အဲဒီ႐ုပ္သံဗြီဒီယိုဖိ္ုင္ဟာ ထိုင္းေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ၿပီး ေနာက္မွာေတာ့ ေဖ့စ္ဘြတ္ခ္ကလည္း က်န္ရွိတဲ့ မိသားစုကို ခုလိုျဖစ္ရတဲ့အတြက္ ထပ္တူဝမ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း ျပန္ၾကားခဲ့ပါတယ္။
အဲဒီေနာက္ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုလည္း သူတို႔ရဲ႕ အင္တာနက္စာမ်က္ႏွာေပၚကေန ဖယ္ရွားခဲ့တာပါ။
အသက္ ၂၁ ႏွစ္အရြယ္ ဂ်ီရာ နပ္ခ်္ ဆုိတဲ့ ေသဆုံးသူရဲ႕ ဇနီးျဖစ္သူက သက္ေသနဲ႔အတူ ရဲေတြကို တိုင္ၾကား အကူအညီေတာင္းခံခဲ့တာပါ။
႐ုပ္သံဗြီဒီယိုဖ္ိုင္ကို စစ္ေဆးၾကည့္႐ႈၿပီးတဲ့ေနာက္မွာ ရဲေတြဟာ သံသယျဖစ္ဖြယ္ စြန္႔ပစ္ဟိုတယ္ အလံုးေပါင္းမ်ားစြာကို ရွာေဖြခဲ့ရၿပီး ေနာက္ဆံုးမွာေတာ့ တန္ဘြန္ဆာခူေဒသ၊ သည္ပဲန္နီဆူလာဟိုတယ္အမည္နဲ႔ ဖြင့္လွစ္ခဲ့တဲ့ အေဆာက္အအံုတြင္းမွာ သမီးျဖစ္သူေရာ၊ ဖခင္ကိုပါ ႀကိဳးဆြဲခ် ေသဆံုးလ်က္သား ေတြ႔ရွိခဲ့ၾကတယ္လို႔ ေခါင္ဆြတ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
႐ုပ္သံဗြီဒီယိုဖိ္ုင္ထဲမွာ အဲဒီအမ်ိဳးသားဟာ သမီးငယ္ကို မ်က္ႏွာက်က္မွာ ႀကိဳးနဲ႔ တြဲေလာင္းခ်ကာ ေသဆံုးေစခဲ့တာပါ။
ေသဆံုးခဲ့သူ ဝပ္ထီဆန္ဟာ သာလန္းခ႐ုိင္ထဲက စိုက္ခင္းတခုမွာ အလုပ္လုပ္ေနသူျဖစ္ၿပီး အဲဒီေန႔ကေတာ့ လင္မယား စကားမ်ား ကေတာက္ကဆျဖစ္ကာ သူက ေနအိမ္ကေန ထြက္သြားခဲ့တာလို႔ ဂ်ီရာနပ္ခ်္ရဲ႕ အစ္ကိုျဖစ္သူ ဆြခ္ဆန္က ရဲေတြကို ေျပာပါတယ္။
ဧၿပီ ၂၄ ရက္ေန႔ မနက္အေစာပိုင္းမွာေတာ့ သူတို႔လင္မယားဟာ အိမ္ကို အတူတကြ ျပန္လာခဲ့ၾကၿပီး ဂ်ီရာနပ္ခ်္က ခင္ပြန္းျဖစ္သူ ဝပ္ထီဆန္ကို ေခတၱခဏ ကင္းေနၾကဖို႔ ေျပာမယ္လို႔ စီစဥ္ခဲ့ေၾကာင္း ဆိုပါတယ္။
ဒါေပမယ့္ မၾကာခင္မွာပဲ ဝပ္ထီဆန္ဟာ သမီးျဖစ္သူကို ေခၚၿပီး အျပင္ထြက္သြားခဲ့ကာ သူတို႔ကိုေတာ့ အလုပ္သြားတယ္လို႔ ေျပာခဲ့တာပါ။
အဲဒီေနာက္ ဝပ္ထီဆန္ဟာ အိမ္ကိုဖုန္းဆက္ၿပီး သမီးျဖစ္သူနဲ႔အတူ ည ၇ နာရီမွ ျပန္ေရာက္မယ္လို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။
သူတို႔ဟာ အိမ္မွာ ေစာင့္ဆိုင္းေနခဲ့ၾကတာျဖစ္ၿပီး ညပိုင္းမွာေတာ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ ဝပ္ထီဆန္က သမီးျဖစ္သူကို ဆြဲႀကိဳးခ်တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္တက္လာတာကို ေတြ႔ခဲ့ၾကတာပါ။
အဲဒီေနာက္ ဆြခ္ဆန္က ညီမျဖစ္သူကို အေၾကာင္းၾကားခဲ့ၿပီးေနာက္ ဝပ္ထီဆန္ကို ရွာေဖြနိုင္ဖို႔ ရဲေတြကို တိုင္ၾကားခဲ့တယ္လို႔ ဆိုပါတယ္။
လက္ရွိမွာေတာ့ အခင္းျဖစ္ရတဲ့ အေၾကာင္းရင္းကို ရဲေတြက ရွာေဖြစံုစမ္းေနၿပီး ကနဦးျဖစ္စဥ္ေတြအရေတာ့ ဝပ္ထီဆန္ဟာ သမီးငယ္ကို ဆြဲႀကိဳးခ်သတ္ခဲ့ၿပီးမွ သူ႔ကိုယ္သူ ဆြဲႀကိဳးခ်ခဲ့တာျဖစ္မယ္လို႔ ဆိုပါတယ္။
Credit: DVB
Unicode
