ဒီေတာ့ ခ်စ္သူေတြခ်င္း ရင္းႏွီးမႈ ေႏြးေထြးမႈ ပုိရေစရန္ ကစားတဲ႔ gameေလးပါ…။ကေလးေတြလုိ ကစားတာေတာ့ မဟုတ္ဘူးေပါ့…။
ဒီလုိ gameေလးေတြ ဖန္တီးကစားဖုိ႔ က်ေနာ္ရဲ႕ ဆရာမျကီး ideaကြန္႔ျမဴးခဲ႔ျခင္းပါပဲ…။သိတဲ႔အတုိင္းပဲ က်ေနာ္တုိ႔ ႏွစ္ေယာက္က မတည့္အတူေန …ျပီးေတာ့ ဘာမွမတူတဲ႔ ႏွစ္ေယာက္ေလ…။က်ေနာ္က တရုတ္ကားျကုိက္တယ္…သူက ကုလားကားျကုိက္တယ္…။ဒါေျကာင့္ အသားမဲတဲ႔ က်ေနာ့္ကုိ သူက ခ်စ္ခဲ႔ျပီး အသားျဖဴတဲ႔ တရုတ္မကုိ က်ေနာ္က ခ်စ္ခဲ႔ျခင္းေလာ… :P ဘာမွ မဆုိင္ပုေနာ္…။ေျကာ္ညာထုိးတာမ်ားသြားျပီ…။
တကယ္ပါ…အေနေဝးေနတဲ႔ ခ်စ္သူတုိ႔
ဒါမွမဟုတ္ ခုေခတ္လုိ onlineခ်စ္သူတုိ႔…ဒါမွမဟုတ္ ေတြ႔ဖုိ႕ထြက္ဖုိ႔ခက္ခဲျပီး ဖုန္းတုိ႔ မက္ေဆ့တုိ႔နဲ႔ဆက္သြယ္ အခ်စ္ပုိေနရတဲ႔ ခ်စ္သူေတြ…ဒီလုိ gameေလးေတြေဆာ့ျခင္းအားျဖင့္ အလြမ္း ဖိအားေလ်ာ့ေစျပီး…ပုိမုိ ေပ်ာ္ရႊင္ေစပါတယ္…။အေနနီးတဲ႔ ခ်စ္သူေတြလည္းေဆာ့သင့္ပါတယ္…။ေပ်ာ္စရာေကာင္းမွာပါ…။
gameေဆာ့ဟန္ေလးက တကယ္ရုိးရွင္းပါတယ္…။ေဆာ့မယ္ gameကုိ တစ္ေယာက္တလွည့္ေရြးေျကး…။က်ေနာ္တုိ႔ ပထမဆုံး စေဆာ့တာကေတာ့ သူေရြးတာေပါ့ေနာ္
( ၁ )
ေဒါသထြက္ေအာင္ လုပ္ျပီးမွ ခ်စ္တယ္လုိ႔ ေျပာေျကး…**
ရန္ခဏခဏျဖစ္တဲ႔အတြဲဆုိရင္ အဆင္ေျပတဲ႔ gameေလးေပါ့…။ကုိယ္လည္းေဒါထြက္ေရာ…
"အရမ္းခ်စ္တယ္ …"
ဒီလုိေလးပိတ္လုိက္ေတာ့ …တကယ္ေတာ့ ခညားကုိ ခ်စ္တယ္ေျပာခ်င္လုိ႔ တမင္ေဒါသထြက္ေအာင္ စတာပါကြာ ျဖစ္သြားတာေပါ့…။
(ဒါမ်ဳိး ဘယ္ႏွစ္ရက္ေဆာ့မယ္…အကန္႔ေလးေတာ့ထားေပါ့…က်ေနာ္တုိ႔ေတာ့ ၃ရက္ထားတယ္…)
အဲဒီ gameေလးေဆာ့ျပီးတဲ႔ အခ်ိန္မွာ က်ေနာ္တုိ႔ျကား ျပႆနာသိပ္မျဖစ္ေတာ့ဘူး…။
( ၂ )က က်ေနာ္ေရြးအလွည့္ေပါ့…။
သိတဲ႔အတုိင္း သူက အစားပုပ္ေလ…။တစ္ခုခု စားခံနီးတုိင္း ဘာစားရင္ေကာင္း မလဲ လွမ္းလွမ္းေမးတတ္တာ…။က်ေနာ္က phလွမ္းဆက္ျပီး
