ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Sunday, April 30, 2017

အ့ဲဒါ ငါ့အေဖ

ကြၽန္ေတာ္ငယ္ငယ္က အေဖ ကြၽန္ေတာ့္ကို သိပ္ခ်စ္တယ္။ အေဖ လည္း ကြၽန္ေတာ့္ကို သိပ္ခ်စ္ခဲ့ ပါတယ္။ ကြၽန္ေတာ္တို႔သားအဖ ဆက္ဆံေရးက ေပ်ာ္စရာ၊ ၾကည္ႏူးစရာပါ။ အခု ကြၽန္ေတာ္ႀကီးလာၿပီးမွ ခပ္မွန္မွန္ ခပ္တန္းတန္း ဆက္ဆံေရး ျဖစ္သြားတာပါ။

အထူးသျဖင့္ ကြၽန္ေတာ္ ဆယ္တန္းေအာင္ၿပီး တကၠသိုလ္ေရာက္မွ ခုလို အဆင္မေျပ ျဖစ္သြားတာပါ။

ကြၽန္ေတာ္ငယ္ငယ္က အေဖ ကားမဝယ္နိုင္ေသးဘူး။ သံခ်ည္သံေကြး သံပန္း ကိုယ္ပိုင္လုပ္ငန္းေတာ့ရွိၿပီ။ ကြၽန္ေတာ္ ေက်ာင္းသြားရင္ အေဖ့ ပခုံးေပၚ ခြစီးသြား ရတယ္။ အေဖက ကြၽန္ေတာ့္လြယ္အိတ္ကို လြယ္ၿပီး ကြၽန္ေတာ့္ ထမင္းဘူးေလးကို ဆြဲထားေသးတယ္။ အဲဒီရက္ေတြကို ကြၽန္ေတာ္မေမ့နိုင္ဘူး။ သိပ္သေဘာက်တယ္။ အမွန္အတိုင္းေျပာရရင္ အဲဒီအခ်ိန္မွာ ကားနဲ႕ေက်ာင္း သြား တဲ့ လူေတြကို အားမ က်မိဘူး။ အေဖ့ဂုတ္ေပၚခြစီးၿပီး အားလုံးကို အျမင့္ႀကီး ကေန ၾကည့္ရျမင္ရတာ သေဘာက်တယ္။ ကား ေလး ေတြကိုလည္း အေဖ့ပခုံးေပၚကေန ကြၽန္ေတာ္ ငုံ႕ၾကည့္ရတယ္။

အေဖ က ဆယ္တန္း မေအာင္ခဲ့ဘူး။ ၇ တန္းအထိပဲ ေက်ာင္းေနခဲ့ရတယ္။ ဒါေတာင္ ေတာ႐ြာက အလယ္တန္း ေက်ာင္းမွာ ၇ တန္းေအာင္ၿပီး ဆင္းရဲလို႔ ေက်ာင္းဆက္မေနနိုင္တာနဲ႕ ႀကဳံရာက်ပန္း ရရာအလုပ္ ကို လုပ္ရတယ္။ ေနာက္မွ ရန္ကုန္က ဦးေလး တစ္ေယာက္ အဆက္အသြယ္နဲ႕ သံခ်ည္သံေကြး သံပန္း လုပ္ငန္းတစ္ခုမွာ အလုပ္ရတယ္။ လုပ္ရင္းလုပ္ရင္းနဲ႕ လုပ္ငန္းကြၽမ္းက်င္ၿပီး လခေကာင္းေကာင္းရလာတယ္။ အ႐ြယ္ေလးရေတာ့ လုပ္ငန္းရွင္က အားကိုးရတဲ့ သံခ်ည္သံေကြး၊ သံပန္း သံတံခါးဆရာ ျဖစ္လာတယ္။

ေငြကေလးစုမိေတာ့ အေဖ က ကိုယ္ပိုင္လုပ္ငန္း ခြဲေထာင္တယ္။ အေမနဲ႕အိမ္ေထာင္က်ေတာ့ အေဖက ကိုယ္ပိုင္လုပ္ငန္းနဲ႕ ျဖစ္ေနၿပီ။ အေဖ က ကြၽန္ေတာ့္ကို သူ မေအာင္ခဲ့တဲ့ ဆယ္တန္း ကို ေအာင္ေစခ်င္တယ္။ သူ မတက္ခဲ့ရတဲ့ တကၠသိုလ္ကို တက္ေစခ်င္တယ္။

