အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုမှ ဝန်ကြီးဖြစ်သူက မင်္ဂလာဆောင်ပြီးစ သတို့သမီးတွေကို အဝတ်လျှော်ဖွတ်ရာမှာ သုံးလေ့ရှိတဲ့ သစ်သားဘက်တံများ ပေးအပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူက အရက်မူးခြင်း သို့မဟုတ် နှိပ်စက်ခြင်းခြင်းပြုလာပါက အဆိုပါ ဘက်တံဖြင့်ရိုက်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယအလယ်ပိုင်း မက်ဒါပရာဒက်ရှ်ပြည်နယ်မှာ ဧပြီ ၂၉ ရက်က အစိုးရရဲ့ အစီအစဉ်ဖြင့် ပြုလုပ်ပေးတဲ့ စုရုံးလက်ထက်ပွဲအတွင်း ဂိုပယ်လ်ဘီဟာဂါဗာက သတို့သမီး ၇၀၀ နီးပါးကို အဝတ်လျှော် သစ်သားဘက်တံများ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
တစ်ပေခန့်ရှည်တဲ့ သစ်သားဘက်တံတွေပေါ်မှာ "ယစ်ထုပ်တွေကို ရိုက်နှက်ရန်အတွက်" နဲ့ "ရဲတပ်ဖွဲ့က ကြားဝင်တားမြစ်မှာ မဟုတ်ဘူး" လို့လည်း စာတန်းရေးထိုးထားတယ်လို့ ဆိုပါတယ်။ သစ်သားဘက်တံတွေ ပေးအပ်ခဲ့သူ ဂိုပယ်လ်က ခင်ပွန်းတွေကို အရက်မသောက်ဖို့ ပြောကြားရန်နဲ့ နားမထောင်ပါက သစ်သားဘက်တံနဲ့သာ ရိုက်ကြပါလို့ သတို့သမီးတွေကို မင်္ဂလာပွဲမှာ ပြောပါတယ်။
ဂိုပယ်လ်က ကျေးလက်ဒေသမှ အမျိုးသမီးတွေဟာ ၎င်းတို့ရဲ့ အရက်သမားခင်ပွန်းတွေရဲ့ အိမ်တွင်းနှိပ်စက်မှုဒဏ်ကို ခံစားနေကြရကြောင်းကို သိစေချင်တာကြောင့် အခုလို သစ်သားဘက်တံတွေ ပေးအပ်တဲ့ အစီအစဉ် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ "သူတို့ခင်ပွန်းတွေက မူလားရင် အကြမ်းဖက်လာကြတယ်လို့ အမျိုးသမီးတွေက ပြောကြတယ်၊ သူတို့ ရလာတဲ့ငွေကိုလည်း အရက်သောက်ပစ်ကြတာပဲ" လို့ ဂိုပယ်လ်က ပြောပါတယ်။
"ဒီ သစ်သားဘက်တံတွေ ပေးတာက အမျိုးသမီးတွေကို မြှောက်ပေးတာ၊ သူတို့ခင်ပွန်းတွေကို အကြမ်းဖက်အောင် ဆွပေးတာ မဟုတ်ဘူး၊ ဒါက သူတို့အတွက် အကြမ်းဖက်ခံရမှုကို ကာကွယ်ဖို့ပါ" လို့လည်း ဂိုပယ်လ်က ရှင်းပြပါတယ်။ ၎င်းက သတို့သမီးတွေကိုပေးရန် သစ်သားဘက်တံ ၁၀,၀၀၀ မှာယူခဲ့တယ်လို့ သိရပါတယ်။
လတ်တလော နှစ်များအတွင်း အိန္ဒိယ ပြည်နယ်အများအပြားမှာ အရက်သောက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရန်အတွက် အရက်ရောင်းချမှုကို ပိတ်ပင်တားမြစ်မှု သို့မဟုတ် ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းက အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ်အစိုးရက ၎င်းတို့ ပြန်လည်ရွေးကောက်ခံရပါက အရက်ရောင်းချမှု ပိတ်ပင်တားမြစ်သွားမယ်လို့ မဲဆွယ်စည်းရုံးမှုအတွင်း ကတိပြုပြောကြားခဲ့ပါတယ်။
ထိုသို့ ကတိပြုမှုကို အမျိုးသမီး မဲဆန္ဒရှင်တွေက သဘောကျခဲ့ကြပါတယ်။ အရက်ကြောင့် အိမ်တွင်းနှိပ်စက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ဆင်းရဲတဲ့ မိသားစုတွေမှာလည်း ဝင်ငွေလျော့နည်းမှု ဖြစ်စေကြောင်း အမျိုးသမီးတွေက ဝေဖန်ပြောကြားထားပါတယ်။
အိန္ဒိယတောင်ပိုင်း ကာရာလာပြည်နယ်မှာလည်း ၂၀၁၄ ခုနှစ်မှစပြီး ဟိုတယ်အများစုမှာ အရက်ရောင်းချမှု ပိတ်ပင်ထားကြောင်း သိရပါတယ်။ ထို့အတူ အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်ကလည်း ယမန်နှစ်အတွင်း အရက်ရောင်းချမှုနဲ့ သောက်သုံးမှုကို ပိတ်ပင်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းရှိ ဂူဂျာရတ်ပြည်နယ်မှာ အရက်ရောင်းချမှုကို ဆယ်စုနှစ်အတန်ကြာကတည်းက ပိတ်ပင်ထားကြောင်း သိရပါတယ်။
Source & Photo:
=============
Duwun
Monday, May 01, 2017
Home
/
Unlabelled
/
အရက်မူးပြီးနှိပ်စက်တဲ့ ခင်ပွန်းကိုရိုက်နှက်ရန် သတို့သမီးတွေကို သစ်သားဘက်တံများ ပေးအပ်
အရက်မူးပြီးနှိပ်စက်တဲ့ ခင်ပွန်းကိုရိုက်နှက်ရန် သတို့သမီးတွေကို သစ်သားဘက်တံများ ပေးအပ်
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment