ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, April 20, 2017

အသိဥာဏ်ရှိသောလူတွေဟာ ပိုကြောက်ဖို့ကောင်းကြောင်း သက်သေပြခဲ့တဲ့Video

၆နာရီအတွင်း ခန္ဓာကိုယ်နဲ့ရင်းကာ လူတွေကိုကြိုက်ရာ လုပ်ဖို့ ခွင့်ပြုထားပြီး…လူတွေဘယ်လောက်ထိ ကြောက်ဖို့ ကောင်းလဲ…ဆိုတာကိုပြသွားတဲ့…အမျိုးသမီး



သူမခန္ဓာကိုယ်ကို စိတ်ကြိုက်လုပ်ဆောင်နိုင်ဖို့ အတွက် ကျည်ဆန်တစ်ခုပါတဲ့ ပစ္စတိုသေနတ် အပါအ၀င် ပစ္စည်း အမျိုးအစား ၇၂ မျိုး ချပေးထားပါတယ်။
(အောက်ဆုံးတွင် ဗီဒီယိုLinkတွဲတင်ပေးထားပါသည် )

Marina Abramovic ဟာ အနုပညာသည်တစ်ဦး ဖြစ်ပါတယ်။သူမကအနုပညာသည်တစ်ယောက်ကို (၆)နာရီ အတွင်း ဘာမဆိုလုပ်ခွင့်ရမယ်ဆို လူတွေ ဘာလုပ်ကြမလဲ ဆိုတာသိချင်လို့ သူမ စမ်းသပ်ခဲ့တယ်။

လူတွေဆန္ဒရှိတဲ့အတိုင်း သူမခန္ဓာကိုစိတ်ကြိုက်လုပ်လို့ ရအောင် ပစ္စည်း(၇၂) မျိုးချပေးထားတယ်။ သူတို့ လုပ်သမျှအတွက်တော့ တာဝန်ယူရမယ် လို့ သူမ က ပြောထားပါတယ်။

အရင်ဆုံး လူတွေက သူမကိုပြက်ရယ်ပြုကြတယ်။ သူမ နေရာအနေထားကို ပြောင်းတယ်..လက်မောင်းကို မ တင်တယ်.. သူမ မျက်နှာနဲ့အခြားနေရာတွေကို ပေါက်ကရ စာတွေလျှောက်ရေးတယ်။

တခဏတာကြာပြီးနောက်အခြေအနေက ပိုဆိုး 
သွားတယ်.. သူမကိုအန္တရာယ်ရှိတဲ့အရာတွေနဲ့ မျိုးစုံ လုပ်ပါတော့တယ်။

လူတစ်ယောက်ဆို သူမလည်ပင်းကိုဓားနဲ့ခြစ်သွားတယ်
နောက်တစ်ယောက်ကလည်း သူမလက်ထဲသေနတ် ထည့်ပေးပြီး ကိုယ့်ကိုကိုယ်ချိန်နေသလို ပုံစံမျိုးတွေ လုပ်တယ်။ ကိုယ်ထိလက်ရောက် စော်ကားလာတဲ့ ယောက်ျားတွေလည်း ရှိတယ် ..သူမကတော့ ဘာမှပြန် မလုပ်ဘူး။

၆နာရီပြည့်သွားတဲ့အချိန်မှာ အနားတ၀ိုက်ကို သူမ ပုံမှန်အတိုင်း လျှောက်ကြည့်တယ်။ သူမ ကို ကိုယ်ထိလက်ရောက်စော်ကားတဲ့လူတွေ.. ထိခိုက် ဒဏ်ရာ ရအောင်လုပ်တဲ့သူတွေ…သူမ မျက်နှာကို စေ့စေ့တောင်မကြည့်ရဲကြဘူး ။ သူမကို ရှောင်ပြီး ထွက်ပြေးကြတယ် ။ သူတို့လုပ်ထားတာ သူတို့သိလို့ ဒီလိုထွက်ပြေးတယ်ဆိုတာ သူမ သိနေတယ်လေ။
လူတွေဟာ ကြောက်စရာအကောင်းဆုံးမျိုးစိတ်တွေပါပဲ။

 https://m.youtube.com/watch?v=xTBkbseXfOQ

#Credit_Buzzy_Com


No comments:

Post a Comment