"ေဟ်ာင့္ မင့္ဘာစားမွာလဲ…"ေမးရင္လည္း
"ဘာစားရေကာင္းမလဲ မသိပါဘူး…ဘာစားရင္ေကာင္းမလဲငင္…"
သူျပန္ေမးတတ္တယ္…။
ဒါေျကာင့္ "ဘာစားရင္ေကာင္းမလဲ…"မေမးေျကး…
ေလာင္းေျကးေလးပါ ထည့္လုိက္တယ္…။ေမးမိတဲ႔သူ…ph billျဖည့္ ေပးေျကး…၅၀၀ျဖစ္ျဖစ္ ၁၀၀၀ျဖစ္ျဖစ္ေပါ့…။
တကယ္ရယ္ရတယ္…
မနက္စာစားခ်ိန္ဆုိ phလွမ္းဆက္လုိက္တယ္…။
"ေဟ်ာင့္ မင့္ဘာစားျပီးျပီလဲ…"အသာေလးေထာက္လုိက္ရင္…သူရႈံးျပီပဲ…။ဒါေပမယ့္ ေနာက္ပိုင္း လည္တယ္ဗ်…ေျပာခ်င္တာခ်ည္းကုိ သူေအာင့္ေအာင့္ထားတာ…။တကယ္ေလစုိ႔ေနသလုိျကီး…။
( ၃ )သူ႔အလွည့္ …
က်ေနာ္တုိ႔က ဘာလုပ္လုပ္ phဆက္လည္း phေျပာျပီး ခ်ခံနီးဆုိရင္ "အရမ္းခ်စ္တယ္…"လုိ႔ေျပာျပီး ႏူတ္ဆက္ေနျက…။ေျပာမယ္ဆုိ က်ေနာ့္ အလုံးေပါ့ေလ…။အရမ္းခ်စ္တယ္ေပါင္း မေရမတြက္ႏုိင္ေအာင္ေျပာထားေတာ့ ပါးစပ္က ေဆးစြဲသလုိပဲ အက်င့္ပါေနတာ…။
"အရမ္းခ်စ္တယ္လုိ႔ မေျပာေျကး…"
တကယ္ေျပာခံနီးမွ ျပန္ျပန္ေအာင့္ထားရတဲ႔ ဖီးက တစ္စုိ႔စုိ႔ျကီး…။ေနာက္ဆုံး ရႈံးပေစကြာ ေျပာခ်ရတဲ႔ အထိျဖစ္လာတယ္ေလ…။
<3
( ၄ )
ယုံတမ္းစကားေျပာေျကး…
ယုံတမ္းစကားဆုိတာက
"ေဟ်ာင့္ ဘာလုပ္ေနလဲ…"
"ေအးကြာ အဂၤါျဂိဳဟ္ဆီ အလည္သြားဖုိ႔ အထုပ္ျပင္ေနတယ္…"
အဲလုိ ျပန္ေျဖရင္
"ေအာ္ ေအးေအး ငါ့အတြက္ အျပန္က်ရင္ ဝက္ေခါက္သုပ္ဝယ္ခဲ႔ဦးေနာ္…"
ေျပာမယ္ဆုိ အဂၤါျဂဳိဟ္ဆီသြားမွာကုိ ယုံတယ္ေပါ့…။မယုံသလုိလုိ
"ေဟ်ာင့္ နေပါစကားေတြမေျပာနဲ႔…"ဆုိရင္ ရႈံးျပီပဲ…။အလစ္ဖမ္း ေမးေျကးေပါ့…။
(phဆက္ရင္ျဖစ္ျဖစ္ ေတြ႔ရင္ျဖစ္ျဖစ္ တစ္ေခါက္ကုိ တစ္လွည့္ဆီေပါ့…)
( ၅ )
ပါးစပ္မဖြင့္ဘဲ…သီခ်င္းဆုိတာကုိ မွန္ေအာင္ခန္႔မွန္းေျကး…။တစ္ေယာက္ တစ္လွည့္ေပါ့…။phဆက္တုိင္းျဖစ္ျဖစ္ ေတြ႔ရင္ပဲျဖစ္ျဖစ္…