ကြၽန္ေတာ္ ဆယ္တန္း ကို ဂုဏ္ထူး ၃ ဘာသာနဲ႕ ေအာင္တယ္။ အေဖ ဝမ္းသာလြန္းလို႔ အိမ္မွာလူေတြကို ဖိတ္ၿပီး ေကြၽးေမြးဧည့္ခံတယ္။ ကြၽန္ေတာ့္ကိုလည္း ဆုေတြေပးတယ္။ ကြၽန္ေတာ္လည္း ေပ်ာ္တာေပ့ါ။ အဲဒီအထိ အေဖနဲ႕ကြၽန္ေတာ္ အဆင္ေျပပါတယ္။

တကၠသိုလ္ တက္ၿပီးေတာ့ သူငယ္ခ်င္းေတြနဲ႕ ေပါင္းရ သင္းရ၊ သူငယ္ခ်င္းေတြရဲ႕ မိဘ ေတြနဲ႕ ေတြ႕ရဆုံရ ေျပာဆို ရေတာ့ အေဖ့ ရဲ႕ ေနပုံထိုင္ပုံ၊ ေျပာပုံဆိုပုံေတြကို အထင္ေသးလာတယ္။

အေဖ က အမ်ားအားျဖင့္ သူ႕အလုပ္သမားေတြနဲ႕ ေျပာရဆိုရေတာ့ စကားေျပာတာ မာတယ္၊ ၾကမ္းတယ္၊ သိမ္သိမ္ေမြ႕ေမြ႕ သိပ္မရွိဘူး။ ဝတ္တာဆင္တာလည္း အိမ္မွာေရာ အလုပ္ထဲမွာေရာ သံဂေဟ၊ သံခ်ည္ သံေကြး လုပ္ေနရေတာ့ ခပ္ေပေပ ခပ္ႏြမ္းႏြမ္း ခပ္ၾကမ္းၾကမ္း အဝတ္ေတြပဲ ဝတ္တယ္။

သားသမီး ကို ဆုံးမတာလည္း ထင္ရင္ထင္သလို၊ မထင္ရင္မထင္သလို ေျပာတတ္ဆိုတတ္တယ္။ ေစတနာရွိတာ သိေပမယ့္ ဆုံးမပုံ စနစ္မက်ဘဴးလို႔ ထင္တယ္။

ကြန္ပ်ဴတာတကၠသိုလ္မွာ အတန္းတူျဖစ္တဲ့ ေဇာ္မင္းထက္ အိမ္ လိုက္သြားတဲ့အခါ သူ႕ အေဖ ဦးေအာင္ထက္ ေနပုံထိုင္ပုံ ေျပာပုံဆိုပုံကို သိပ္သေဘာ က်တယ္။ သူက ဥပေဒဘြဲ႕ရ၊ ခရိုင္တရားသူႀကီး။ ကြၽန္ေတာ့္ကိုလည္း သူ႕သားရဲ႕ သူငယ္ခ်င္းအျဖစ္နဲ႕ ခ်စ္ခင္ပါတယ္။

ကြၽန္ေတာ့္ မိဘ အလုပ္အကိုင္ေမးလို႔ သံခ်ည္သံေကြး၊ သံပန္း၊ သံတံခါးလုပ္ငန္း လုပ္တာေျပာေတာ့ ေကာင္းတာေပ့ါ၊ ကိုယ္ပိုင္အလုပ္ကမွ ႀကီးပြား ခ်မ္းသာတာ၊ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္လည္း ရွိတယ္။ ဘယ္သူ႕မွ ေၾကာက္မေနရဘူး။ ႀကိဳးစား သေလာက္ တိုးတက္နိုင္တယ္လို႔ ေျပာတယ္။.

ဒါေပမယ့္ ငယ္တုန္းေတာ့ ပညာကို ႀကိဳးစား သင္ယူဖို႔ လိုေၾကာင္း၊ ဘြဲ႕တစ္ခုခုရဖို႔ လိုအပ္တဲ့အေၾကာင္း ေျပာပါတယ္။ အဂၤလိပ္စကားလုံးေတြ သုံးတဲ့ အသံ ထြက္ကလည္း သိပ္ေကာင္းတာပဲ။ ငါ့အေဖလည္း ဒီလိုျဖစ္ေနရင္ ေကာင္းမွာလို႔ မိမိဆႏၵျဖစ္မိတယ္။

အဲဒီေန႕က အိမ္ျပန္ေရာက္ေတာ့ မိသားစု အတူစားၾက တဲ့ညေနစာ ထမင္းဝိုင္းမွာ ေဇာ္မင္းထက္အေဖ အေၾကာင္း ခ်ီးက်ဴးေျပာဆိုမိတယ္။ အေဖဘာမွ ျပန္ မေျပာဘူး။

ေနာက္တစ္ေန႕ ေက်ာင္းကို အေဖ ကားနဲ႕လိုက္ပို႔ေတာ့ လမ္းမွာယာဥ္ထိန္းရဲေတြေစာင့္ၿပီး စစ္ေဆးေနတာ ေတြ႕ရတယ္။

အေဖ က “ဟ ဆပ္ပလိုင္းခ်က္ေတြနဲ႕ ေတြ႕ေနၿပီ” လို႔ ေျပာတယ္။

“အေဖ ကလည္းဗ်ာ..ဆပ္ပလိုင္းခ်က္ မဟုတ္ပါဘူး… ဆပ္ပရိုက္ခ်က္ ပါလို႔” အဂၤလိပ္ လို ပီပီသသေျပာၿပီး ျပင္ေပးလိုက္တယ္။

“မင္းကလည္း ငါသင္ေပးလို႔ တကၠသိုလ္ေရာက္တာနဲ႕ ႀကီးက်ယ္မေနစမ္းပါနဲ႕၊ လူတိုင္း ဆပ္ပလိုင္းခ်က္လို႔ ေျပာေနၾကတာပဲ.. ဆပ္ပလိုင္းခ်က္ေတာ့ ဘာျဖစ္လဲ” ကြၽန္ေတာ့္ကို မေက်မနပ္ ျပန္ေျပာတယ္။

ကြၽန္ေတာ္က ဘယ္ခံမလဲ။ “အေဖေျပာတာ အသံထြက္မွားေနလို႔ ျပင္ေပးတာပဲ.. သူမ်ားၾကားရင္ အေဖ့ကို ရယ္မွာစိုးလို႔ ေစတနာနဲ႕ေျပာတာ၊ ကိုယ္မသိရင္မေျပာနဲ႕ေပ့ါ” လို႔ ျပန္ေျပာလိုက္တာေပ့ါ။

ေနာက္တစ္ေန႕ကစၿပီး အေဖ ကြၽန္ေတာ့္ကို ေက်ာင္း လိုက္မပို႔ျဖစ္ေတာ့ဘူး၊ စကားလည္း သိပ္မေျပာ ေတာ့ဘူး ကြၽန္ေတာ္ ဘတ္စ္ကားနဲ႕ပဲ ေက်ာင္းသြား ပါတယ္။

အဲဒီေနာက္ကတည္းက အေဖ နဲ႕ကြၽန္ေတာ့္ရဲ႕ ဆက္ဆံေရး ဟာ ခပ္မွန္မွန္ခပ္တန္းတန္း ျဖစ္သြား ပါတယ္။ ေျပာစရာ ရွိရင္ အေမကတဆင့္ ေျပာၾက ဆိုၾကပါတယ္။

ညီမေလးက ကိုးတန္း၊ ညီမေလး ကိုေတာ့ အေဖ ကားနဲ႕ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ေပးပါတယ္။

ေနာက္ေတာ့ အေဖ အဂၤလိပ္ လို စကားလုံးအမွားေတြ ေျပာေနတာ အမ်ားႀကီးၾကားေနရတယ္။ ဆစ္ကနယ္မီးတို႔၊ ေအာ္ဒီဂ်င္တယ္တို႔လို ဟာမ်ိဳးေတြ ေပ့ါ.. ရွက္စရာေကာင္းတယ္။ ကြၽန္ေတာ္ဘာမွ မေျပာ ေတာ့ပါဘူး.. ကိုယ့္ေစတနာကို သူမွ လက္မခံတာပဲ။ ဒါေပမယ့္ သူမ်ားေ့ရွမွာ ကိုယ့္အေဖက မပီမသ မမွန္ကန္ တဲ့ အသံထြက္ေတြနဲ႕ ေျပာေနေတာ့ ရွက္စရာေကာင္းလို႔ စိတ္ပ်က္တာေပ့ါ။

