ပုံပြင်လေးတွေဆိုတာ လူငယ်အရွယ်မှာ ခံစားချက် ပေးတတ်သလို လူလတ်ပိုင်းအရွယ်မှာ ရှုထောင့်သစ်တွေ အမြင်သစ်တွေ ဖန်တီးပေးတတ်ကြပါတယ်။ ဒီပုံပြင်လေးတွေဟာပဲ လူကြီးပိုင်း အရွယ်တွေ အတွက် သံဝေဂတွေဖြစ်လာစေတတ်သလို သုံးသပ်နားလည်ပေးနိုင်တဲ့ စွမ်းရည် မြင့်မားလာစေတတ်ပါသေးတယ်။ ဒါ့ကြောင့် အရွယ်တိုင်းမှာ ပုံပြင်လေးတွေလိုအပ်ပါတယ်။ လူဆိုတာ "Metaphorically adaptable species" လို့ ခေါ်တဲ့ "ပုံပြင်လေးတွေနဲ့ နေထိုင်မှုဘဝကို နှိုင်းယှဉ်ပြီး သုံးသပ်တတ်တဲ့ သတ္တဝါ" တစ်မျိုး ဖြစ်တဲ့အတွက် မို့လို့ကို ပုံပြင်နားထောင်ခြင်း၊ ဖတ်ရှုခြင်းဟာ လူတိုင်း ကြိုက်နှစ်သက် တတ်တဲ့ အလေ့အကျင့်တစ်ခု အနေနဲ့ ဖြစ်တည်လာခဲ့တာ မဟုတ်လား။ ဒါ့ကြောင့် လူငယ် လူလတ် လူကြီး ဆိုတဲ့ အရွယ် သုံးမျိုးလုံး အတွက် အဆင်ပြေမယ့် စာအုပ်တစ်အုပ်ကို ဖန်တီးချင်မိတယ်။ ဘယ်သူမဆို အချိန်မရွေး ကောက်ကိုင်ပြီး ဖတ်လိုက်တာနဲ့ စိတ်ကို အာဟာရ ဖြစ်စေနိုင်တဲ့ စာအုပ်ကလေးတစ်ခုကို ဖန်တီးပေးလိုစိတ်ကြောင့်သာ ဒီစာအုပ်ကလေး ထုတ်ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ရောင်းဈေးက ၁၈၀၀ ဖြစ်ပြီး ရောင်းရငွေအားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ရနိုင်မယ့် ဆိုင်တွေကတော့ 1 အင်းဝ စာအုပ်ဆိုင် ( မြန်မာပလာဇာ)2 The Nature Online Book Store3 အင်းဝ စာအုပ်ဆိုင် ( အထက် ပန်းဆိုးတန်း)4 Today Book Store (ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်)5 ရာပြည့် စာအုပ်ဆိုင် ( အထက် ပန်းဆိုးတန်း)6 စာပေလောက ၂- စာအုပ်ဆိုင် ( အထက် ပန်းဆိုးတန်း)ဆိုင်တွေ ဖြစ်ပါတယ်။Home Delivery မှာယူလိုသူများအတွက် The Nature - OBS အွန်လိုင်း စာအုပ်ဆိုင် ကနေ တဆင့် မြန်မာတစ်နိုင်ငံလုံးသို့ အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ (မှတ်ချက်။ ပို့ခ (၁၀၀၀) ကျပ် ဖြစ်ပါတယ်။)
Monday, April 17, 2017
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment