မ.ထ.သ ယာဥ္လိုင္းေဟာင္းေနရာတြင္ အစားထိုးေျပးဆြဲေနသည့္ ရန္ကုန္ အမ်ားပိုင္ယာဥ္လိုင္းသစ္ YBS ( Yangon Bus Service ) ေျပးဆြဲမႈ ၃ လ ျပည့္ေျမာက္ၿပီ ျဖစ္ေသာ္လည္း တိုးတက္ေျပာင္းလဲလာမႈ မရွိေသးေၾကာင္း ယမန္ေန႕ ဧၿပီလ ၂၄ ရက္တြင္ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဝိုင္းေဝဖန္ခဲ့ၾကသည္။
ရန္ကုန္တိုင္းလႊတ္ေတာ္၌ ဧၿပီလ ၂၄ ရက္က ျပဳလုပ္ခဲ့သည့္ အစည္းအေဝးတြင္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ် က စည္းကမ္းေဖာက္ဖ်က္ေနမႈ ဆက္လက္ရွိေနၿပီး YBS စတင္ေျပးခ်ိန္မွ ရက္ေပါင္း ၅၀ အတြင္း ေသဆုံးသူ ၅ ဦး ရွိခဲ့သည္ဟု လႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့သည္။
စည္းကမ္းေဖာက္ဖ်က္သူမ်ားကို ေန႕စဥ္ ဒဏ္ေၾကးျဖင့္ အျပစ္ေပး႐ုံမ်ိဳး မဟုတ္ဘဲ ထိေရာက္သည့္ ျပစ္ဒဏ္ေပးရန္ လိုအပ္ေၾကာင္းႏွင့္ ဝန္ေဆာင္မႈေပးသည့္ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ စီမံခ်က္မ်ားကို စနစ္တက် ေရးဆြဲၿပီး၊ လက္ေတြ႕စမ္းသပ္ၿပီးမွသာ အေကာင္အထည္ ေဖာ္သင့္ၿပီး “ျပည္သူ႕အတြက္ YBS မဟုတ္ဘဲ ျပည္သူစိတ္ပ်က္ YBS” ျဖစ္ေနသည္ဟု ဦးေက်ာ္ေဇယ်က တင္ျပသည္။
YBS ယာဥ္လိုင္း လုပ္ကိုင္ရာတြင္ ေငြေၾကးသုံးစြဲမႈအပိုင္း၌ ပြင့္လင္းျမင္သာမႈ အားနည္းေနၿပီး၊ တင္ဒါစနစ္၊ အစုရွယ္ယာမ်ားႏွင့္ ပတ္သက္၍ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဆြးေႏြးၾကသည္။
တိုင္းေဒသ ကိုယ္စားလွယ္ ေဒၚၾကည္ျပာက “အစုရွယ္ယာေတြကို ဘယ္လိုေဆာင္႐ြက္ေနသလဲ၊ အစိုးရက ၅၁ ရာခိုင္ႏႈန္း ပါတယ္လို႔ သိရတယ္။ ရွယ္ယာတစုကို ၁ သိန္းနဲ႕ ေရာင္းတယ္လို႔ ၾကားတယ္။ အဲဒီေတာ့ ဒီရွယ္ယာေတြက အခုထိ ေရာင္းေနဆဲလား၊ ရပ္ထားသလားစတဲ့ ေငြေၾကးကိစၥေတြနဲ႕ ပတ္သက္ၿပီး ပြင့္လင္းျမင္သာစြာ ခ်ျပဖို႔လိုတယ္” ဟု ေဆြးေႏြးတင္ျပသည္။
လက္ရွိေျပးဆြဲေနသည့္ YBS ယာဥ္မ်ားမွာ အရည္အေသြး ညံ့ေနၿပီး၊ ထပ္မံဝယ္ယူမည့္ယာဥ္မ်ားကို အရည္အေသြး စစ္ေဆးၿပီးမွ ဝယ္သူသင့္ေၾကာင္းႏွင့္ တိုင္ၾကားရန္ ဖြင့္လွစ္ထားသည့္ ကြန္ပလိုင္းစင္တာမ်ား၏ ဖုန္းနံပတ္မ်ား အခ်ိန္ျပည့္ အလုပ္လုပ္ရန္ လိုအပ္ၿပီး၊ လမ္းၫႊန္ဆိုင္းဘုတ္မ်ားကိုပါ အသစ္ျပန္လည္ ျပင္ဆင္ေပးသင့္ေၾကာင္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ (ခ) ဦးေနမ်ိဳးေက်ာ္က ေဆြးေႏြးသည္။
YBS ယာဥ္လိုင္း ေျပာင္းလဲေျပးဆြဲရန္ စတင္ေၾကညာခဲ့စဥ္က ယာဥ္မ်ား၌ GPS စနစ္မ်ား တပ္ဆင္၍ စည္းကမ္းထိန္းခ်ဳပ္ျခင္း၊ ၃ လ အတြင္း ကတ္စနစ္ ေျပာင္းလဲမည္ဟု ေျပာဆိုျခင္း၊ ေခတ္မီကားမ်ားျဖင့္ ေျပးဆြဲမည္ဟု ေျပာဆိုခဲ့ၿပီး ယာဥ္လိုင္းေျပးဆြဲမႈ ၃ လ ျပည့္ေသာ္လည္း လက္ေတြ႕တြင္ အလွမ္းေဝးကြာေနဆဲျဖစ္ၿပီး စည္းကမ္း ေဖာက္ဖ်က္မႈမ်ားသည္လည္း ယခင္ မ.ထ.သ ယာဥ္ လိုင္းမ်ားအတိုင္း ျဖစ္ပြားေနသည္ဟု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ေျပာသည္။