လူႀကီး လူငယ္ရဲ႕ အားၿပိဳင္မႈ၊ ေခတ္ပညာမတတ္တဲ့ အေဖနဲ႕ ေခတ္ပညာတတ္တဲ့ သားသမီးရဲ႕ အားၿပိဳင္မႈလို႔ပဲ နားလည္ထားလိုက္ ပါတယ္။

ကြၽန္ေတာ့္ေက်ာင္းစရိတ္၊ သြားစရိတ္ လာစရိတ္၊ စားတာ၊ ဝတ္တာ၊ ကုန္က်တာအားလုံးေတာ့ အေဖကပဲ ေပးေနရတာပါ။ တစ္အိမ္လုံးမွာ စီးပြားေရးဆိုလို အေဖ တစ္ေယာက္ပဲ ရွိတာကိုး။ ဆည္တဲ့ ကန္သင္း ျဖစ္တဲ့ အေမကေတာ့ အားလုံးအတြက္ စီမံခန႔္ခြဲ သုံးစြဲရာမွာ ကြၽန္ေတာ့္အတြက္လည္း ပါတာေပ့ါ။ ကြၽန္ေတာ့္အတြက္ ကုန္က်တာက အမ်ားဆုံး ေတာင္ ျဖစ္ခ်င္ျဖစ္မယ္။

တစ္ေန႕ေတာ့ ေဇာ္မင္းထက္ နဲ႕ ကြၽန္ေတာ္ ဝါးနက္ေခ်ာင္း႐ြာ ဘုရားပြဲကို သြားၾကတယ္။ ကြၽန္ေတာ္တို႔ တစ္တန္းတည္း ကြန္ပ်ဴတာ တက္ေနတဲ့ ေအာင္မိုးတို႔႐ြာေပ့ါ။ ေအာင္မိုး အတင္းေခၚလို႔ အလည္ လိုက္သြားၾကတာ။

ေအာင္မိုး အေဖ က  လယ္သမား။ လယ္ေတြမ်ားလို႔၊ ကြၽဲေတြ၊ ႏြားေတြလည္း ေျခာက္ေကာင္ေလာက္ရွိတယ္။ အိမ္က ႏွစ္ထပ္အိမ္ပါပဲ။

ဒါေပမယ့္ လယ္သမား အိမ္ဆိုေတာ့ ရႈပ္လို႔ေပြလို႔။ သူတို႔အိမ္နဲ႕စာရင္ေတာ့ ကြၽန္ေတာ္တို႔အိမ္က သပ္သပ္ရပ္ရပ္နဲ႕ အဆင့္ရွိ တာေပ့ါ။ ေဇာ္မင္းထက္ တို႔အိမ္ကေတာ့ ဘာမွမဆိုင္ဘူး။ အသပ္ရပ္ဆုံးနဲ႕ အထက္တန္းအက်ဆဳံးပဲ။

ဘုရားပြဲထုံးစံအတိုင္း ဧည့္သည္ေတြကလည္းမ်ား၊ စားစရာေတြကလည္း စုံလို႔။ ကြၽန္ေတာ္တို႔ကေတာ့ လူရွင္းရာ ေအာင္မိုး အခန္းမွာပဲ ေနၾကတယ္။

ေအာင္မိုး အခန္းမွာ စာၾကည့္စားပြဲနဲ႕၊ ခုတင္နဲ႕၊ စာအုပ္စင္နဲ႕ ကြန္ပ်ဴတာနဲ႕ သန႔္သန႔္ရွင္းရွင္းလည္း ရွိတယ္။

ကြၽန္ေတာ္တို႔သုံးေယာက္ စကားေျပာေနၾကတုန္း ေအာင္မိုးအေဖဝင္လာတယ္။ ကုလားထိုင္တစ္လုံးမွာ ဝင္ထိုင္ၿပီး ကြၽန္ေတာ္တို႔စကားေျပာတာကို နားေထာင္ ေနတယ္။ ကြၽန္ေတာ္တို႔ေျပာတဲ့အထဲမွာ ကြန္ပ်ဴတာ ဗိုင္းရပ္စ္ဝင္တဲ့ အန ၱရာယ္အေၾကာင္း ပရိုဂရမ္ေတြ၊ ေဆာ့ဖ္ဝဲလ္ေတြ ပ်က္ကုန္တဲ့အေၾကာင္း ေျပာေတာ့ ေအာင္မိုးအေဖက ဝင္ေမးလိုက္တယ္။

“အဲဒီ ဗိုင္းရပ္စ္ ဆိုတာ ပိုးလား” တဲ့။ ေအာင္မိုးက “ပိုးတစ္မ်ိဳးေပ့ါ” လို႔ ေျပာတယ္။ “အဲဒီပိုးေကာင္းက ဘယ္လို ေရာက္လာၿပီး ကြၽန္ပ်ဴတာ ထဲကို ဘယ္အေပါက္ က ဝင္တာလဲ..အဲဒီ အေပါက္ကို လုံေအာင္ပိတ္ထားလို႔ မရဘူးလား..သူ႕လယ္မွာ သုံးတဲ့ ၾသဘာပိုးသတ္ေဆးသုံးရင္ မရဘူးလား” .. လို႔ ေမးတယ္။

ကြၽန္ေတာ္နဲ႕ ေဇာ္မင္းထက္ ၿပဳံး႐ုံမကဘူး၊ အသံထြက္ရယ္မိၾကတယ္။ ရယ္မိၿပီးမွ သတိရလို႔ ေအာင္မိုး ကို ၾကည့္လိုက္ၾကတယ္။

ကြၽန္ေတာ္ ဆိုရင္ “သြားစမ္းပါ.. အေဖကလည္း မသိရင္ မသိသလို ေနစမ္းပါ၊ ဝင္မေျပာစမ္းပါနဲ႕” လို႔ ရွက္စိတ္ လြန္ၿပီး ေျပာမိမွာပါ.. တကယ္လည္း ရွက္စရာကိုး…။

ဒါေပမယ့္ အံ့ၾသစရာ…။ ေအာင္မိုး က မ်က္ႏွာမပ်က္ဘူး။ ရွက္လည္း မရွက္ဘူး။ သူပါ ကြၽန္ေတာ္တို႔နဲ႕ အတူရယ္ၿပီး ..

“အဲဒါ ငါ့အေဖပဲကြ.၊ ေလးတန္းထိပဲ ေက်ာင္းေနဖူးတယ္ ႐ႊံ႕ထဲဗြက္ထဲ ဆင္းဆင္းရဲရဲ ႐ုန္းကန္လယ္လုပ္ၿပီး ငါ့ကို ကြန္ပ်ဴတာ တကၠသိုလ္ေရာက္ေအာင္ ေက်ာင္းထား ေပးတယ္.. အဲဒီ ကြန္ပ်ဴတာကလည္း အေဖ ဝယ္ေပး ထားတာေပ့ါ.. ေျပာ အေဖ.. ဘာမွ မျဖစ္ဘူး.. အေဖ ထင္တာ ေျပာလို႔ရတယ္.. ေျပာ..” တဲ့။ အားေတာင္ ေပးလိုက္ေသးတယ္။ သူ႕ အေဖကလည္း သူ႕သား အားေပးတာ သေဘာက်ၿပီး ၿပဳံးလို႔ ရယ္လို႔၊ ေမးခ်င္တာေတြကို ေမးခ်င္သလို ဆက္ေမးေနတာေပ့ါ။ ေအာင္မိုးက သူ႕အေဖ နားလည္ေအာင္ ရွင္းျပတယ္.. ေပ်ာ္စရာႀကီး။

အဲဒီအခ်ိန္မွာပဲ ကြၽန္ေတာ့္ေခါင္းထဲမွာ အသိအျမင္တစ္ခု ျဖစ္သြားတယ္။ ေအာင္မိုးေျပာပုံနဲ႕ ေတြးပုံျမင္ပုံက ရိုးရိုးေလးပါပဲေကာင္းလိုက္တာလို႔ နားလည္သြားတယ္။ ေအာင္မိုးရဲ႕ စိတ္ေနသေဘာကိုလည္း ေလးစားမိတယ္။

တကယ္လို႔သာ ကြၽန္ေတာ္ေတြးမိသလို..သြားစမ္းပါဗ်ာ.. အေဖကလည္း မသိရင္ မသိသလိုေနစမ္းပါ.. ။ ဝင္မေျပာစမ္းပါနဲ႕လို႔ ေငါက္လိုက္ မာန္လိုက္ရင္ အေဖ ဘယ္ေလာက္ရွက္ရွာမလဲ။ အခန္းထဲက ထြက္သြား ရ ရင္ ဘယ္ေလာက္စိတ္မေကာင္း ျဖစ္လိုက္မလဲ။ သူ သင္ေပးလို႔ တတ္တဲ့ ပညာနဲ႕ သူ အေငါက္ ခံေနရတာေလ။