"အြင္ အင္ အာ အု အဲ႔ …အာ့ အုိ ေအာင္ ေအး အ အာ အာ အဲ…"
အဲ႔လုိ ဆုိျပရင္ "ယုံျကည္ရာ…"လုိ႔ေျဖႏုိင္ရမယ္…။မေျဖႏုိင္ရင္ အရႈံးေပါ့ေလ…။
( ၆ )
ဒါကေတာ့ ျငင္းေျကး…
လားတုိ႔ လဲတုိ႔နဲ႔ ဆုံးတဲ႔ ေမးခြန္းမ်ဳိးနဲ႔ အလစ္ေခ်ာင္းေမးလုိက္ရင္ …အမွန္အတုိင္းေျဖမိတဲ႔သူ အရႈံး…။တစ္ခါ phဆက္ရင္ ၂ခါထက္ ပုိအငုိက္မဖမ္းေျကး…။
"ထမင္းစားလုိက္ဦးမယ္ကြာ…"
"အင္း…အင္း ဘာနဲ႔စားမွာလဲ…"
"ဝက္သားနဲ႔ …"
အဲလုိေျဖမိရင္လည္း ရႈံးတယ္…။
"ေဂၚဇီလာသားနဲ႔…"
"ေအာ္ ဝက္သားဟင္းနဲ႔လား ေကာင္းတာေပါ့…""
အဲ႔လုိ တစ္ဘက္က ျပန္ေထာက္လုိ႔
"ေဂၚဇီလာနဲ႔ပါဆုိ…"ျပီး ျပန္ေျပာမိရင္လည္း ရႈံးတယ္…။ပထမ ေဂၚဇီလာနဲ႔ စားမယ္ေျပာထားတာကုိ ျပန္ေျဖမိလုိ႔ေလ…။
"မင့္ ငါ့ကုိ မခ်စ္ဘူးမုိ႔လား…"
"ဟာ ဘာျဖစ္ ခ်စ္ပါတယ္ကြာ…"
အာ့ဆုိ ရႈံးျပီ…အမွန္အတုိင္းေျဖမိလုိ႔ေလ…။
အလစ္ဖမ္းေမးရတာေပါ့ေလ…။phဆက္တုိင္း ေတြ႔တုိင္းေတာ့ အျမဲ အလစ္ဖမ္းေျကးေတာ့ ဘယ္ဟုတ္မလဲ…။တစ္ေခါက္ကုိ ၂ခါပဲဖမ္းေျကး…။အဲ႔game က်ေနာ္ ခြက္ခြက္လန္ေအာင္ရႈံးတယ္ဗ်…။
:(
အဲ႔လုိေလးေတြေပါ့…။
တစ္ေယာက္နဲ႔တစ္ေယာက္ ဘာလုပ္ေနလဲ ခန္႔မွန္းေျကး…FBေပၚ ၃ရက္ postမတင္ေျကး…စသျဖင့္ေပါ့…။
ဒီလုိေဆာ့ျခင္းအားျဖင့္
ခ်စ္သူေတြျကား ေႏြးေထြးမႈ ရင္းႏွီးမႈ ပုိေစျပီး…
လြမ္းေနရတဲ့ သူေတြဆုိရင္ အလြမ္းသက္သာေစပါတယ္…။
ကုိးကားကေတာ့ ဘယ္ညြန္းရမလဲ…က်ေနာ္တုိ႔ ကုိယ္တုိင္ပါပဲလုိ႔…။
:)
ႏွစ္ေယာက္သား gameေလးေတြ ဖန္တီးျပီး
ေဆာ့ျကည့္ျကပါ…။
5thing
(ခ်စ္သူတုိင္း အဆင္ေျပျကပါေစ…)
--
မွတ္စုျကမ္း
#zeroneo
Unicode
(ချစ်သူနှစ်ယောက် နွေးထွေးမှုပိုစေရန် gameတွေ ဖန်တီးပြီး ဆော့ပါ)
--
ခဏဏ ရန်ဖြစ်တတ်တဲ့ ချစ်သူ နှစ်ယောက်ရှိတယ်…။ဒါပေမယ့် သူတို့ခြင်း gameလေးတွေဆော့ရင်း ရန်ဖြစ်တာတွေလျော့သွားပြီး ပျော်ရွှင်မှုလေးတွေ ပိုလာခဲ့တယ်…။
ဒီတော့ ချစ်သူတွေချင်း ရင်းနှီးမှု နွေးထွေးမှု ပိုရစေရန် ကစားတဲ့ gameလေးပါ…။ကလေးတွေလို ကစားတာတော့ မဟုတ်ဘူးပေါ့…။
ဒီလို gameလေးတွေ ဖန်တီးကစားဖို့ ကျနော်ရဲ့ ဆရာမကြီး ideaကွန့်မြူးခဲ့ခြင်းပါပဲ…။သိတဲ့အတိုင်းပဲ ကျနော်တို့ နှစ်ယောက်က မတည့်အတူနေ …ပြီးတော့ ဘာမှမတူတဲ့ နှစ်ယောက်လေ…။ကျနော်က တရုတ်ကားကြိုက်တယ်…သူက ကုလားကားကြိုက်တယ်…။ဒါကြောင့် အသားမဲတဲ့ ကျနော့်ကို သူက ချစ်ခဲ့ပြီး အသားဖြူတဲ့ တရုတ်မကို ကျနော်က ချစ်ခဲ့ခြင်းလော… :P ဘာမှ မဆိုင်ပုနော်…။ကြော်ညာထိုးတာများသွားပြီ…။
တကယ်ပါ…အနေဝေးနေတဲ့ ချစ်သူတို့
ဒါမှမဟုတ် ခုခေတ်လို onlineချစ်သူတို့…ဒါမှမဟုတ် တွေ့ဖို့ထွက်ဖို့ခက်ခဲပြီး ဖုန်းတို့ မက်ဆေ့တို့နဲ့ဆက်သွယ် အချစ်ပိုနေရတဲ့ ချစ်သူတွေ…ဒီလို gameလေးတွေဆော့ခြင်းအားဖြင့် အလွမ်း ဖိအားလျော့စေပြီး…ပိုမို ပျော်ရွှင်စေပါတယ်…။အနေနီးတဲ့ ချစ်သူတွေလည်းဆော့သင့်ပါတယ်…။ပျော်စရာကောင်းမှာပါ…။
gameဆော့ဟန်လေးက တကယ်ရိုးရှင်းပါတယ်…။ဆော့မယ် gameကို တစ်ယောက်တလှည့်ရွေးကြေး…။ကျနော်တို့ ပထမဆုံး စဆော့တာကတော့ သူရွေးတာပေါ့နော်
( ၁ )
ဒေါသထွက်အောင် လုပ်ပြီးမှ ချစ်တယ်လို့ ပြောကြေး…**
ရန်ခဏခဏဖြစ်တဲ့အတွဲဆိုရင် အဆင်ပြေတဲ့ gameလေးပေါ့…။ကိုယ်လည်းဒေါထွက်ရော…
"အရမ်းချစ်တယ် …"
ဒီလိုလေးပိတ်လိုက်တော့ …တကယ်တော့ ခညားကို ချစ်တယ်ပြောချင်လို့ တမင်ဒေါသထွက်အောင် စတာပါကွာ ဖြစ်သွားတာပေါ့…။
(ဒါမျိုး ဘယ်နှစ်ရက်ဆော့မယ်…အကန့်လေးတော့ထားပေါ့…ကျနော်တို့တော့ ၃ရက်ထားတယ်…)
အဲဒီ gameလေးဆော့ပြီးတဲ့ အချိန်မှာ ကျနော်တို့ကြား ပြဿနာသိပ်မဖြစ်တော့ဘူး…။
( ၂ )က ကျနော်ရွေးအလှည့်ပေါ့…။
သိတဲ့အတိုင်း သူက အစားပုပ်လေ…။တစ်ခုခု စားခံနီးတိုင်း ဘာစားရင်ကောင်း မလဲ လှမ်းလှမ်းမေးတတ်တာ…။ကျနော်က phလှမ်းဆက်ပြီး
"ဟျောင့် မင့်ဘာစားမှာလဲ…"မေးရင်လည်း
"ဘာစားရကောင်းမလဲ မသိပါဘူး…ဘာစားရင်ကောင်းမလဲငင်…"
သူပြန်မေးတတ်တယ်…။
ဒါကြောင့် "ဘာစားရင်ကောင်းမလဲ…"မမေးကြေး…
လောင်းကြေးလေးပါ ထည့်လိုက်တယ်…။မေးမိတဲ့သူ…ph billဖြည့် ပေးကြေး…၅၀၀ဖြစ်ဖြစ် ၁၀၀၀ဖြစ်ဖြစ်ပေါ့…။
တကယ်ရယ်ရတယ်…
မနက်စာစားချိန်ဆို phလှမ်းဆက်လိုက်တယ်…။
"ဟျောင့် မင့်ဘာစားပြီးပြီလဲ…"အသာလေးထောက်လိုက်ရင်…သူရှုံးပြီပဲ…။ဒါပေမယ့် နောက်ပိုင်း လည်တယ်ဗျ…ပြောချင်တာချည်းကို သူအောင့်အောင့်ထားတာ…။တကယ်လေစို့နေသလိုကြီး…။
( ၃ )သူ့အလှည့် …
ကျနော်တို့က ဘာလုပ်လုပ် phဆက်လည်း phပြောပြီး ချခံနီးဆိုရင် "အရမ်းချစ်တယ်…"လို့ပြောပြီး နူတ်ဆက်နေကြ…။ပြောမယ်ဆို ကျနော့် အလုံးပေါ့လေ…။အရမ်းချစ်တယ်ပေါင်း မရေမတွက်နိုင်အောင်ပြောထားတော့ ပါးစပ်က ဆေးစွဲသလိုပဲ အကျင့်ပါနေတာ…။
"အရမ်းချစ်တယ်လို့ မပြောကြေး…"
တကယ်ပြောခံနီးမှ ပြန်ပြန်အောင့်ထားရတဲ့ ဖီးက တစ်စို့စို့ကြီး…။နောက်ဆုံး ရှုံးပစေကွာ ပြောချရတဲ့ အထိဖြစ်လာတယ်လေ…။
<3
( ၄ )
ယုံတမ်းစကားပြောကြေး…
ယုံတမ်းစကားဆိုတာက
"ဟျောင့် ဘာလုပ်နေလဲ…"
"အေးကွာ အင်္ဂါဂြိုဟ်ဆီ အလည်သွားဖို့ အထုပ်ပြင်နေတယ်…"
အဲလို ပြန်ဖြေရင်
"အော် အေးအေး ငါ့အတွက် အပြန်ကျရင် ဝက်ခေါက်သုပ်ဝယ်ခဲ့ဦးနော်…"
ပြောမယ်ဆို အင်္ဂါဂြိုဟ်ဆီသွားမှာကို ယုံတယ်ပေါ့…။မယုံသလိုလို
"ဟျောင့် နပေါစကားတွေမပြောနဲ့…"ဆိုရင် ရှုံးပြီပဲ…။အလစ်ဖမ်း မေးကြေးပေါ့…။
(phဆက်ရင်ဖြစ်ဖြစ် တွေ့ရင်ဖြစ်ဖြစ် တစ်ခေါက်ကို တစ်လှည့်ဆီပေါ့…)
( ၅ )
ပါးစပ်မဖွင့်ဘဲ…သီချင်းဆိုတာကို မှန်အောင်ခန့်မှန်းကြေး…။တစ်ယောက် တစ်လှည့်ပေါ့…။phဆက်တိုင်းဖြစ်ဖြစ် တွေ့ရင်ပဲဖြစ်ဖြစ်…
"အွင် အင် အာ အု အဲ့ …အာ့ အို အောင် အေး အ အာ အာ အဲ…"
အဲ့လို ဆိုပြရင် "ယုံကြည်ရာ…"လို့ဖြေနိုင်ရမယ်…။မဖြေနိုင်ရင် အရှုံးပေါ့လေ…။
( ၆ )
ဒါကတော့ ငြင်းကြေး…
လားတို့ လဲတို့နဲ့ ဆုံးတဲ့ မေးခွန်းမျိုးနဲ့ အလစ်ချောင်းမေးလိုက်ရင် …အမှန်အတိုင်းဖြေမိတဲ့သူ အရှုံး…။တစ်ခါ phဆက်ရင် ၂ခါထက် ပိုအငိုက်မဖမ်းကြေး…။
"ထမင်းစားလိုက်ဦးမယ်ကွာ…"
"အင်း…အင်း ဘာနဲ့စားမှာလဲ…"
"ဝက်သားနဲ့ …"
အဲလိုဖြေမိရင်လည်း ရှုံးတယ်…။
"ဂေါ်ဇီလာသားနဲ့…"
"အော် ဝက်သားဟင်းနဲ့လား ကောင်းတာပေါ့…""
အဲ့လို တစ်ဘက်က ပြန်ထောက်လို့
"ဂေါ်ဇီလာနဲ့ပါဆို…"ပြီး ပြန်ပြောမိရင်လည်း ရှုံးတယ်…။ပထမ ဂေါ်ဇီလာနဲ့ စားမယ်ပြောထားတာကို ပြန်ဖြေမိလို့လေ…။
"မင့် ငါ့ကို မချစ်ဘူးမို့လား…"
"ဟာ ဘာဖြစ် ချစ်ပါတယ်ကွာ…"
အာ့ဆို ရှုံးပြီ…အမှန်အတိုင်းဖြေမိလို့လေ…။
အလစ်ဖမ်းမေးရတာပေါ့လေ…။phဆက်တိုင်း တွေ့တိုင်းတော့ အမြဲ အလစ်ဖမ်းကြေးတော့ ဘယ်ဟုတ်မလဲ…။တစ်ခေါက်ကို ၂ခါပဲဖမ်းကြေး…။အဲ့game ကျနော် ခွက်ခွက်လန်အောင်ရှုံးတယ်ဗျ…။
:(
အဲ့လိုလေးတွေပေါ့…။
တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်နေလဲ ခန့်မှန်းကြေး…FBပေါ် ၃ရက် postမတင်ကြေး…စသဖြင့်ပေါ့…။
ဒီလိုဆော့ခြင်းအားဖြင့်
ချစ်သူတွေကြား နွေးထွေးမှု ရင်းနှီးမှု ပိုစေပြီး…
လွမ်းနေရတဲ့ သူတွေဆိုရင် အလွမ်းသက်သာစေပါတယ်…။
ကိုးကားကတော့ ဘယ်ညွန်းရမလဲ…ကျနော်တို့ ကိုယ်တိုင်ပါပဲလို့…။
:)
နှစ်ယောက်သား gameလေးတွေ ဖန်တီးပြီး
ဆော့ကြည့်ကြပါ…။
5thing
(ချစ်သူတိုင်း အဆင်ပြေကြပါစေ…)
--
မှတ်စုကြမ်း
#zeroneo
No comments:
Post a Comment