(၀)
ပုိက္ဆံရလုိ႔ အျပာကားရုိက္တယ္
ဒါပါပဲ။
(၁)
ေယာက္်ားတစ္ေယာက္အဖုိ႔
ပညာမတတ္ရင္ ပုိက္ဆံမရွိရင္
လုပ္စားဖုိ႔ အားေကာင္ေမာင္းသန္ပုခုံးနဲ႔
ၾကြက္သားဖုထစ္ လက္ႏွစ္ဖက္ရွိေသးတယ္
မိန္းမတစ္ေယာက္အဖုိ႔ေတာ့
ပညာမတတ္ရင္ ေငြမရွိရင္
သဘာဝကေပးတဲ႔
ေဟာဒိေပါင္ၾကားကလယ္ကြက္ပဲ ရွိေတာ့တယ္။
(၂)
ဇာတ္နာေအာင္ မ်က္ရည္မခ်ဴေတာ့ပါဘူး
ပညာမတတ္ ပုိက္ဆံမရွိ အိမ္ေထာင္ေရးကံမေကာင္းဘူး
ဒါပါပဲ. . .
ပထမေတာ့ ေကတီဗီ ဒုတိယမာဆတ္
ေနာက္ေတာ့လည္း ဒီလုိင္းေရာက္လာတာပါပဲ
ရွက္လဲရွက္ မရွက္လည္းမရွက္ေတာ့ပါဘူး
ရွင္းရွင္းေျပာရင္ ဖာသည္ေပါ႔။
သူမ်ားႏုိင္ငံမွာေတာ့
ဖာသည္လူတန္းစားအတြက္ ဥပေဒရွိတယ္
တရားမ်ွတမႈနဲ႔ လူ႔အခြင့္အေရးရွိတယ္
ဒီနူိင္ငံမွာေတာ့ အားလုံးရဲ႕တံေထြးခြက္ပဲရွိတယ္
ခရမ္းျပာတုိ႔က လူ႔အသုိင္းအဝုိင္းအျပင္ဘက္ကေလ။
(၃)
ဒုကၡေရာက္တာေပါ႔
အရင္လည္း အထဲဝင္ဖူးတယ္
ေျပးရင္းလႊားရင္း ေျမာင္းထဲလိမ့္က်ဖူးတယ္
လုိင္းေၾကးရွိေပမယ့္ စီမံခ်က္ဆုိေျပးရတာပဲ
တခါကဆုိ အသြင္ယူဖမ္းတဲ႔ၾကြက္နဲ႔
ရထားလမ္းေဘး အိပ္ခဲ႔ရေသးတယ္။
ေယာက္်ားေတြက သူတုိ႔စိတ္ထန္ရင္
သမီးအရင္းေတာင္ ျဖစ္တာရွိတယ္
အသက္ျပည့္တာမျပည့္တာ မစဥ္းစားေတာ့ဘူးေလ
ခရမ္းျပာတုိ႔ရွိလုိ႔သာ ဒီဆႏၵေတြေျဖေဖ်ာက္ႏုိင္တာ
မဟုတ္ရင္ ကမ႓ာပ်က္တာၾကာေပါ႔။
(၄)
မရွိမျဖစ္ ခရမ္းျပာပါ
ဖာသည္ဆုိတာ ဟုိးပေဝသဏီကလည္းရွိတယ္
ယခုလည္းရွိတယ္ ေနာင္လည္းရွိေနမယ္
ဖာသည္မုိ႔ ဖာသည္အခြင့္အေရးလုိခ်င္တယ္
ထုိင္းက ပက္ပုန္းလုိ စင္ကာပူကေဂလန္းလုိ
ေနရာအတိအက် ရွိေစခ်င္တယ္
တရားဝင္အခြန္ေဆာင္ခ်င္တယ္
မီဒီယာမွာ ေၾကာ္ညာခ်င္တယ္
လႊတ္ေတာ္မွာ ဥပေဒေရးဆြဲျပီး
ျပည့္တန္ဆာဥပေဒရယ္လုိ႔ ျပ႒ာန္းေစခ်င္တယ္။
မဟုတ္ရင္
အႏူိင္က်င့္ခံရတာ မ်ားတယ္ေလ
ေခါင္း(ေဂါင္း)က ေခါင္းပုံျဖတ္တာရွိတယ္
တစ္ေယာက္ဆုိျပီး ငါးေယာက္ျဖစ္ဖူးတယ္
တစ္ရာေပးျပီး ႏွစ္ရာဖုိးခံရတာရွိတယ္
အေၾကြးဆုံးတာ ရွိဖူးတယ္
ခရမ္းျပာတုိ႔က အမႈဖြင့္လုိ႔မရဘူးေလ
လမ္းေပၚတက္ ဆႏၵျပလုိ႔မရဘူးေလ
ခရမ္းျပာမွာ အိပ္မက္တစ္ခုရွိတယ္
တစ္ေန႔မွာ ဥပေဒေဘာင္အတြင္းေနႏူိင္ရမယ္ေပါ႔။
(၅)
ဥပေဒ အကာအကြယ္ရွိလုိ႔ေတာ့
မိန္းမတုိင္း ဖာမျဖစ္ႏူိင္ပါဘူး
ဖာသည္ဆုိတာ ဝဋ္ရွိမွခံရတဲ႔
အသူရကယ္ဘုံသား ဘဝပါ
ဘယ္မိန္းကေလးမွ အလကားေနရင္း
ေငြအတြက္လူကုိမရင္းပါဘူး။
ေအာ္ ကေလးေတြအတုယူမွားမယ္ဟုတ္လား
ေျပာစမ္းပါဦး
ေဘာ္ဒါေက်ာင္းမွာ ဗုိက္ၾကီးတဲ႔အေၾကာင္းေလး
ေအာ္ မိန္းကေလးေတြထြက္ေပါက္အမွား
ျပမိသလုိျဖစ္မယ္ဟုတ္လား
ေျပာစမ္းပါဦး
ထုိင္းမွာ လူကုန္ကူးရင္းအသက္စြန္႔ရတဲ႔အေၾကာင္းေလး
ေအာ္ ျမန္မာ့ယဥ္ေက်းမႈနဲ႔ မကုိက္ညီဘူးဟုတ္လား
ေျပာစမ္းပါဦး
အရူးမေတာင္ခ်မ္းသာမေပးတဲ႔အေၾကာင္းေလး။
(၆)
ေဟာဒိေပါင္ၾကားက ဟာၾကီးက
ကြ်န္မပုိင္ ပစၥည္းေလ
ကုိယ့္ခႏၶာကုိယ္ေပၚက ကုိယ္ပုိင္ပစၥည္းမုိ႔
ကုိယ္ၾကိဳက္သလုိ သုံးခြင့္ရွိရမွာေပါ႔
ဒါခရမ္းျပာဒီမုိကေရစီပဲ။
ကုိယ့္ပစၥည္းကုိ ႏူိင္ငံေတာ္ပုိင္မလုပ္ႏူိင္ဘူး
အုပ္ခ်ဳပ္ေရးမွဴ း ရွယ္ယာပါတာမဟုတ္ဘူးေလ
ဒါက အေမေပးခဲ႔တဲ႔ သဘာဝအေမြပါ
အခန္႔မသင့္ရင္ လုပ္စားဖုိ႔
ဘုရားဖန္ဆင္းတာ ျဖစ္ခ်င္ျဖစ္မယ္။
(၇)
ပညာမဲ႔တုိင္း ေငြမရွိတုိင္း
ဒီအလုပ္လုပ္ရမယ္လုိ႔ မဆုိလုိပါဘူး
လုိအပ္လုိ႔ရွိရတဲ႔ လူတန္းစားတစ္ရပ္ဆုိတာ
အားလုံးကုိ နားလည္ေစခ်င္တာ
အတိတ္ကံလည္း ရွိမယ္ထင္တယ္
ေငြရလြယ္တာလည္း ၾကိဳက္တယ္
ရာဂစိတ္လည္း ရွိလုိ႔ျဖစ္တယ္။
ေကာင္းေရာင္းေကာင္းဝယ္လုပ္ခ်င္စိတ္ေတာ့
မိန္းမတုိင္း ရွိလိမ့္မယ္
ဘဝကေမွာင္ျပီဆုိ မေမ်ွာ္လင့္တဲ႔ေခ်ာက္ကမ္းပါးေတြ
ျပည့္ႏွက္ေနတတ္တယ္
လမ္းမွန္ေပၚျပန္ေရာက္ဖုိ႔ မျဖစ္ႏူိင္ေသးတဲ႔အခါ
ဘဝကုိ အံၾကိတ္ျဖတ္သန္းရင္း
ဒုတိယအၾကိမ္ သံတုိင္ၾကားေရာက္ရျပန္တာေပါ႔ေလ
သမီးတစ္ေယာက္ကုိေတာ့ အဖုိးအဖြားဆီထားခဲ႔ရတယ္
ပညာတတ္ၾကီးျဖစ္ေစခ်င္တယ္ေလ။
(၈)
ဘဝကုိ ေဒါင္က်က် ျပားက်က်
တရားမ်ွတစြာ ျဖတ္သန္းခဲ႔တဲ႔ခရမ္းျပာပါ
ငါးပါးသီလ ျမဲခဲ႔တယ္။
ျပည့္တန္ဆာအမႈနဲ႔
အခုလုိ သံတုိင္ၾကားေရာက္တဲ႔အခါ နားရတာေပါ႔ေလ
ဒီအခ်ိန္မွာ အေတာင့္တဆုံးက
ခရမ္းျပာလူတန္းစားရဲ႕ခံစားခ်က္ကုိ
သမၼတၾကီးဦးထင္ေက်ာ္ သိေစခ်င္တယ္
ႏူိင္ငံတကာမွာလုိ
ဥပေဒအကာအကြယ္ေပးေစခ်င္တယ္
အားလည္းနာ အားလည္းကုိးပါတယ္။
လြတ္လပ္စြာ ေျပာဆုိေရးသားခြင့္အတြက္
တုိက္ပြဲဝင္တုန္းက ခရမ္းျပာလည္းပါတယ္ေလ
ဆုိေတာ့လည္း . . .
ျပည့္တန္ဆာအမႈနဲ႔ သံတုိင္ၾကားေရာက္ရရွာသူ
ခရမ္းျပာလည္း ေျပာျပီေလ။
(၉)
အခုေတာ့ ေထာင္သက္ေစ့လုိ႔လြတ္ခဲ့ၿပီ
လုပ္စားရတာအဆင္မေျပဘူး
လူရာမသြင္းၾကျပန္ဘူး
ပုိက္ဆံရလုိ႔ ပြန္းစတားလုပ္မလုိ႔ပါပဲ
ဟုတ္တယ္ ပုိက္ဆံရလုိ႔ကုိယ္ကၽြမ္းက်င္ရာလုပ္ငန္း
အျပာကားရုိက္လုိက္တာေပါ့ လူႀကီးမင္းတုိ႔ရွင္။
စုေမာင္ေမာင္
Unicode
*****##ရေးထားချက်ကပက်စက်ပါပေ့!
(ခရမ်းပြာလည်း ပြောပြီလေ)
$$$$$$$$$$$$$$$$$$$$$$$$$$$
(ဝ)
ပိုက်ဆံရလို့ အပြာကားရိုက်တယ်
ဒါပါပဲ။
(၁)
ယောက်ျားတစ်ယောက်အဖို့
ပညာမတတ်ရင် ပိုက်ဆံမရှိရင်
လုပ်စားဖို့ အားကောင်မောင်းသန်ပုခုံးနဲ့
ကြွက်သားဖုထစ် လက်နှစ်ဖက်ရှိသေးတယ်
မိန်းမတစ်ယောက်အဖို့တော့
ပညာမတတ်ရင် ငွေမရှိရင်
သဘာဝကပေးတဲ့
ဟောဒိပေါင်ကြားကလယ်ကွက်ပဲ ရှိတော့တယ်။
(၂)
ဇာတ်နာအောင် မျက်ရည်မချူတော့ပါဘူး
ပညာမတတ် ပိုက်ဆံမရှိ အိမ်ထောင်ရေးကံမကောင်းဘူး
ဒါပါပဲ. . .
ပထမတော့ ကေတီဗီ ဒုတိယမာဆတ်
နောက်တော့လည်း ဒီလိုင်းရောက်လာတာပါပဲ
ရှက်လဲရှက် မရှက်လည်းမရှက်တော့ပါဘူး
ရှင်းရှင်းပြောရင် ဖာသည်ပေါ့။
သူများနိုင်ငံမှာတော့
ဖာသည်လူတန်းစားအတွက် ဥပဒေရှိတယ်
တရားမျှတမှုနဲ့ လူ့အခွင့်အရေးရှိတယ်
ဒီနိူင်ငံမှာတော့ အားလုံးရဲ့တံထွေးခွက်ပဲရှိတယ်
ခရမ်းပြာတို့က လူ့အသိုင်းအဝိုင်းအပြင်ဘက်ကလေ။
(၃)
ဒုက္ခရောက်တာပေါ့
အရင်လည်း အထဲဝင်ဖူးတယ်
ပြေးရင်းလွှားရင်း မြောင်းထဲလိမ့်ကျဖူးတယ်
လိုင်းကြေးရှိပေမယ့် စီမံချက်ဆိုပြေးရတာပဲ
တခါကဆို အသွင်ယူဖမ်းတဲ့ကြွက်နဲ့
ရထားလမ်းဘေး အိပ်ခဲ့ရသေးတယ်။
ယောက်ျားတွေက သူတို့စိတ်ထန်ရင်
သမီးအရင်းတောင် ဖြစ်တာရှိတယ်
အသက်ပြည့်တာမပြည့်တာ မစဉ်းစားတော့ဘူးလေ
ခရမ်းပြာတို့ရှိလို့သာ ဒီဆန္ဒတွေဖြေဖျောက်နိုင်တာ
မဟုတ်ရင် ကမ္ဘာပျက်တာကြာပေါ့။
(၄)
မရှိမဖြစ် ခရမ်းပြာပါ
ဖာသည်ဆိုတာ ဟိုးပဝေသဏီကလည်းရှိတယ်
ယခုလည်းရှိတယ် နောင်လည်းရှိနေမယ်
ဖာသည်မို့ ဖာသည်အခွင့်အရေးလိုချင်တယ်
ထိုင်းက ပက်ပုန်းလို စင်ကာပူကဂေလန်းလို
နေရာအတိအကျ ရှိစေချင်တယ်
တရားဝင်အခွန်ဆောင်ချင်တယ်
မီဒီယာမှာ ကြော်ညာချင်တယ်
လွှတ်တော်မှာ ဥပဒေရေးဆွဲပြီး
ပြည့်တန်ဆာဥပဒေရယ်လို့ ပြဋ္ဌာန်းစေချင်တယ်။
မဟုတ်ရင်
အနိူင်ကျင့်ခံရတာ များတယ်လေ
ခေါင်း(ဂေါင်း)က ခေါင်းပုံဖြတ်တာရှိတယ်
တစ်ယောက်ဆိုပြီး ငါးယောက်ဖြစ်ဖူးတယ်
တစ်ရာပေးပြီး နှစ်ရာဖိုးခံရတာရှိတယ်
အကြွေးဆုံးတာ ရှိဖူးတယ်
ခရမ်းပြာတို့က အမှုဖွင့်လို့မရဘူးလေ
လမ်းပေါ်တက် ဆန္ဒပြလို့မရဘူးလေ
ခရမ်းပြာမှာ အိပ်မက်တစ်ခုရှိတယ်
တစ်နေ့မှာ ဥပဒေဘောင်အတွင်းနေနိူင်ရမယ်ပေါ့။
(၅)
ဥပဒေ အကာအကွယ်ရှိလို့တော့
မိန်းမတိုင်း ဖာမဖြစ်နိူင်ပါဘူး
ဖာသည်ဆိုတာ ဝဋ်ရှိမှခံရတဲ့
အသူရကယ်ဘုံသား ဘဝပါ
ဘယ်မိန်းကလေးမှ အလကားနေရင်း
ငွေအတွက်လူကိုမရင်းပါဘူး။
အော် ကလေးတွေအတုယူမှားမယ်ဟုတ်လား
ပြောစမ်းပါဦး
ဘော်ဒါကျောင်းမှာ ဗိုက်ကြီးတဲ့အကြောင်းလေး
အော် မိန်းကလေးတွေထွက်ပေါက်အမှား
ပြမိသလိုဖြစ်မယ်ဟုတ်လား
ပြောစမ်းပါဦး
ထိုင်းမှာ လူကုန်ကူးရင်းအသက်စွန့်ရတဲ့အကြောင်းလေး