ကြၽန္ေတာ့္အမွားကို ခ်က္ခ်င္းနားလည္လိုက္ပါၿပီ။ ကြၽန္ေတာ့္ အေဖေျပာတဲ့ အမွားေတြဟာ တကယ္ေတာ့ ေအာင္မိုး အေဖေျပာတာေလာက္ မဆိုးပါဘူး။ အေဖသင္ေပးလို႔ တတ္တဲ့ပညာနဲ႕ အေဖ့ကို အထင္ေသး ေစာ္ကားေနခဲ့မိတာ ကြၽန္ေတာ္စိတ္မေကာင္း ျဖစ္ရတယ္။

“ေတာင္းပန္ပါတယ္ အေဖ..”

စိတ္ထဲမွာတင္ ေျပာေနမိတာ။ ဒီကေန အိမ္ျပန္ ေရာက္ သြားရင္ ကြၽန္ေတာ့္ဆက္ဆံေရးေတြ ေျပာင္းေတာ့မယ္။ အေဖ့ကို အထင္ေသး အျမင္ေသး မေျပာေတာ့ပါဘူး။ အေဖ့ေမတၱာကို ျပန္ရေအာင္ ယူေတာ့မယ္။

အေဖ အဂၤလိပ္အသံထြက္ေတြ မွားေျပာရင္လည္း..

“ေျပာ..အေဖ..ဘာမွမျဖစ္ဘူး.. လြတ္လြတ္လပ္လပ္သာ ေျပာ”

ေအာင္မိုး တို႔ သား အဖ ကို လွမ္းၾကည့္ရင္း ကြၽန္ေတာ့္ စိတ္ထဲမွာ ေျပာေနမိတာပါ။

#Credit_ဆရာႀကီး_လယ္တြင္းသားေစာခ်စ္

Unicode

အဲဒါ ငါ့ အဖေ

ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဖေ လည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ ပါတယ်။ ကျွန်တော်တို့သားအဖ ဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။

အထူးသဖြင့် ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။

ကျွန်တော်ငယ်ငယ်က အဖေ ကားမဝယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ ပခုံးပေါ် ခွစီးသွား ရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကို လွယ်ပြီး ကျွန်တော့် ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်း သွား တဲ့ လူတွေကို အားမ ကျမိဘူး။ အဖေ့ဂုတ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီး ကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကား လေး တွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော် ငုံ့ကြည့်ရတယ်။

အဖေ က ဆယ်တန်း မအောင်ခဲ့ဘူး။ ၇ တန်းအထိပဲ ကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာက အလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ် ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေး တစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေး သံပန်း လုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။

ငွေကလေးစုမိတော့ အဖေ က ကိုယ်ပိုင်လုပ်ငန်း ခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေ က ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်း ကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။

ကျွန်တော် ဆယ်တန်း ကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်တယ်။ အဖေ ဝမ်းသာလွန်းလို့ အိမ်မှာလူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။

တက္ကသိုလ် တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရ သင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘ တွေနဲ့ တွေ့ရဆုံရ ပြောဆို ရတော့ အဖေ့ ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။

အဖေ က အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ဝတ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည် သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်း အဝတ်တွေပဲ ဝတ်တယ်။

သားသမီး ကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာ သိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။

ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ် လိုက်သွားတဲ့အခါ သူ့ အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံကို သိပ်သဘော ကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။

ကျွန်တော့် မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်တာပြောတော့ ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွား ချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစား သလောက် တိုးတက်နိုင်တယ်လို့ ပြောတယ်။.

ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစား သင်ယူဖို့ လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့ အသံ ထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ မိမိဆန္ဒဖြစ်မိတယ်။

အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစု အတူစားကြ တဲ့ညနေစာ ထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေ အကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေဘာမှ ပြန် မပြောဘူး။

နောက်တစ်နေ့ ကျောင်းကို အဖေ ကားနဲ့လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။

အဖေ က “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။

“အဖေ ကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက် ပါလို့” အင်္ဂလိပ် လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။

“မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ” ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။

ကျွန်တော်က ဘယ်ခံမလဲ။ “အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင်မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။

နောက်တစ်နေ့ကစပြီး အဖေ ကျွန်တော့်ကို ကျောင်း လိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြော တော့ဘူး ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွား ပါတယ်။

အဲဒီနောက်ကတည်းက အဖေ နဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေး ဟာ ခပ်မှန်မှန်ခပ်တန်းတန်း ဖြစ်သွား ပါတယ်။ ပြောစရာ ရှိရင် အမေကတဆင့် ပြောကြ ဆိုကြပါတယ်။

ညီမလေးက ကိုးတန်း၊ ညီမလေး ကိုတော့ အဖေ ကားနဲ့ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။

နောက်တော့ အဖေ အင်္ဂလိပ် လို စကားလုံးအမှားတွေ ပြောနေတာ အများကြီးကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေ ပေ့ါ.. ရှက်စရာကောင်းတယ်။ ကျွန်တော်ဘာမှ မပြော တော့ပါဘူး.. ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများေ့ရှမှာ ကိုယ့်အဖေက မပီမသ မမှန်ကန် တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။

လူကြီး လူငယ်ရဲ့ အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက် ပါတယ်။

ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ဝတ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေ တစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်း ဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံး တောင် ဖြစ်ချင်ဖြစ်မယ်။

တစ်နေ့တော့ ဇော်မင်းထက် နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာ ဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့ တစ်တန်းတည်း ကွန်ပျူတာ တက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည် လိုက်သွားကြတာ။

အောင်မိုး အဖေ က လယ်သမား။ လယ်တွေများလို့၊ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။

ဒါပေမယ့် လယ်သမား အိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိ တာပေ့ါ။ ဇော်မင်းထက် တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့ အထက်တန်းအကျဆုံးပဲ။

ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုး အခန်းမှာပဲ နေကြတယ်။

အောင်မိုး အခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။

ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေဝင်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင် နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်ဝင်တဲ့ အန ္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ဝင်မေးလိုက်တယ်။

“အဲဒီ ဗိုင်းရပ်စ် ဆိုတာ ပိုးလား” တဲ့။ အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။ “အဲဒီပိုးကောင်းက ဘယ်လို ရောက်လာပြီး ကျွန်ပျူတာ ထဲကို ဘယ်အပေါက် က ဝင်တာလဲ..အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား..သူ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” .. လို့ မေးတယ်။

ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုး ကို ကြည့်လိုက်ကြတယ်။

ကျွန်တော် ဆိုရင် “သွားစမ်းပါ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ဝင်မပြောစမ်းပါနဲ့” လို့ ရှက်စိတ် လွန်ပြီး ပြောမိမှာပါ.. တကယ်လည်း ရှက်စရာကိုး…။

ဒါပေမယ့် အံ့သြစရာ…။ အောင်မိုး က မျက်နှာမပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး ..

“အဲဒါ ငါ့အဖေပဲကွ.၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ် ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန်လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထား ပေးတယ်.. အဲဒီ ကွန်ပျူတာကလည်း အဖေ ဝယ်ပေး ထားတာပေ့ါ.. ပြော အဖေ.. ဘာမှ မဖြစ်ဘူး.. အဖေ ထင်တာ ပြောလို့ရတယ်.. ပြော..” တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့ အဖေကလည်း သူ့သား အားပေးတာ သဘောကျပြီး ပြုံးလို့ ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေ နားလည်အောင် ရှင်းပြတယ်.. ပျော်စရာကြီး။

အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့ စိတ်နေသဘောကိုလည်း လေးစားမိတယ်။

တကယ်လို့သာ ကျွန်တော်တွေးမိသလို..သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ.. ။ ဝင်မပြောစမ်းပါနဲ့လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေ ဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွား ရ ရင် ဘယ်လောက်စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူ သင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက် ခံနေရတာလေ။

ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့် အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုး အဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေး စော်ကားနေခဲ့မိတာ ကျွန်တော်စိတ်မကောင်း ဖြစ်ရတယ်။

“တောင်းပန်ပါတယ် အဖေ..”

စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန် ရောက် သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေး အမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ယူတော့မယ်။

အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း..

“ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော”

အောင်မိုး တို့ သား အဖ ကို လှမ်းကြည့်ရင်း ကျွန်တော့် စိတ်ထဲမှာ ပြောနေမိတာပါ။

#Credit_ဆရာကြီး_လယ်တွင်းသားစောချစ်

No comments:

Post a Comment