Unicode
နိုင်ငံပိုင် MRTV ရုပ်သံလိုင်းရဲ့ ဖေ့ဘုတ်စာမျက်နှာ ဟက်ကာတွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပါတယ်။
ဒီနေ့ နေ့လည် ၂း၃၀အချိန်ခန့်က ဟက်ကာအုပ်စုတစုက ဟက်လိုက်တာဖြစ်ပြီး
MRTV စာမျက်နှာရဲ့ Cover Photoပြောင်းလဲခဲ့ပါတယ်။
“အမှန်တရားဘက်က ဟက်ကာများသမဂ္ဂ” အမည်ပါဝင်တဲ့ Cover Photo ပြောင်းသွားတာဖြစ်ပါတယ်။
အဲ့ဒီနောက် ဟက်ကာတွေဟာ Status တခုရေးသားပြီး MRTV စာမျက်နှာကနေဖော်ပြသွားပါတယ်။
နေ့လည် ၃နာရီအချိန်ခန့်မှာ MRTV စာမျက်နှာကို တာဝန်ရှိသူတွေက ပြန်လည်ရယူနိုင်ခဲ့ပြီး Cover Photo ပြန်လည် ပြောင်းလဲခဲ့ပါတယ်။
MRTV စာမျက်နှာ တိုက်ခိုက်ခံရတာကို တွေ့မြင်တဲ့သူတွေက ကွန်းမန့်ကနေ “ဟက်ခံရတာလား” ရေးသား မေးမြန်းကြပေမယ့် MRTV စာမျက်နှာကတော့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး
No comments:
Post a Comment