တိုင္းေဒသ ကိုယ္စားလွယ္ ဦးသိန္းျမင့္ က YBS စနစ္ေဖာ္ေဆာင္ရာတြင္ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ျပည္သူ႕ကိုယ္စားလွယ္မ်ားကို ႀကိဳတင္ အသိမေပးျခင္း၊ မ.ထ.သ စနစ္ကို လူမေျပာင္း၊ ကားမေျပာင္းဘဲ စနစ္သစ္တခုသို႔ အတင္းအဓမၼေျပာင္းခိုင္းျခင္းတို႔သည္ YBS စနစ္ က်ဆဳံးျခင္း၏ အေၾကာင္းရင္းမ်ား ျဖစ္သည္ဟု ထည့္သြင္းေဆြး ေႏြးသည္။
ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က စည္းကမ္းေဖာက္ဖ်က္မႈမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္ေနၿပီး၊ တိုင္ၾကားရာတြင္လည္း အေထာက္အထား ျပည့္စုံစြာျဖင့္ တိုင္ၾကားရန္ လိုအပ္ေၾကာင္း ဧရာဝတီကို ေျပာဆိုသည္။
YBS ယာဥ္လိုင္းစနစ္ ေအာင္ျမင္မႈ မရွိေသးျခင္းႏွင့္ ပတ္သက္၍ အင္းစိန္ၿမိဳ႕နယ္၊ အမွတ္ (၁) မဲဆႏၵနယ္မွ တိုင္းေဒသ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနၿဖိဳးဟန္၏ အဆိုႏွင့္ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၆ ဦးက ေဆြးေႏြးခဲ့ၾက ေသာ္လည္း YBS စနစ္ကို ဦးေဆာင္အေကာင္အထည္ေဖာ္ခဲ့သည့္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ သက္ဆိုင္ရာ ဝန္ႀကီးတခ်ိဳ႕ ေဆြးေႏြးပြဲသို႔ တက္ေရာက္ျခင္း မရွိခဲ့ေပ။
YBS ယာဥ္လိုင္းသစ္ကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္တြင္ စတင္အေကာင္အထည္ေဖာ္ေဆာင္ခဲ့ၿပီး၊ ယာဥ္လိုင္း ၈၀ ဝန္းက်င္ႏွင့္ ကားစီးေရ ၄၀၀၀ ေက်ာ္ျဖင့္ ေျပးဆြဲလုပ္ကိုင္ေနေၾကာင္း သိရသည္။
Topics: YBS
၃ လ ကြာ YBS ကို ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ဝေဖန်
မ.ထ.သ ယာဉ်လိုင်းဟောင်းနေရာတွင် အစားထိုးပြေးဆွဲနေသည့် ရန်ကုန် အများပိုင်ယာဉ်လိုင်းသစ် YBS ( Yangon Bus Service ) ပြေးဆွဲမှု ၃ လ ပြည့်မြောက်ပြီ ဖြစ်သော်လည်း တိုးတက်ပြောင်းလဲလာမှု မရှိသေးကြောင်း ယမန်နေ့ ဧပြီလ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝေဖန်ခဲ့ကြသည်။
ရန်ကုန်တိုင်းလွှတ်တော်၌ ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က စည်းကမ်းဖောက်ဖျက်နေမှု ဆက်လက်ရှိနေပြီး YBS စတင်ပြေးချိန်မှ ရက်ပေါင်း ၅၀ အတွင်း သေဆုံးသူ ၅ ဦး ရှိခဲ့သည်ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
စည်းကမ်းဖောက်ဖျက်သူများကို နေ့စဉ် ဒဏ်ကြေးဖြင့် အပြစ်ပေးရုံမျိုး မဟုတ်ဘဲ ထိရောက်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်ကြောင်းနှင့် ဝန်ဆောင်မှုပေးသည့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံချက်များကို စနစ်တကျ ရေးဆွဲပြီး၊ လက်တွေ့စမ်းသပ်ပြီးမှသာ အကောင်အထည် ဖော်သင့်ပြီး “ပြည်သူ့အတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS” ဖြစ်နေသည်ဟု ဦးကျော်ဇေယျက တင်ပြသည်။