ထိုင်းနိုင်ငံမှာ အသက် ၂၁ နှစ်အရွယ် ဖခင်တဦးဟာ သူ့ရဲ့ ၁၁ လအရွယ် သမီးဖြစ်သူကို ဆွဲကြိုးချသတ်ခဲ့တာကို ဖေ့စ်ဘွတ်ခ်မှတဆင့် လိုက်ဖ်လွှင့်ခဲ့ပြီးနောက်မှာ သူ့ကိုယ်သူလည်း ဆွဲကြိုးချ သတ်သေခဲ့ပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ ဖေ့စ်ဘွတ်ခ်ကလည်း ကျန်ရှိတဲ့ မိသားစုကို ခုလိုဖြစ်ရတဲ့အတွက် ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ပြန်ကြားခဲ့ပါတယ်။
အဲဒီနောက် ဒီရုပ်သံဗွီဒီယိုဖိုင်ကိုလည်း သူတို့ရဲ့ အင်တာနက်စာမျက်နှာပေါ်ကနေ ဖယ်ရှားခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် ဂျီရာ နပ်ချ် ဆိုတဲ့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက သက်သေနဲ့အတူ ရဲတွေကို တိုင်ကြား အကူအညီတောင်းခံခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ကို စစ်ဆေးကြည့်ရှုပြီးတဲ့နောက်မှာ ရဲတွေဟာ သံသယဖြစ်ဖွယ် စွန့်ပစ်ဟိုတယ် အလုံးပေါင်းများစွာကို ရှာဖွေခဲ့ရပြီး နောက်ဆုံးမှာတော့ တန်ဘွန်ဆာခူဒေသ၊ သည်ပဲန်နီဆူလာဟိုတယ်အမည်နဲ့ ဖွင့်လှစ်ခဲ့တဲ့ အဆောက်အအုံတွင်းမှာ သမီးဖြစ်သူရော၊ ဖခင်ကိုပါ ကြိုးဆွဲချ သေဆုံးလျက်သား တွေ့ရှိခဲ့ကြတယ်လို့ ခေါင်ဆွတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီအမျိုးသားဟာ သမီးငယ်ကို မျက်နှာကျက်မှာ ကြိုးနဲ့ တွဲလောင်းချကာ သေဆုံးစေခဲ့တာပါ။
သေဆုံးခဲ့သူ ဝပ်ထီဆန်ဟာ သာလန်းခရိုင်ထဲက စိုက်ခင်းတခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး အဲဒီနေ့ကတော့ လင်မယား စကားများ ကတောက်ကဆဖြစ်ကာ သူက နေအိမ်ကနေ ထွက်သွားခဲ့တာလို့ ဂျီရာနပ်ချ်ရဲ့ အစ်ကိုဖြစ်သူ ဆွခ်ဆန်က ရဲတွေကို ပြောပါတယ်။
ဧပြီ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာတော့ သူတို့လင်မယားဟာ အိမ်ကို အတူတကွ ပြန်လာခဲ့ကြပြီး ဂျီရာနပ်ချ်က ခင်ပွန်းဖြစ်သူ ဝပ်ထီဆန်ကို ခေတ္တခဏ ကင်းနေကြဖို့ ပြောမယ်လို့ စီစဉ်ခဲ့ကြောင်း ဆိုပါတယ်။
ဒါပေမယ့် မကြာခင်မှာပဲ ဝပ်ထီဆန်ဟာ သမီးဖြစ်သူကို ခေါ်ပြီး အပြင်ထွက်သွားခဲ့ကာ သူတို့ကိုတော့ အလုပ်သွားတယ်လို့ ပြောခဲ့တာပါ။
အဲဒီနောက် ဝပ်ထီဆန်ဟာ အိမ်ကိုဖုန်းဆက်ပြီး သမီးဖြစ်သူနဲ့အတူ ည ၇ နာရီမှ ပြန်ရောက်မယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဟာ အိမ်မှာ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ညပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဝပ်ထီဆန်က သမီးဖြစ်သူကို ဆွဲကြိုးချတဲ့ ရုပ်သံဗွီဒီယိုဖိုင်တက်လာတာကို တွေ့ခဲ့ကြတာပါ။
အဲဒီနောက် ဆွခ်ဆန်က ညီမဖြစ်သူကို အကြောင်းကြားခဲ့ပြီးနောက် ဝပ်ထီဆန်ကို ရှာဖွေနိုင်ဖို့ ရဲတွေကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို ရဲတွေက ရှာဖွေစုံစမ်းနေပြီး ကနဦးဖြစ်စဉ်တွေအရတော့ ဝပ်ထီဆန်ဟာ သမီးငယ်ကို ဆွဲကြိုးချသတ်ခဲ့ပြီးမှ သူ့ကိုယ်သူ ဆွဲကြိုးချခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။
Credit: DVB
No comments:
Post a Comment