ေရာက္ကူးခတ္စဥ္ မိတ္ကပ္မပါတဲ့ ဇနီးရဲ႕မ်က္ႏွာကို ပထမဆုံးအႀကိမ္ျမင္လုိက္ရတဲ့ ခင္ပြန္းဟာ ဇနီးသည္ကို ခ်က္ခ်င္း ကြာရွင္းခဲ့ေၾကာင္း ဒူဘုိင္းအေျခစုိက္ သတင္းစာတစ္ေစာင္ျဖစ္တဲ့ Aletihad သတင္းစာမွာေဖာ္ျပခဲ့ပါတယ္။
ျဖစ္စဥ္မွာ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေရကူးဖုိ႔ ပင္လယ္ထဲ ဆင္းၾကစဥ္ ဇနီးသည္ဟာ မ်က္ႏွာမွာရွိတဲ့ မိတ္ကပ္ေတြကို ပင္ လယ္ေရနဲ႔ အကုန္ ေျပာင္စင္ေအာင္ သစ္ပစ္လုိက္ပါတယ္။ အဲဒီမွာ ခင္ပြန္းသည္လည္း ဇနီးရဲ႕ Before and After အ လွတရားကို ၾကက္ေသေသၿပီး ၾကည့္ေနခဲ့ပါတယ္။
တကယ့္ကို မိတ္ကပ္ပါတဲ့ ႐ုပ္ရည္နဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလးကို ျခားနားတဲ့အေနအထားမုိ႔ ေနာက္ဆုံး သည္းမခံႏုိ္ င္ျဖစ္ ကာ ကြာရွင္းဖုိ႔အထိ ျဖစ္သြားခဲ့ပါတယ္။ တကယ္ေတာ့ အဲဒီအမ်ိဳးသမီးဟာ ပလက္စတစ္ဆာဂ်ရီလုပ္စဥ္က အမွားျဖစ္ ခဲ့ၿပီး မ်က္ခမ္းစပ္အလွဟာ ေတာ္ေတာ္ေလးဟုိ ဟုိဘက္သည္ဘက္ မညီမညာျဖစ္ေနခဲ့ပါတယ္။
ဒါ့အျပင္ မ်က္ႏွာျပင္တစ္ခုတည္းမွာတင္ မ်က္ႏွာအသားအေရာင္က တစ္ေနရာနဲ႔တစ္ေနရာ မတူညီပါဘူး။ ဒါကုိ ဇနီးသည္ ကလည္း သိထားလုိ႔ ယခင္က မိတ္ကပ္ပညာအစြမ္းနဲ႔ ဖုံးဖိထားခဲ့ေပမယ့္ အခုေတာ့ တစ္သက္လုံး ဖုံးလာသမွ် ကုန္းခါမွ ေပၚဆုိသလုိ ပင္လယ္ေရနဲ႔ မ်က္ႏွာကုန္းၿပီးသစ္ကာမွ အကုန္ေပၚကုန္ပါေတာ့တယ္။ ကြာရွင္းခ်ိန္မွာ အမ်ိဳးသားက အ သ က္ 30 အရြယ္ျဖစ္ၿပီး အမ်ိဳးသမီးကေတာ့ အသက္ 24 ႏွစ္ ျဖစ္တယ္လုိ႔ သိရပါတယ္။
Shwemoe မွကူးယူေဖာ္ျပသည္။
Unicode
ယူအေအီးနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ဟာ အပျော်သဘောနဲ့ Sharjah မှာရှိတဲ့ Al Mamzar ကမ်းခြေကို ရေသွား
ရောက်ကူးခတ်စဉ် မိတ်ကပ်မပါတဲ့ ဇနီးရဲ့မျက်နှာကို ပထမဆုံးအကြိမ်မြင်လိုက်ရတဲ့ ခင်ပွန်းဟာ ဇနီးသည်ကို ချက်ချင်း ကွာရှင်းခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Aletihad သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဇနီးမောင်နှံနှစ်ယောက် ရေကူးဖို့ ပင်လယ်ထဲ ဆင်းကြစဉ် ဇနီးသည်ဟာ မျက်နှာမှာရှိတဲ့ မိတ်ကပ်တွေကို ပင် လယ်ရေနဲ့ အကုန် ပြောင်စင်အောင် သစ်ပစ်လိုက်ပါတယ်။ အဲဒီမှာ ခင်ပွန်းသည်လည်း ဇနီးရဲ့ Before and After အ လှတရားကို ကြက်သေသေပြီး ကြည့်နေခဲ့ပါတယ်။
တကယ့်ကို မိတ်ကပ်ပါတဲ့ ရုပ်ရည်နဲ့ယှဉ်ရင် တော်တော်လေးကို ခြားနားတဲ့အနေအထားမို့ နောက်ဆုံး သည်းမခံနို င်ဖြစ် ကာ ကွာရှင်းဖို့အထိ ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ အဲဒီအမျိုးသမီးဟာ ပလက်စတစ်ဆာဂျရီလုပ်စဉ်က အမှားဖြစ် ခဲ့ပြီး မျက်ခမ်းစပ်အလှဟာ တော်တော်လေးဟို ဟိုဘက်သည်ဘက် မညီမညာဖြစ်နေခဲ့ပါတယ်။
ဒါ့အပြင် မျက်နှာပြင်တစ်ခုတည်းမှာတင် မျက်နှာအသားအရောင်က တစ်နေရာနဲ့တစ်နေရာ မတူညီပါဘူး။ ဒါကို ဇနီးသည် ကလည်း သိထားလို့ ယခင်က မိတ်ကပ်ပညာအစွမ်းနဲ့ ဖုံးဖိထားခဲ့ပေမယ့် အခုတော့ တစ်သက်လုံး ဖုံးလာသမျှ ကုန်းခါမှ ပေါ်ဆိုသလို ပင်လယ်ရေနဲ့ မျက်နှာကုန်းပြီးသစ်ကာမှ အကုန်ပေါ်ကုန်ပါတော့တယ်။ ကွာရှင်းချိန်မှာ အမျိုးသားက အ သ က် 30 အရွယ်ဖြစ်ပြီး အမျိုးသမီးကတော့ အသက် 24 နှစ် ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment