.တကယ်တမ်းက ကျောက်မီးသွေး စွမ်းအင် ထုတ်တဲ့နိုင်ငံ တွေထဲမှာ သုံးစွဲမှု အများဆုံးနိုင်ငံတွေကို ကြည့်ရင် တရုတ်နဲ့ အိန္ဒိယပဲ ရှိတယ်။ ကမ္ဘာ့မြေပုံမှာ ကြည့်လိုက်ရင် မြန်မာနိုင်ငံ တစ်နိုင်ငံလေးပဲ ကွက်ကျန် နေတာရယ်။ ပထဝီ အနေအထားအရကို မြန်မာဟာ ကမ်းလွန် သဘာဝဘေး အန္တရာယ် အပိုင်းမှာ တရုတ်နဲ့ ကုလားရဲ့ နယ်ရုပ်လေး ဖြစ်နေရှာတယ်။ ထိုးကျွေးခံထားရတာ။ သို့သော်လည်း မြန်မာမှာလည်း မြန်မာအလျောက်တော့ အားသာချက် ရှိသေးတာပဲ။ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်ကို ခြေကုပ်ရထားသူပီပီ ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုင်နက်တွေကို တလုံးတခဲထဲ မူပိုင်ရထားခြင်း ဖြစ်ပါတယ်။ တကယ်လည်း ဓာတ်ငွေ့ စွမ်းအင်ဟာ စွန့်ထုတ်မှု အနည်းဆုံးနဲ့ စွမ်းအင် အမြင့်ဆုံး အငြိမ်ဆုံး အခြေအနေကို ဖန်တီးပေးနိုင်တယ်။ မြန်မာတွေများ ကံဆိုးချင်တော့ ဒီသဘာဝ လောင်စာတွေကနေ အထိအခိုက် အနည်းဆုံး နဲ့ အများဆုံး စွမ်းအင် ထုတ်တဲ့ နည်းပညာကို မသိ။ မသိတာထက် အာရှတိုက် ကုန်းတွင်းပိုင်းကို ကံဆိုးပြီး ရောက် နေတဲ့ တရုတ်ကြီးက အနာဂတ်မှာ ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးတာကို လျှော့ချရင်း ကမ်းရိုးတန်း ဒေသပိုင်းက ဓာတ်ငွေ့တွေကို မျက်စောင်း ကြိုထိုးပြီးသား ဖြစ်နေတယ်။ ကြိုထိုးထားတဲ့ အလျောက် ယခင် မြန်မာ အစိုးရတွေနဲ့ ကမ်းလွန် သဘောတူ စာချုပ်တွေ ဟော တစ်ခု ဟောတစ်ခု ဇယ်ဆက်သလို ချုပ်ထားခဲ့တယ်။ ဓာတ်ငွေ့အရင်းအမြစ်တွေကို တရုတ်တံဆိပ်ကပ် နိုင် ခဲ့တယ်။ ပိုက်လိုင်းကြီး ပိုက်လိုင်းငယ် အသွယ်သွယ်နဲ့ မြန်မာနိုင်ငံပေါ်ကနင်း.. ဓာတ်ငွေ့တွေ ကဲ့ယူ ခဲ့ကြတယ်။ အဲ့တုန်းက ကိုယ်တွေနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ ဘာမှန်းမသိဘူး။ တရုတ်မက်တဲ့ ရောင်းကုန် ဆိုပြီး ပြုံးပြုံးကြီး ရောင်းခဲ့ကြပြီးမှ ခုလို အသိသစ် အမြင်သစ်တွေ ဆိုက်ရောက်လာတဲ့ ကာလမှာ အားလုံးဟာ လွန်ကုန်ပြီ။ တရုတ်ကြီးဆီက ပိုက်ပြန်လုရင် ဘာတွေ အလျော်အစားတွေ ရှိမလဲ ကိုယ်တွေမသိ။ တရုတ်ကြီးကရော ဓာတ်ငွေ့ဆိုက်နေရာတွေ ဘယ်လောက်များများ ရသွားပြီလဲ ကိုယ်တွေမသိ။ တရုတ်နဲ့ အိန္ဒိယဘက်က ကျောက်မီးသွေး စက်ရုံတွေရဲ့ ဘေးထွက် ပြာတွေရယ် ဓာတ်ငွေ့တွေရယ်ကြောင့် နယ်ရုပ်လေး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အက်စစ်မိုးတွေ ဘယ်လောက်တောင် ရွာခဲ့ပြီးပြီလဲ ကိုယ်တွေမသိ။ ကိုယ့်မြန်မာတွေမှာ သိတဲ့အသိနဲ့ မရှိရှိတာကနေပဲ မီးမပျက်တော့တဲ့ တည်ငြိမ်စွမ်းအင် ရအောင် လုပ်ရမယ် ဆိုရင်လည်း ကျောက်မီးသွေး ကလွဲရင် တခြားမျက်စောင်းထိုးစရာ မရှိဘူး။ 😞တွေးမိတာလေးပါ။- မှတ်စုကြမ်း #kyawnge
Monday, April 17, 2017
ကျောက်မီးသွေးစွမ်းအင်ကိုဘယ်နိုင်ငံတွေကအများဆုံးအသုံပြုကြသလဲ
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment