ကိုရီးယားရဲ့ Barbie Monster လို့ နာမည်ကြီးနေသူရှိပါတယ်။လှပတဲ့ မျက်နှာ နုနုလေးကိုမြင်ပြီး အားနွဲ့သူလေးလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ အမျိုးသားတွေထက်တောင် ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ body ကို ပိုင် ဆိုင် ထား ပါတယ်။မျက်နှာလေးနဲ့မှမလိုက်အောင် ခန္ဓာကိုယ်ရဲ့ ကြွက်သားအဖုအ ထစ်ေ တွကတော့ တော်ရုံယောက်ျား အနားမကပ်ရဲလောက် အောင်ပါ။ဒါကြောင့် လ ည်း သူမကို Barbie Monster လို့ ကင်ပွန်းတပ်ခဲ့ကြတာပါ။
နာမည်ကတော့ Jhi Yeon-woo ဖြစ်ပြီး အမျိုးသမီးကာယအလှမယ် တစ်ေ ယာက်ပါ။ဒါကြောင့်လည်း ဒီလို body ကို ပိုင်ဆိုင်ထားတာ အံ့သြစရာတော့ မဟုတ်ပါဘူး။တောင်ကိုရီးယားသူလေးဖြစ်ပြီး (၁၉၈၄)မှာ မွေးခဲ့တာဆိုတော့ အသက်ကတော့ (၃၃)နှစ်ပါ။
“King Kong Barbie” လို့လည်း လူတွေက သူ့ကို ခေါ်ကြပါတယ်။သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာလည်း မကြာခဏဆိုသလို လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံတွေကို တင်လေ့ရှိပါတယ်။followers ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားသူပါ။
သူမရဲ့ ကာယအလှမယ် သမိုင်းကြောင်းတွေကတော့(၂၀၁၃)ခုနှစ်က ကျ င်းပခဲ့တဲ့ Arnold Classic Europe Women ကာယ အလှမယ် ပြိုင်ပွဲမှာ ဆုရခဲ့သူပါ။ (၂၀၁၀)ခုနှစ်ကဆိုရင် 2010 Korea YMCA ဆုရခဲ့သူပါ။
ဒါ့အပြင် 2012 MISS KOREA မှာ တတိယဆု၊2016 New York PRO Show မှာ တတိယဆု တို့အပါအ၀င် body နဲ့ပတ်သက်တဲ့ ဆုတွေအများကြီး ရဖူးသူပါ။TV အစီအစဉ်တွေအပြင် အစာအာဟာရနဲ့ပတ်သက်တဲ့ ကြော်ငြာတွေမှာလည်း ပါဝင်ခဲ့သူပါ။
#ယောက်ျားတစ်ယောက်ကို အသာလေး ချီမြှောက်ပြခဲ့တဲ့ Jhi Yeon-woo
No comments:
Post a Comment