ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 31, 2017

မြွေအချင်းချင်း မျိုပြီး ပြန်အန်ထုတ်တဲ့ ဗွီဒီယိုကို မှတ်တမ်းတင်နိုင်ခဲ့သည့် ဇနီးမောင်နှံ


အမေရိကန်စုံတွဲဟာ ကားမောင်းထွက်လာစဉ် လမ်းခုလက်တစ်နေရာမှာ အနက်ရောင် မြွေတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ အဆိုပါ မြွေကိုတော့ အမေရိကန်တစ်ခွင်မှာ Black Snake လို့ အလွယ် ခေါ်ကြပါတယ်။ အမျိုးသားဟာ မှိန်းနေတဲ့ မြွေကိုမြင်လို့ ကားကိုရပ်တန့်ကာ ဓာတ်ပုံတစ်ချို့ ရိုက်ကူးဖို့ ကြိုးစားခဲ့ပါတယ်။

ထိုစဉ်မှာပဲ အဲဒီမြွေရဲ့ ပါးစပ်ဟာ ဟလာခဲ့ပါတယ်။ နောက် မြွေအမြီးတစ်ခု ထွက်လာခဲ့ပါတယ်။ ဇနီးဖြစ်သူက ဗွီဒီယိုပါ ရိုက်ထားလိုက်ပါလို့ သတိပေးခဲ့လို့ ဗွီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ မြေအနက်ရောင်ဟာ ဇာတ်တူတွားသွားတစ်ကောင်ကို ညစာအဖြစ် စားသုံးထားပုံရပြီး၊ ဘယ်လိုမှ အဆင်မပြေလို့ ပြန်လည်အန်ထုတ်နေပုံ ရပါတယ်။

အပြင်ကို ပြန်ရောက်လာတဲ့ မြွေကလည်း အသက်ရှင်နေဆဲလို့ သိရပါတယ်။ ကင်မရာဆရာက ဇနီးဖြစ်သူကို ” တော်တော် လေး ကြည့်ကောင်းတယ်ဟ “လို့ ပြောခဲ့သလို အပြင်ကို ပြန်ရောက်လာတဲ့ မြွေကို ကြည့်ပြီး ” ဒီကောင်ကလည်း မသေ ဘူးဗျ “လို့ ပြောတဲ့အသံကို ကြားခဲ့ရပါတယ်။

Black Snake ဟာ မျိုးစိပ်အားဖြင့် Pantherophis obsoletus (Colubridae) ဖြစ်ပါတယ်။ အနောက်ပိုင်း ကြွက်စားမြွေလို့လည်း ခေါ်ကြပြီး၊ Black rat snake, Pilot black snake သို့မဟုတ် Black snake လို့လည်း ခေါ်ကြပါတယ်။ အစာကို လောဘတကြီးစားလေ့ရှိပြီး၊ အဆိပ်ရှိ မြွေမျိုး မဟုတ်ပါဘူး။

နတ်စည်တော် (Shwemom)

source : mirror.co.uk

ဗီဒီယိုကြည့်ရန်


No comments:

Post a Comment