သမၼတ ေဒၚနယ္ထရမ့္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ထံသာမက စင္ကာပူဝန္ႀကီးခ်ဳပ္ ထံသို႔လည္း ဖုန္းဆက္ ကာ ေျမာက္ကိုရီးယားအေရးကို ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
အေရွ႕ေတာင္အာရွ ေခါင္းေဆာင္တခ်ိဳ႕ကို အိမ္ျဖဴေတာ္သို႔ လာေရာက္လည္ပတ္ရန္ ဖိတ္ေခၚေနရာ ဖိလစ္သမၼတ ဒူတာေတးကိုလည္း ဖိတ္ေခၚခဲသလို၊ ဗီယက္နမ္ဝန္ႀကီးကိုလည္း ဖိတ္ေခၚခဲ့ၿပီးျဖစ္ပါ တယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြဒ္ ခ်န္အိုခ်ာကေတာ့ အိမ္ျဖဴေတာ္သို႔ လာေရာက္ဖို႔ ရက္သတ္မွတ္ျခင္း မရွိ ေသးေပမယ့္၊ သမၼတေဒၚနယ္ထရမ့္နဲ႕ ဝန္ႀကီးခ်ဳပ္ ပရာယြဒ္ ခ်န္အိုခ်ာတို႔ ၂ဦးလုံးက အာရွ- ပစၥဖိတ္ ေဒသ တည္ၿငိမ္ေအး ခ်မ္းေရးအတြက္ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြကိုထပ္ေလာင္းအတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။
ဒါအျပင္ ႏွစ္နိုင္ငံအၾကား စီးပြားေရး၊ ကုန္သြယ္ေရးက႑ႏွင့္ ပတ္သက္ၿပီး ပိုမိုခိုင္မာေအာင္ ျပဳလုပ္ဖို႔ လည္း ေဆြးေႏြးခဲ့သလို၊ သမၼတေဒၚနယ္ထရမ့္ကလည္း သူ႕ရဲ႕ အစိုးရအေနနဲ႕ အာရွမွာ ဦးေဆာင္က႑ ကေန ပါဝင္မွာျဖစ္ၿပီး၊ ထိုင္းနိုင္ငံလို မဟာမိတ္ေတြနဲ႕ ပိုမိုနီးကပ္စြာ ဆက္ဆံမယ္လို႔ ကတိေပးခဲ့ ေၾကာင္း သိရပါတယ္။
ေျမာက္ကိုရီယား အေရးနဲ႕ ပတ္သက္ၿပီးလည္း သံတမန္ေရးနဲ႕ စီးပြားေရး ဖိအားေပးမႈ လမ္းေၾကာင္း ဆက္လက္ထိန္းသိမ္းဖို႔ ေဆြးေႏြးတယ္လို႔လည္း သိရပါတယ္။
=============
The Irrawaddy - Burmese Edition
https://burma.irrawaddy.com/news/short-news/2017/05/01/134093.html
Unicode
အိမ်ဖြူတော်ကို လာလည်ဖို့ ထိုင်းဝန်ကြီးချုပ်ကို သမ္မတဒေါ်နယ်ထရမ် ဖိတ်ကြား
==========================
==========================
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာထံ ယနေနံနက်စောစောက ဖုန်းအဆက်အသွယ် ပြုလုပ်ပြီး အိမ်ဖြူတော် ကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့သလို မြောက် ကိုရီးယား အရေးကို ဆွေးနွေးခဲ့ကြောင်းBangkok Post သတင်းကဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ထိုင်းဝန်ကြီးချုပ်ထံသာမက စင်ကာပူဝန်ကြီးချုပ် ထံသို့လည်း ဖုန်းဆက် ကာ မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အရှေ့တောင်အာရှ ခေါင်းဆောင်တချို့ကို အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်နေရာ ဖိလစ်သမ္မတ ဒူတာတေးကိုလည်း ဖိတ်ခေါ်ခဲသလို၊ ဗီယက်နမ်ဝန်ကြီးကိုလည်း ဖိတ်ခေါ်ခဲ့ပြီးဖြစ်ပါ တယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကတော့ အိမ်ဖြူတော်သို့ လာရောက်ဖို့ ရက်သတ်မှတ်ခြင်း မရှိ သေးပေမယ့်၊ သမ္မတဒေါ်နယ်ထရမ့်နဲ့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာတို့ ၂ဦးလုံးက အာရှ- ပစ္စဖိတ် ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ပတ်သက်ပြီး ပိုမိုခိုင်မာအောင် ပြုလုပ်ဖို့ လည်း ဆွေးနွေးခဲ့သလို၊ သမ္မတဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ အစိုးရအနေနဲ့ အာရှမှာ ဦးဆောင်ကဏ္ဍ ကနေ ပါဝင်မှာဖြစ်ပြီး၊ ထိုင်းနိုင်ငံလို မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံမယ်လို့ ကတိပေးခဲ့ ကြောင်း သိရပါတယ်။
မြောက်ကိုရီယား အရေးနဲ့ ပတ်သက်ပြီးလည်း သံတမန်ရေးနဲ့ စီးပွားရေး ဖိအားပေးမှု လမ်းကြောင်း ဆက်လက်ထိန်းသိမ်းဖို့ ဆွေးနွေးတယ်လို့လည်း သိရပါတယ်။
=============
The Irrawaddy - Burmese Edition
https://burma.irrawaddy.com/news/short-news/2017/05/01/134093.html
No comments:
Post a Comment