ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Thursday, April 20, 2017

အျမင္အမ်ိဳးမ်ိဳး

အျမင္ အမ်ိဳးမ်ိဳး
****************

(၁)ပပဥၥ အျမင္
===========
ပပဥၥအျမင္ ဆုိတာ တဏွာ-မာန-ဒိ႒ိသုံးပါးနဲ႔ စြဲျပီးေတာ့ ျမင္တ့ဲ အျမင္မ်ိဳးကုိ ေျပာတာျဖစ္ပါတယ္။
လူကုိလူလုိ႔ မျမင္ဘူး။
ဒီလူက တရုတ္ႀကီး၊
ဒီလူက ကုလား၊ ဒီလူကေတာ့ ျမန္မာ
ဟာ! ဒီလူႀကီးကေတာ့ အဂၤလိပ္ႀကီးဟ
ဆုိျပီး ခြဲျခားျပီးျမင္တ့ဲ
အျမင္မ်ိဳး ျဖစ္ပါတယ္။
ဒီေတာ့ ဘာျဖစ္လာလဲဆုိရင္
အခ်စ္ေတြ အမုန္းေတြ အစြဲေတြ
ျဖစ္လာတယ္။ ျမန္မာနုိင္ငံသားခ်င္း တူတာေတာင္မွ ဒီေကာင္က
ကရင္ ဒီေကာင္ကရခုိင္ ဒီလူႀကီးက ခ်င္းႀကီးပါဟဆုိုၿပီး အႏုစိတ္ တစ္ခါ ခြဲျခားျပီးေတာ့ ျမင္ျပန္တယ္။
ဒါက ပပဥၥမ်က္စိနဲ႔ၾကည့္ျပီး
ပမာဒတရား လႊမ္းမုိး ေနတ့ဲလူေတြရဲ႕ အၾကည့္နဲ႔အျမင္ပဲ ျဖစ္ပါတယ္။
ပမာဒတရားဆုိတာ ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္သြား
ေအာင္ျပဳတတ္တ့ဲ တရားကုိ ေခၚတာျဖစ္ပါတယ္။
အဲဒီပမာဒတရားက ကုိယ္တုိင္လည္း အကုသုိလ္ျဖစ္သလုိ ကိန္းေအာင္းျခင္းခံရတ့ဲ ပုဂၢိဳလ္ကုိလည္း
အကုသုိလ္ လုပ္မိေအာင္ ဖန္တီးတတ္တယ္။

(၂)ျဗဟၼစုိရ္ အျမင္
============
ဒီျဗဟၼစုိရ္အျမင္မ်ဳိးမွာေတာ့ ကုလား-တရုတ္
အဂၤလိပ္-ျမန္မာ-ဝန္ျကီးခ်ဴ ပ္-ရုံးေစာင့္ဆုိျပီး
ေတာ့ ခြဲမျမင္ပါဘူး။
လူကုိလူလုိ႔ပဲ ျမင္ပါတယ္။
ဒီေတာ့ ဘာျဖစ္လဲဆုိရင္
အခ်စ္အမုန္းမရွိဘူး။
အခ်စ္အမုန္း ႏွစ္ခုစလုံးဟာ အကုသုိလ္ပဲလုိ႔
သူက ရႈျမင္ပါတယ္။
ဒီေနရာမွာ ခ်စ္ျခင္းတရားကုိ
အဘိဇၩာအေနနဲ႔ဆုိျပီး မုန္းျခင္းကုိ ေဒါမနႆ အေနနဲ႔ဖြင့္ပါတယ္။
ဘာေၾကာင့္လဲဆုိေတာ့ ျဗဟၼစုိရ္
မ်က္စိနဲ႔ျမင္တ့ဲ အျမင္မွာ
"ေမတၱာ-ကရုဏာ-မုဒိတာ
ဥေပကၡာ"ဆုိတ့ဲ ကုသုိလ္တရားနဲ႔ ယွဥ္တ့ဲအျမင္မ်ိဳး
ေတြသာ ျဖစ္လုိ႔ပါပဲ တ့ဲ။

(၃)သမာဓိ အျမင္
===========
လူကုိ သမာဓိအျမင္မ်ိဳးနဲ႔ ၾကည့္တ့ဲအခါမွာေတာ့
လူလုိ႔ပင္ မျမင္ေတာ့ဘူး တ့ဲ။ ရုပ္နာမ္အေနနဲ႔ပဲ
ျမင္ပါတယ္တ့ဲ။
ဤေလာက၌ ပုဂၢိဳလ္သတၱဝါဆုိ
တာမရွိ။ ရုပ္နာမ္ပဲ ရွိတယ္။
ဒါ သမာဓိမ်က္စိနဲ႕
ၾကည့္တ့ဲလူရဲ႕အျမင္ပဲ။
ပရမတၳသစၥာ သေဘာ
အရ ဒါမွန္ပါတယ္။
ဒါေပမယ့္ မူလအာရုံက လူပဲ
ျဖစ္တယ္ဆုိတ့ဲ အေနအထားကေတာ့ ေျပာင္းလဲမႈ မရွိပါဘူး။
ၾကည့္တ့ဲ ျမင္တ့ဲလူေတြရဲ႕ အျမင္
ကသာ ေျပာင္းလဲသြားျခင္း ျဖစ္ပါတယ္။

(၄)ဝိပႆနာ အျမင္
=============
ဝိပႆနာ ဥာဏ္မ်က္စိနဲ႔ ၾကည့္ျပန္ေတာ့ လူကုိလူလုိ႔ပင္ မျမင္ေတာ့ပါဘူး။ ရုပ္နာမ္လည္းမျမင္ေတာ့
ပါဘူးတ့ဲ။ ျဖစ္ပ်က္ပဲ ျမင္ပါေတာ့တယ္ တ့ဲ။
ဒါက အပၸမာဒအေပၚ အေျခခံတ့ဲ သမာဓိ အားျပည့္လာတ့ဲအခါ ျမင္တ့ဲအျမင္မ်ိဳးပဲျဖစ္တယ္။

(၅)မဂ္ဥာဏ္ အျမင္
============
မဂ္ဥာဏ္အျမင္နဲ႔ လူကုိၾကည့္ေတာ့ လူကုိလူလုိ
လည္းမျမင္။ ရုပ္နာမ္လည္းမျမင္။ ျဖစ္ပ်က္ဆုိ
တာလည္း မျမင္ေတာ့ပါဘူးတ့ဲ။ သူတုိ႔တကယ္
တမ္းျမင္ရတာက ျဖစ္ပ်က္တုိ႔ ကုန္ဆုံးရာနိဗၺာန္
ဆုိတ့ဲ"သုညတ"သာ ျဖစ္ပါေတာ့တယ္တ့ဲ။
ဒါက အျမင္ထဲမွာ အဆင့္အျမင့္ဆုံး အထြဋ္အထိပ္ အျမင္ပါပဲ။ အရိယသစၥာ အျမင္လုိ႔လည္း ေျပာရပါမယ္။

ဒီေနရာမွာသတိေပးခ်င္တာက
"ပပဥၥ"မ်က္လုံးနဲ႔
ၾကည့္တတ္တ့ဲ ျမင္တတ္တ့ဲ အျမင္မ်ဴိးေတြကုိ သတိ
ထားသင့္ၾကတယ္ ဆုိတာပဲျဖစ္တယ္။အဲဒါေတြ
အားေကာင္းလာရင္
"ဣဒံ သစၥံ-ေမာဃ မညံ"
ဆုိတ့ဲ ငါသည္သာ သစၥာ
ငါ့လူမ်ဴိးသည္သာ သစၥာ
ငါ့တုိင္းျပည္သည္သာ သစၥာဟူ၍ ေမာက္မာျခင္း သေဘာတရားေတြ ျဖစ္လာျပီး ဘာသာမတူ
အယူဝါဒမတူ/လူမ်ိဳး မတူသူေတြ အေပၚမွာ အလကား အခ်ည္းအႏွီးဆုိျပီး ျမင္လာတတ္ပါတယ္။
အဲဒီ ေမာက္မာျခင္းဆုိတ့ဲ သေဘာတရားမွာ
တပ္မက္ျခင္းတဏွာနဲ႔ မည္သည့္ အခါမွ မက်ဆုံးႏိုင္ ဟူတဲ့ အခုိင္အမာျပဳျခင္း ဒိ႒ိလည္း ပါေနတယ္
ဆုိတာကို သတိျပဳ ၾကရပါမယ္။ အတၱသေဘာသည္
သူတပါးကုိ ကယ္တင္သလုိလုိနဲ႔ နစ္နာေစရန္သာ
ျဖစ္တတ္သည္ကုိလည္း
သုံးသပ္နုိင္ ၾကပါေစ။
ဒါက ေထရဝါဒ ဗုဒၶဘာသာရဲ႕ အႏွစ္တရားစစ္စစ္
ပါပဲ။

ဆရာေတာ္ႀကီးမ်ား၏ ၾသ၀ါဒေတာ္မ်ား


Unicode

အမြင် အမျိုးမျိုး
****************

(၁)ပပဉ္စ အမြင်
===========
ပပဉ္စအမြင် ဆိုတာ တဏှာ-မာန-ဒိဋ္ဌိသုံးပါးနဲ့ စွဲပြီးတော့ မြင်တဲ့ အမြင်မျိုးကို ပြောတာဖြစ်ပါတယ်။
လူကိုလူလို့ မမြင်ဘူး။
ဒီလူက တရုတ်ကြီး၊
ဒီလူက ကုလား၊ ဒီလူကတော့ မြန်မာ
ဟာ! ဒီလူကြီးကတော့ အင်္ဂလိပ်ကြီးဟ
ဆိုပြီး ခွဲခြားပြီးမြင်တဲ့
အမြင်မျိုး ဖြစ်ပါတယ်။
ဒီတော့ ဘာဖြစ်လာလဲဆိုရင်
အချစ်တွေ အမုန်းတွေ အစွဲတွေ
ဖြစ်လာတယ်။ မြန်မာနိုင်ငံသားချင်း တူတာတောင်မှ ဒီကောင်က
ကရင် ဒီကောင်ကရခိုင် ဒီလူကြီးက ချင်းကြီးပါဟဆိုပြီး အနုစိတ် တစ်ခါ ခွဲခြားပြီးတော့ မြင်ပြန်တယ်။
ဒါက ပပဉ္စမျက်စိနဲ့ကြည့်ပြီး
ပမာဒတရား လွှမ်းမိုး နေတဲ့လူတွေရဲ့ အကြည့်နဲ့အမြင်ပဲ ဖြစ်ပါတယ်။
ပမာဒတရားဆိုတာ မေ့မေ့လျော့လျော့ဖြစ်သွား
အောင်ပြုတတ်တဲ့ တရားကို ခေါ်တာဖြစ်ပါတယ်။
အဲဒီပမာဒတရားက ကိုယ်တိုင်လည်း အကုသိုလ်ဖြစ်သလို ကိန်းအောင်းခြင်းခံရတဲ့ ပုဂ္ဂိုလ်ကိုလည်း
အကုသိုလ် လုပ်မိအောင် ဖန်တီးတတ်တယ်။

(၂)ဗြဟ္မစိုရ် အမြင်
============
ဒီဗြဟ္မစိုရ်အမြင်မျိုးမှာတော့ ကုလား-တရုတ်
အင်္ဂလိပ်-မြန်မာ-ဝန်ကြီးချူ ပ်-ရုံးစောင့်ဆိုပြီး
တော့ ခွဲမမြင်ပါဘူး။
လူကိုလူလို့ပဲ မြင်ပါတယ်။
ဒီတော့ ဘာဖြစ်လဲဆိုရင်
အချစ်အမုန်းမရှိဘူး။
အချစ်အမုန်း နှစ်ခုစလုံးဟာ အကုသိုလ်ပဲလို့
သူက ရှုမြင်ပါတယ်။
ဒီနေရာမှာ ချစ်ခြင်းတရားကို
အဘိဇ္ဈာအနေနဲ့ဆိုပြီး မုန်းခြင်းကို ဒေါမနဿ အနေနဲ့ဖွင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဗြဟ္မစိုရ်
မျက်စိနဲ့မြင်တဲ့ အမြင်မှာ
"မေတ္တာ-ကရုဏာ-မုဒိတာ
ဥပေက္ခာ"ဆိုတဲ့ ကုသိုလ်တရားနဲ့ ယှဉ်တဲ့အမြင်မျိုး
တွေသာ ဖြစ်လို့ပါပဲ တဲ့။

(၃)သမာဓိ အမြင်
===========
လူကို သမာဓိအမြင်မျိုးနဲ့ ကြည့်တဲ့အခါမှာတော့
လူလို့ပင် မမြင်တော့ဘူး တဲ့။ ရုပ်နာမ်အနေနဲ့ပဲ
မြင်ပါတယ်တဲ့။
ဤလောက၌ ပုဂ္ဂိုလ်သတ္တဝါဆို
တာမရှိ။ ရုပ်နာမ်ပဲ ရှိတယ်။
ဒါ သမာဓိမျက်စိနဲ့
ကြည့်တဲ့လူရဲ့အမြင်ပဲ။
ပရမတ္ထသစ္စာ သဘော
အရ ဒါမှန်ပါတယ်။
ဒါပေမယ့် မူလအာရုံက လူပဲ
ဖြစ်တယ်ဆိုတဲ့ အနေအထားကတော့ ပြောင်းလဲမှု မရှိပါဘူး။
ကြည့်တဲ့ မြင်တဲ့လူတွေရဲ့ အမြင်
ကသာ ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။

(၄)ဝိပဿနာ အမြင်
=============
ဝိပဿနာ ဉာဏ်မျက်စိနဲ့ ကြည့်ပြန်တော့ လူကိုလူလို့ပင် မမြင်တော့ပါဘူး။ ရုပ်နာမ်လည်းမမြင်တော့
ပါဘူးတဲ့။ ဖြစ်ပျက်ပဲ မြင်ပါတော့တယ် တဲ့။
ဒါက အပ္ပမာဒအပေါ် အခြေခံတဲ့ သမာဓိ အားပြည့်လာတဲ့အခါ မြင်တဲ့အမြင်မျိုးပဲဖြစ်တယ်။

(၅)မဂ်ဉာဏ် အမြင်
============
မဂ်ဉာဏ်အမြင်နဲ့ လူကိုကြည့်တော့ လူကိုလူလို
လည်းမမြင်။ ရုပ်နာမ်လည်းမမြင်။ ဖြစ်ပျက်ဆို
တာလည်း မမြင်တော့ပါဘူးတဲ့။ သူတို့တကယ်
တမ်းမြင်ရတာက ဖြစ်ပျက်တို့ ကုန်ဆုံးရာနိဗ္ဗာန်
ဆိုတဲ့"သုညတ"သာ ဖြစ်ပါတော့တယ်တဲ့။
ဒါက အမြင်ထဲမှာ အဆင့်အမြင့်ဆုံး အထွဋ်အထိပ် အမြင်ပါပဲ။ အရိယသစ္စာ အမြင်လို့လည်း ပြောရပါမယ်။

ဒီနေရာမှာသတိပေးချင်တာက
"ပပဉ္စ"မျက်လုံးနဲ့
ကြည့်တတ်တဲ့ မြင်တတ်တဲ့ အမြင်မျိူးတွေကို သတိ
ထားသင့်ကြတယ် ဆိုတာပဲဖြစ်တယ်။အဲဒါတွေ
အားကောင်းလာရင်
"ဣဒံ သစ္စံ-မောဃ မညံ"
ဆိုတဲ့ ငါသည်သာ သစ္စာ
ငါ့လူမျိူးသည်သာ သစ္စာ
ငါ့တိုင်းပြည်သည်သာ သစ္စာဟူ၍ မောက်မာခြင်း သဘောတရားတွေ ဖြစ်လာပြီး ဘာသာမတူ
အယူဝါဒမတူ/လူမျိုး မတူသူတွေ အပေါ်မှာ အလကား အချည်းအနှီးဆိုပြီး မြင်လာတတ်ပါတယ်။
အဲဒီ မောက်မာခြင်းဆိုတဲ့ သဘောတရားမှာ
တပ်မက်ခြင်းတဏှာနဲ့ မည်သည့် အခါမှ မကျဆုံးနိုင် ဟူတဲ့ အခိုင်အမာပြုခြင်း ဒိဋ္ဌိလည်း ပါနေတယ်
ဆိုတာကို သတိပြု ကြရပါမယ်။ အတ္တသဘောသည်
သူတပါးကို ကယ်တင်သလိုလိုနဲ့ နစ်နာစေရန်သာ
ဖြစ်တတ်သည်ကိုလည်း
သုံးသပ်နိုင် ကြပါစေ။
ဒါက ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အနှစ်တရားစစ်စစ်
ပါပဲ။

ဆရာတော်ကြီးများ၏ သြဝါဒတော်များ

No comments:

Post a Comment