသမတ္ အက်ဆံုး။ ငါ့ဘာသာက သိကၡာ အရွိဆံုး။ ငါ့ဘုရားကမွ အမွန္ဆံုး ... ဒီလိုနဲ႔ အဲ့ဒီ ဇာတ္လိုက္ေနရာေတြဟာ ႀကီးထြားလာတဲ့အခါ လုပ္ရပ္ေတြကို ျပန္သံုးသပ္ရတာ ခက္ခဲလာေစတယ္။
ဒါ့ေၾကာင့္ ဒါေလးေတြကို ျမင္ခ်င္ရင္ ေသးငယ္တဲ့ မိမိ ဗဟိုျပဳမႈကေလးေတြကို လိုက္သတိျပဳ ၾကည့္ရပါတယ္။
သတိျပဳၾကည့္တာေတာ့ ဟုတ္ပါၿပီ။ ဒါေပမယ့္ သတိဆိုတာ ဘာလဲလို႔ ေမးရင္ က်ဳပ္တို႔ ေဝေဝဝါးဝါးပဲ။
ေရနက္ထဲမွာ ငါးေလး ၂ ေကာင္ မနက္ ေဝလီေဝလင္း ကူးခတ္ေနရင္းနဲ႔ ငါးႀကီး တစ္ေကာင္နဲ႔ ေတြ႕ေရာ။ ေတြ႕ေတာ့ ငါးႀကီးက ငါးေလးေတြကို ပဋိသႏၲာရ စကားဆိုတယ္။ "ေဟး... ဒီမနက္ ေရက ဘယ္လိုလဲ။ ေအးေအးခ်မ္းခ်မ္းပဲလား" တဲ့။
ငါးေလး ၂ ေကာင္က ဆက္ကူးခတ္လာရင္းနဲ႔ တစ္ေနရာေရာက္ေတာ့မွ တစ္ေကာင္က ထေအာ္တယ္။ "ဒါနဲ႔ ေစာေစာက ငါးႀကီးေျပာသြားတဲ့ ေရဆိုတာ ဘာတုန္းဟ။" တဲ့။
ဒီမွာ ေျပာခ်င္တာက ေရကို ငါးေလးေတြ မသိတာမဟုတ္ဘူး။ သူတို႔သိပါတယ္။ သူတို႔ အဲ့ဒီထဲမွာ ကူးေနၾကတာပဲ။ ေရသာမရွိရင္ ငါးဆိုတာ မရွင္ႏိုင္ဘူးဆိုတာ သူတို႔လည္း သိတာပဲ။
သို႔ေသာ္လည္း ေလာကရဲ႕ သဘာဝအရကိုပဲ အဲ့ဒီလို ကိုယ့္ရွင္သန္ေရး အတြက္ အခရာ က်တဲ့၊ အဓိက က်တဲ့ အရာေတြဟာ ကိုယ့္ရဲ႕ ဥေပကၡာျပဳျခင္းကို ခံထားရေလ့ ရွိၾကပါတယ္။
ေရဆိုတာ ငါးေလးေတြ မေျပာနဲ႔။ က်ဳပ္တို႔လူေတြေတာင္ ေရဆိုတာရဲ႕ တန္ဖိုးကို ေမ့ေနၾကတာပဲ မဟုတ္လား။ "မေမ့ပါဘူးဗ်ာ။ ေရမေသာက္ရရင္ ေသသြားမွာေပါ့။" လို႔ လူတိုင္းသိတာဟာ မွန္တယ္။
သို႔ေသာ္...ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ္ စမ္းသပ္ၾကည့္ၾကပါလား။ ေရတစ္ခြက္နဲ႔ စိန္တစ္ပြင့္ ဘာကို ယူမလဲ ေရြးစမ္းလို႔။
တစ္မ်ိဳးက ရွင္သန္ေရးအတြက္ အဓိက လိုအပ္တာ။ တစ္မ်ိဳးက်ေတာ့က ရွင္သန္ေရးနဲ႔ လံုးဝနီးပါး မပတ္သက္တဲ့ အရာ။
လူတိုင္းရဲ႕ အျမင္မွာ အဲ့သလို ရွားပါးမႈေတြက ေရွ႕ကို ေရာက္ေနေလ့ ရွိၾကပါတယ္။ ေပါမ်ားမႈေတြတိုင္းဟာ ေနာက္ကို ေျပးကပ္လာရတာ ဓမၼတာပါပဲ။
သတိဆိုတာ ေရဆန္တယ္။ ခင္ဗ်ားတို႔ က်ဳပ္တို႔ မိုးလင္းကေန မိုးခ်ဳပ္အထိကို သံုးတတ္ၾကပါတယ္။
တခ်ိဳ႕က ထင္တယ္။ သတိလြတ္တယ္ဆိုတာ အခ်ိန္ ေတာ္ေတာ္ၾကာၾကာ ေမ့ေမ့ေလ်ာ့ေလ်ာ့ ထားပစ္တာမ်ိဳးလို႔ ထင္ၾကတယ္။