အော် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဟုတ်လား
ပြောစမ်းပါဦး
အရူးမတောင်ချမ်းသာမပေးတဲ့အကြောင်းလေး။
(၆)
ဟောဒိပေါင်ကြားက ဟာကြီးက
ကျွန်မပိုင် ပစ္စည်းလေ
ကိုယ့်ခန္ဓာကိုယ်ပေါ်က ကိုယ်ပိုင်ပစ္စည်းမို့
ကိုယ်ကြိုက်သလို သုံးခွင့်ရှိရမှာပေါ့
ဒါခရမ်းပြာဒီမိုကရေစီပဲ။
ကိုယ့်ပစ္စည်းကို နိူင်ငံတော်ပိုင်မလုပ်နိူင်ဘူး
အုပ်ချုပ်ရေးမှူ း ရှယ်ယာပါတာမဟုတ်ဘူးလေ
ဒါက အမေပေးခဲ့တဲ့ သဘာဝအမွေပါ
အခန့်မသင့်ရင် လုပ်စားဖို့
ဘုရားဖန်ဆင်းတာ ဖြစ်ချင်ဖြစ်မယ်။
(၇)
ပညာမဲ့တိုင်း ငွေမရှိတိုင်း
ဒီအလုပ်လုပ်ရမယ်လို့ မဆိုလိုပါဘူး
လိုအပ်လို့ရှိရတဲ့ လူတန်းစားတစ်ရပ်ဆိုတာ
အားလုံးကို နားလည်စေချင်တာ
အတိတ်ကံလည်း ရှိမယ်ထင်တယ်
ငွေရလွယ်တာလည်း ကြိုက်တယ်
ရာဂစိတ်လည်း ရှိလို့ဖြစ်တယ်။
ကောင်းရောင်းကောင်းဝယ်လုပ်ချင်စိတ်တော့
မိန်းမတိုင်း ရှိလိမ့်မယ်
ဘဝကမှောင်ပြီဆို မမျှော်လင့်တဲ့ချောက်ကမ်းပါးတွေ
ပြည့်နှက်နေတတ်တယ်
လမ်းမှန်ပေါ်ပြန်ရောက်ဖို့ မဖြစ်နိူင်သေးတဲ့အခါ
ဘဝကို အံကြိတ်ဖြတ်သန်းရင်း
ဒုတိယအကြိမ် သံတိုင်ကြားရောက်ရပြန်တာပေါ့လေ
သမီးတစ်ယောက်ကိုတော့ အဖိုးအဖွားဆီထားခဲ့ရတယ်
ပညာတတ်ကြီးဖြစ်စေချင်တယ်လေ။
(၈)
ဘဝကို ဒေါင်ကျကျ ပြားကျကျ
တရားမျှတစွာ ဖြတ်သန်းခဲ့တဲ့ခရမ်းပြာပါ
ငါးပါးသီလ မြဲခဲ့တယ်။
ပြည့်တန်ဆာအမှုနဲ့
အခုလို သံတိုင်ကြားရောက်တဲ့အခါ နားရတာပေါ့လေ
ဒီအချိန်မှာ အတောင့်တဆုံးက
ခရမ်းပြာလူတန်းစားရဲ့ခံစားချက်ကို
သမ္မတကြီးဦးထင်ကျော် သိစေချင်တယ်
နိူင်ငံတကာမှာလို
ဥပဒေအကာအကွယ်ပေးစေချင်တယ်
အားလည်းနာ အားလည်းကိုးပါတယ်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အတွက်
တိုက်ပွဲဝင်တုန်းက ခရမ်းပြာလည်းပါတယ်လေ
ဆိုတော့လည်း . . .
ပြည့်တန်ဆာအမှုနဲ့ သံတိုင်ကြားရောက်ရရှာသူ
ခရမ်းပြာလည်း ပြောပြီလေ။
(၉)
အခုတော့ ထောင်သက်စေ့လို့လွတ်ခဲ့ပြီ
လုပ်စားရတာအဆင်မပြေဘူး
လူရာမသွင်းကြပြန်ဘူး
ပိုက်ဆံရလို့ ပွန်းစတားလုပ်မလို့ပါပဲ
ဟုတ်တယ် ပိုက်ဆံရလို့ကိုယ်ကျွမ်းကျင်ရာလုပ်ငန်း
အပြာကားရိုက်လိုက်တာပေါ့ လူကြီးမင်းတို့ရှင်။
စုမောင်မောင်
No comments:
Post a Comment