YBS ယာဉ်လိုင်း လုပ်ကိုင်ရာတွင် ငွေကြေးသုံးစွဲမှုအပိုင်း၌ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး၊ တင်ဒါစနစ်၊ အစုရှယ်ယာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တိုင်းဒေသ ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အစုရှယ်ယာတွေကို ဘယ်လိုဆောင်ရွက်နေသလဲ၊ အစိုးရက ၅၁ ရာခိုင်နှုန်း ပါတယ်လို့ သိရတယ်။ ရှယ်ယာတစုကို ၁ သိန်းနဲ့ ရောင်းတယ်လို့ ကြားတယ်။ အဲဒီတော့ ဒီရှယ်ယာတွေက အခုထိ ရောင်းနေဆဲလား၊ ရပ်ထားသလားစတဲ့ ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြဖို့လိုတယ်” ဟု ဆွေးနွေးတင်ပြသည်။
လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်များမှာ အရည်အသွေး ညံ့နေပြီး၊ ထပ်မံဝယ်ယူမည့်ယာဉ်များကို အရည်အသွေး စစ်ဆေးပြီးမှ ဝယ်သူသင့်ကြောင်းနှင့် တိုင်ကြားရန် ဖွင့်လှစ်ထားသည့် ကွန်ပလိုင်းစင်တာများ၏ ဖုန်းနံပတ်များ အချိန်ပြည့် အလုပ်လုပ်ရန် လိုအပ်ပြီး၊ လမ်းညွှန်ဆိုင်းဘုတ်များကိုပါ အသစ်ပြန်လည် ပြင်ဆင်ပေးသင့်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် (ခ) ဦးနေမျိုးကျော်က ဆွေးနွေးသည်။
YBS ယာဉ်လိုင်း ပြောင်းလဲပြေးဆွဲရန် စတင်ကြေညာခဲ့စဉ်က ယာဉ်များ၌ GPS စနစ်များ တပ်ဆင်၍ စည်းကမ်းထိန်းချုပ်ခြင်း၊ ၃ လ အတွင်း ကတ်စနစ် ပြောင်းလဲမည်ဟု ပြောဆိုခြင်း၊ ခေတ်မီကားများဖြင့် ပြေးဆွဲမည်ဟု ပြောဆိုခဲ့ပြီး ယာဉ်လိုင်းပြေးဆွဲမှု ၃ လ ပြည့်သော်လည်း လက်တွေ့တွင် အလှမ်းဝေးကွာနေဆဲဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုများသည်လည်း ယခင် မ.ထ.သ ယာဉ် လိုင်းများအတိုင်း ဖြစ်ပွားနေသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
တိုင်းဒေသ ကိုယ်စားလှယ် ဦးသိန်းမြင့် က YBS စနစ်ဖော်ဆောင်ရာတွင် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူ့ကိုယ်စားလှယ်များကို ကြိုတင် အသိမပေးခြင်း၊ မ.ထ.သ စနစ်ကို လူမပြောင်း၊ ကားမပြောင်းဘဲ စနစ်သစ်တခုသို့ အတင်းအဓမ္မပြောင်းခိုင်းခြင်းတို့သည် YBS စနစ် ကျဆုံးခြင်း၏ အကြောင်းရင်းများ ဖြစ်သည်ဟု ထည့်သွင်းဆွေး နွေးသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က စည်းကမ်းဖောက်ဖျက်မှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နေပြီး၊ တိုင်ကြားရာတွင်လည်း အထောက်အထား ပြည့်စုံစွာဖြင့် တိုင်ကြားရန် လိုအပ်ကြောင်း ဧရာဝတီကို ပြောဆိုသည်။
YBS ယာဉ်လိုင်းစနစ် အောင်မြင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးနေဖြိုးဟန်၏ အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးခဲ့ကြ သော်လည်း YBS စနစ်ကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်ရာ ဝန်ကြီးတချို့ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
YBS ယာဉ်လိုင်းသစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ ယာဉ်လိုင်း ၈၀ ဝန်းကျင်နှင့် ကားစီးရေ ၄၀၀၀ ကျော်ဖြင့် ပြေးဆွဲလုပ်ကိုင်နေကြောင်း သိရသည်။
Topics: YBS
No comments:
Post a Comment