ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, April 17, 2017

ရေကစားနေသူများထံမှ ဖုန်းများနှင့် ငွေများထည့်ထားသည့်အိတ်ကို ဓားဖြင့်ဖြတ်၍ ခိုးယူသူများအား ဖော်ထုတ်အရေးယူ

ရေကစားနေသူများထံမှ ဖုန်းများနှင့် ငွေများထည့်ထားသည့်အိတ်ကို ဓားဖြင့်ဖြတ်၍ ခိုးယူသူများအား ဖော်ထုတ်အရေးယူ (လွန်ခဲ့သော ၂ နာရီ ခန့်က)  social sharesနေပြည်တော် ဧပြီ ၁၇မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူများ နှင့်အတူ ဧပြီ ၁၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က မဟာသင်္ကြန်ကာလ မှုခင်းကျဆင်း ရေးလုပ်ငန်းများနှင့် လုံခြုံရေးတာဝန်များဆောင်ရွက်နေစဉ် အောင်မြေသာစံမြို့နယ် ၆၆ လမ်း ၂၅x၂၆ လမ်းကြာMARITIMEရေကစားမဏ္ဍပ်ရှေ့၌ ခိုးမှုကျူးလွန် ထားကြောင်း သတင်းရရှိထားသူများဖြစ်သည့် အိုးဘိုဘူတာရပ်နေ စန်းထွေးအောင် (၁၉ နှစ်)၊ ပုသိမ်ကြီးမြို့နယ် မန်ကျီးပင်စောက်ကျေးရွာနေ စိန်ကြီး(၁၉ နှစ်)၊ ရေဝန်း ကျေးရွာနေ အောင်တင်စိုး(၂ဝနှစ်)၊ ကသစ်ကုန်းရပ်နေ ဝင်းကျော်ဦး(၁၈ နှစ်)နှင့် သာစည်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ မင်းရန်နိုင်(၂ဝ နှစ်)တို့ ငါးဦးအား တွေ့ရှိ စစ်ဆေးခဲ့သည်။၎င်းတို့အားစစ်ဆေးချက်အရ မဏ္ဍပ်ရှေ့၌ လာရောက်ရေကစားနေသူများထံမှ လက်ကိုင်ဖုန်းနှင့် ငွေများထည့်ထားသည့် ရေစိုခံအိတ်များကို ဓားဖြင့် ဖြတ်ယူခိုးခဲ့ ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေရဲစခန်း ၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ကိုရဲMyanmaalinn

No comments:

Post a Comment