မဟုတ္ဘူး။ သတိ လြတ္တယ္ဆိုတာ အခိုက္အတန္႔ေလးတစ္ခုပဲ ခပ္ေပါ့ေပါ့ ေနထိုင္လိုက္မိတာ။ အဲ့ဒီအခိုက္အတန္႔ေလးမွာ ကိုယ္သြားေနတဲ့ လမ္းကေန လြဲေခ်ာ္သြားႏိုင္တယ္။ လြဲေခ်ာ္သြားေလ့လဲ ရွိၾကတာပဲ။ လြဲသြားၿပီဆိုတာနဲ႔ ျပန္တည့္ဖို႔ အရမ္းခက္သြားတယ္။
ဘာလို႔လဲဆိုေတာ့ ဘဝဆိုတာ ေနာက္ျပန္မွ မသြားတာ။ ဒါ့ေၾကာင့္ ဒီလြဲတဲ့ လမ္းမွာ လြဲမွန္း သိသိႀကီး နဲ႔ကို ဝသီေတြ ဓေလ့ေတြ အက်င့္ေတြ စေပၚလာတယ္။ အဲ့မွာ ဆက္ခါ ဆက္ခါ လြဲသထက္ လြဲလာၾက ရတာပါပဲ။
သတိသာ ကပ္ထားႏိုင္ရင္ လူတစ္ေယာက္ဟာ မိမိ ကိုယ္မိမိ ဗဟိုျပဳၾကည့္တဲ့ အျမင္ ေလ်ာ့နည္း လာေစတယ္။ ပတ္ဝန္းက်င္နဲ႔ မိမိ အျပန္အလွန္ ဆက္ႏြယ္မႈေတြကို သတိျပဳမိလာေစတယ္။
မိမိ လုပ္ရပ္ရဲ႕ ပတ္ဝန္းက်င္အေပၚ သက္ေရာက္လာတဲ့ ေကာင္းမႈ ဆိုးမႈေတြကိုပါ သံုးသပ္ႏိုင္ လာေစ တယ္။
ဒီအခ်ိန္မွာ ျဖည္းျဖည္းခ်င္း ျဖည္းျဖည္းခ်င္း မိမိကိုယ္ကိုလည္း ျပန္လည္ တည့္မတ္ရင္း ပတ္ဝန္းက်င္ ေကာင္းေအာင္ ျပန္အားထုတ္ တတ္လာတဲ့ အက်င့္ကို စတင္ ရရွိႏိုင္ပါတယ္။ ေန႔စဥ္ ေန႔စဥ္.. မိမိအနားမွာ ကပ္လ်က္ရွိေနတဲ့ သတိကို အေဖာ္ျပဳပါ။
ငါးေလးေတြဆိုရင္လည္း ေရ ဘယ္မွာ ဆိုတာကို ျမင္ေအာင္ ၾကည့္ပါ။ ဒီဟာေရ... ဒီဟာေရ လို႔ တတြတ္တြတ္ ေျပာရင္း ဘဝကို အက်ိဳးရွိရွိ ျဖတ္သန္းႏိုင္ၾကပါေစ။
- မွတ္စုၾကမ္း #kyawnge
Unicode
တလောကလုံး ကျုပ်ကို ဗဟိုပြုတယ်။
--------------------
ကျုပ်ဘဝမှာ ကျုပ်သာလျှင် ဇာတ်လိုက် ဖြစ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြမလားပဲ။ ဟုတ်ပါတယ်။ ကျုပ်အမြင်မှာတော့ ကျုပ်ဟာ အားလုံးထက် ပို အရေးပါတယ်။
အရာရာဟာ ကျုပ် ပတ်ဝန်းကျင်မှာ ကျုပ် အလိုကျ လာဖြစ်ကြတယ်။ ကျုပ်ပျော်ရင် အားလုံး ပျော်လိမ့်မယ် ထင်တယ်။ ကျုပ်ဝမ်းနည်း ရင်လည်း အားလုံး လိုက်ပြီးတော့ ဝမ်းနည်းလိမ့်မယ် ထင်တယ်။
ဒီလို တွေးခေါ်ပုံလေးဟာ လူတိုင်းမှာ ပြောစရာမလိုတဲ့ အခြေခံ တစ်ခု အနေနဲ့ ရှိပြီးသား။ မွေးကထဲက ပါလာတဲ့ ရိုက်ထည့်ထားပြီးသား ပုံစံခွက် ဖြစ်ပါတယ်။ ဒီပုံစံခွက်အရ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘဝ မှာ ကိုယ်သာ ဇာတ်ဆောင် ဖြစ်လာ ကြရတယ်။
