MCNews
Source: liveindia.live
Unicode
အိမ်ထောင်သက် ၃၇ နှစ်အတွင်း ကလေး ၃၈ ယောက် မွေးဖွားခဲ့တဲ့ မိခင်
အိန္ဒြိယနိုင်ငံ Mukono ခရိုင် Kbimbiri ရွာတွင်နေထိုင်ကြသော ယူဂန်ဒါ နှင့် အတူမာရိ တို့ လင်မယားသည် အိမ်ထောင်သက် ၃၇ နှစ်အတွင်း သားသမီး ၃၈ ယောက် ထွန်းကားခဲ့ကြပါသည်။ သမီးမိန်းကလေး ၂ ယောက် မွေးဖွားခဲ့ပြီး သားယောက်ကျားလေး ၃၆ ယောက် မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။
မာရိတို့လင်မယား အိမ်ထောင်ကျခါစတွင် မာရိသည် အသက် ၁၃ နှစ် သမီးသာ ရှိသေးခဲ့ပြီး သူမသည် အသက် ၁၃ နှစ် အရွယ်မှာတင် ကလေးအမေ စ,ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး သူမမွေးခဲ့သော ကလေးသည် အမွှာနှစ်ယောက် ဖြစ်ခဲ့ပြီး နောက်နှစ်တွေမှာတော့ တနှစ် တယောက်မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလိုနဲ့ မာရိတို့ လင်မယားသည် အိမ်ထောင်သက် ၃၇ နှစ် မာရိရဲ့ အသက် ၅၀ မှာ ကလေး ၃၈ ယောက် ဖွားမြင်ခဲ့ပြီး ဖြစ်ပါတယ်။ မာရိရဲ့ ခင်ပွန်း ယူဂန်ဒါသည် မာရိ ကလေးယူတာနဲ့ ပါတ်သတ်လို့ ကွဲပြားခြားနားစွာဆက်ဆံခဲ့ပြီး သူမ၏ ကလေးများအပေါ် စောင့်ရှောက် ဂရုစိုက်ခြင်း မရှိခဲ့ပါ။
သူမသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအမေ ဖြစ်ခဲ့ပြီး ဆင်းရဲပင်ပန်းစွာ ဘဝကို ရုန်းကန်ခဲ့ရာ အခုဆိုလျှင် မာရိ၏ သားအကြီး အမွှာနှစ်ယောက်မှာ အသက် ၃၇ နှစ်ရှိခဲ့ပါပြီ။ မာရိသည် အစောပိုင်းလောက်တုန်းက သူမ၏ သားဖွားနှုန်းကို ထိမ်းချုပ်ဖို့ရန်အတွက် ဆရာဝန်များနဲ့ တိုင်ပင်ခဲ့ရာ ဆရာဝန်များက ငြင်းဆန်ခဲ့ကြပါတယ်။ ဆင်ရဲနွမ်းပါးပြီး ကလေးက များသထက် များလာကာ လင်သားလုပ်သူကလဲ မကူညီ အသက်အရွယ်ကလဲ ရလာပြီးဖြစ်တဲ့ မာရိရဲ့ ဘဝအခြေအနေကို ကူညီနိုင်သူရှိပါက ကူညီပေးကြပါရန် နယူးဒေလီ သတင်းတရပ်က ရေးသားဖော်ပြခဲ့ပါသည်။
MCNews
Source: liveindia.live
No comments:
Post a Comment