ကိုယ်မမွေးခင်က လောကကြီး တစ်ခုလုံးဟာ ကိုယ် မွေးလာဖို့ စောင့်နေ သလို ထင်လာကြတယ်။ ကိုယ်သေသွားပြီးရင်လည်း ကိုယ့်နောက်ကို ရှင်သန်ခြင်း ဖြစ်စဉ်ကြီး တစ်ခုလုံး ဟာ လိုက်ပါ ရွေ့လျားမယ် ထင်နေကြတယ်။
ဘယ်တော့မဆို ငါ့ကို ဗဟိုပြုတယ်။ ငါ့ကို တည်ပြီး တိုက်ခိုက်ကြတယ်။ ငါ့ကို ဝန်းရံပေးကြတယ်။ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ။ ငါ့ရဲ့ ရန်ဘက်တွေ စသဖြင့် ငါတစ်ယောက်ထဲသာ ဇာတ်လိုက်၊ ငါ့လူတွေဆိုတာ ဇာတ်ပို့တွေ၊ ငါနဲ့မတည့်တာ လူဆိုး စသဖြင့် ပိုင်းခြားထားလိုက်ပြီးသား ဖြစ်တယ်။
ဒီလို အချိန်မှာ တူရာလေးတွေ စုပေါင်းလာတဲ့အခါ ဘာတွေ အထိ မြင့်တက် ကုန်သလဲ ဆိုရင် ငါ့အဖွဲ့တွေ သူ့အဖွဲ့ တွေ၊ စသဖြင့် အုပ်စုလိုက် ကြီးထွားလာတဲ့ မိမိ ဗဟိုပြုအဖွဲ့တွေ ဖြစ်လာတဲ့ အထိပဲ။
ငါ့အဖွဲ့က သမာသမတ် အကျဆုံး။ ငါ့ဘာသာက သိက္ခာ အရှိဆုံး။ ငါ့ဘုရားကမှ အမှန်ဆုံး ... ဒီလိုနဲ့ အဲ့ဒီ ဇာတ်လိုက်နေရာတွေဟာ ကြီးထွားလာတဲ့အခါ လုပ်ရပ်တွေကို ပြန်သုံးသပ်ရတာ ခက်ခဲလာစေတယ်။
ဒါ့ကြောင့် ဒါလေးတွေကို မြင်ချင်ရင် သေးငယ်တဲ့ မိမိ ဗဟိုပြုမှုကလေးတွေကို လိုက်သတိပြု ကြည့်ရပါတယ်။
သတိပြုကြည့်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သတိဆိုတာ ဘာလဲလို့ မေးရင် ကျုပ်တို့ ဝေဝေဝါးဝါးပဲ။
ရေနက်ထဲမှာ ငါးလေး ၂ ကောင် မနက် ဝေလီဝေလင်း ကူးခတ်နေရင်းနဲ့ ငါးကြီး တစ်ကောင်နဲ့ တွေ့ရော။ တွေ့တော့ ငါးကြီးက ငါးလေးတွေကို ပဋိသန္တာရ စကားဆိုတယ်။ "ဟေး... ဒီမနက် ရေက ဘယ်လိုလဲ။ အေးအေးချမ်းချမ်းပဲလား" တဲ့။
ငါးလေး ၂ ကောင်က ဆက်ကူးခတ်လာရင်းနဲ့ တစ်နေရာရောက်တော့မှ တစ်ကောင်က ထအော်တယ်။ "ဒါနဲ့ စောစောက ငါးကြီးပြောသွားတဲ့ ရေဆိုတာ ဘာတုန်းဟ။" တဲ့။
ဒီမှာ ပြောချင်တာက ရေကို ငါးလေးတွေ မသိတာမဟုတ်ဘူး။ သူတို့သိပါတယ်။ သူတို့ အဲ့ဒီထဲမှာ ကူးနေကြတာပဲ။ ရေသာမရှိရင် ငါးဆိုတာ မရှင်နိုင်ဘူးဆိုတာ သူတို့လည်း သိတာပဲ။
သို့သော်လည်း လောကရဲ့ သဘာဝအရကိုပဲ အဲ့ဒီလို ကိုယ့်ရှင်သန်ရေး အတွက် အခရာ ကျတဲ့၊ အဓိက ကျတဲ့ အရာတွေဟာ ကိုယ့်ရဲ့ ဥပေက္ခာပြုခြင်းကို ခံထားရလေ့ ရှိကြပါတယ်။
ရေဆိုတာ ငါးလေးတွေ မပြောနဲ့။ ကျုပ်တို့လူတွေတောင် ရေဆိုတာရဲ့ တန်ဖိုးကို မေ့နေကြတာပဲ မဟုတ်လား။ "မမေ့ပါဘူးဗျာ။ ရေမသောက်ရရင် သေသွားမှာပေါ့။" လို့ လူတိုင်းသိတာဟာ မှန်တယ်။
သို့သော်...ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ် စမ်းသပ်ကြည့်ကြပါလား။ ရေတစ်ခွက်နဲ့ စိန်တစ်ပွင့် ဘာကို ယူမလဲ ရွေးစမ်းလို့။
တစ်မျိုးက ရှင်သန်ရေးအတွက် အဓိက လိုအပ်တာ။ တစ်မျိုးကျတော့က ရှင်သန်ရေးနဲ့ လုံးဝနီးပါး မပတ်သက်တဲ့ အရာ။
လူတိုင်းရဲ့ အမြင်မှာ အဲ့သလို ရှားပါးမှုတွေက ရှေ့ကို ရောက်နေလေ့ ရှိကြပါတယ်။ ပေါများမှုတွေတိုင်းဟာ နောက်ကို ပြေးကပ်လာရတာ ဓမ္မတာပါပဲ။
သတိဆိုတာ ရေဆန်တယ်။ ခင်ဗျားတို့ ကျုပ်တို့ မိုးလင်းကနေ မိုးချုပ်အထိကို သုံးတတ်ကြပါတယ်။
တချို့က ထင်တယ်။ သတိလွတ်တယ်ဆိုတာ အချိန် တော်တော်ကြာကြာ မေ့မေ့လျော့လျော့ ထားပစ်တာမျိုးလို့ ထင်ကြတယ်။
မဟုတ်ဘူး။ သတိ လွတ်တယ်ဆိုတာ အခိုက်အတန့်လေးတစ်ခုပဲ ခပ်ပေါ့ပေါ့ နေထိုင်လိုက်မိတာ။ အဲ့ဒီအခိုက်အတန့်လေးမှာ ကိုယ်သွားနေတဲ့ လမ်းကနေ လွဲချော်သွားနိုင်တယ်။ လွဲချော်သွားလေ့လဲ ရှိကြတာပဲ။ လွဲသွားပြီဆိုတာနဲ့ ပြန်တည့်ဖို့ အရမ်းခက်သွားတယ်။
ဘာလို့လဲဆိုတော့ ဘဝဆိုတာ နောက်ပြန်မှ မသွားတာ။ ဒါ့ကြောင့် ဒီလွဲတဲ့ လမ်းမှာ လွဲမှန်း သိသိကြီး နဲ့ကို ဝသီတွေ ဓလေ့တွေ အကျင့်တွေ စပေါ်လာတယ်။ အဲ့မှာ ဆက်ခါ ဆက်ခါ လွဲသထက် လွဲလာကြ ရတာပါပဲ။
သတိသာ ကပ်ထားနိုင်ရင် လူတစ်ယောက်ဟာ မိမိ ကိုယ်မိမိ ဗဟိုပြုကြည့်တဲ့ အမြင် လျော့နည်း လာစေတယ်။ ပတ်ဝန်းကျင်နဲ့ မိမိ အပြန်အလှန် ဆက်နွယ်မှုတွေကို သတိပြုမိလာစေတယ်။
မိမိ လုပ်ရပ်ရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်လာတဲ့ ကောင်းမှု ဆိုးမှုတွေကိုပါ သုံးသပ်နိုင် လာစေ တယ်။
ဒီအချိန်မှာ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း မိမိကိုယ်ကိုလည်း ပြန်လည် တည့်မတ်ရင်း ပတ်ဝန်းကျင် ကောင်းအောင် ပြန်အားထုတ် တတ်လာတဲ့ အကျင့်ကို စတင် ရရှိနိုင်ပါတယ်။ နေ့စဉ် နေ့စဉ်.. မိမိအနားမှာ ကပ်လျက်ရှိနေတဲ့ သတိကို အဖော်ပြုပါ။
ငါးလေးတွေဆိုရင်လည်း ရေ ဘယ်မှာ ဆိုတာကို မြင်အောင် ကြည့်ပါ။ ဒီဟာရေ... ဒီဟာရေ လို့ တတွတ်တွတ် ပြောရင်း ဘဝကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ကြပါစေ။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment