မုိးေရေတြထဲမွာ ဆင္မႀကီးက သူ႔ရဲ့ ၀မ္းဗုိက္ေအာက္မွာ သူ႔သားေလးကုိ မုိးခုိထားေစတယ္...။
သူ႔ရဲ့ အေရွ႕မွာေတာ့ ဆင္ထီးႀကီးက ပိန္းရြက္ကေလးကုိ ခ်ဳိးၿပီး ခ်စ္ဇနီးကုိ မုိးေပးထားေလရဲ့....
သူကေတာ့ မုိးေရေတြထဲမွာေပါ့.....။
ဒီပန္းခ်ီေလး ေရးဆဲြထားခဲ့တဲ့ ပန္းခ်ီဆရာ ဘယ္သူလဲ ဆုိတာ ကၽြန္ေတာ္ မသိပါဘူး...။
ေနာက္ၿပီး ဘယ္အခ်ိန္က သူေရးဆဲြခဲ့သလဲ ဆုိတာလည္း ကၽြန္ေတာ္ မသိပါဘူး...။
ကၽြန္ေတာ္ သိလုိက္တာကေတာ့ မိဘေတြက သားသမီးမ်ားအေပၚမွာ ထားရွိတဲ့ ေမတၱာတရားနဲ႔... ခင္ပြန္းျဖစ္သူက ဇနီးသည္ရဲ့ အေပၚမွာ ထားရွိတဲ့ စာနာျခင္း၊ ညွာတာျခင္းနဲ႔ တာ၀န္ေက်ပြန္ျခင္းမ်ားပါပဲ.
မိခင္ဆင္မႀကီးမွာ မုိးကာလွလွေလး မရွိပါဘူး...။
မိခင္ဆင္မႀကီးမွာ မုိးကာ၀ယ္ဖုိ႔ ပုိက္ဆံလည္း မရွိပါဘူး...။
ပုိက္ဆံက မုိးကာလွလွေလးေတြ ၀ယ္လုိ႔ရတယ္ ဆုိတာလည္း သူမသိပါဘူး...။
ဒါေပမယ့္ သူ႔မွာ သူ႔သားေလး မုိးစုိရင္ တစ္စံုတစ္ခုနဲ႔ ခ်က္ခ်င္းကာကြယ္ရမယ္ဆုိတဲ့ အသိရွိပါတယ္..။
အဲဒီတစ္စံုတစ္ခုဟာလည္း သူ႔ရဲ့ႀကီးမားတဲ့ ခႏၶာကုိယ္ႀကီး ျဖစ္မယ္ဆုိတဲ့ အသိေလးလည္း သူ႔မွာ ရွိပါတယ္...။
ဆင္မႀကီးက သူ႔သားေလး မုိးလြတ္ေစဖုိ႔ တုိင္းထြာ တြက္ခ်က္ျခင္း မရွိပါပဲ... သူ႔သားေလးကုိ ခ်က္ခ်င္း မုိးလံုေစခဲ့တဲ့ သန္႔စင္ ႀကီးမားတဲ့ ေမတၱာတရားေတြ ရွိေနခဲ့ပါတယ္...။
ဒီလုိပါပဲ....
ဆင္ႀကီးမွာ ထီးလွလွေလး မရွိပါဘူး...။
ထီး၀ယ္ဖုိ႔ ပုိက္ဆံလည္း မရွိပါဘူး...။
ပုိက္ဆံက ထီးလွလွေလးေတြ ၀ယ္လုိ႔ရတယ္ ဆုိတာလည္း သူမသိပါဘူး...။
ဒါေပမယ့္ သူ႔မွာ မုိးစုိရင္ တစ္စံုတစ္ခုနဲ႔ ကာကြယ္ရမယ္ဆုိတဲ့ အသိရွိပါတယ္..။
အဲဒီတစ္စံုတစ္ခုဟာလည္း ပိန္းရြက္ကေလး ျဖစ္မယ္ဆုိတဲ့ အသိေလးလည္း သူ႔မွာ ရွိပါတယ္...။
ေနာက္ၿပီး သူ႔သားေလးကုိ ကာကြယ္ေပးထားတဲ့ သူ႔ဇနီးကုိ မုိးေပးထားရမယ္ဆုိတဲ့ အသိေလး သူ႔မွာ ရွိပါတယ္....။
သူ႔ဇနီး က်န္းမာတည္တံ့ေနျခင္းက သူ႔သားေလးအတြက္ အေကာင္းဆံုးအကာအကြယ္ျဖစ္တယ္
ဒီလုိပါပဲ...
ဒီေလာကႀကီးထဲမွာ မုိးေတြလည္း အဆက္မျပတ္ရြာသြန္းေနမွာပါ..
မိသားစုေတြလည္း အဆက္မျပတ္ ျဖစ္ေပၚ ေနမွာပါ...။
မိသားစုဆုိတဲ့ ေႏြးေထြးေအးျမတဲ့ ဘ၀ေတြလည္း အဆက္မျပတ္ ရွင္သန္ေနမွာပါ...။
ဒီပန္းခ်ီကားေလးကုိ ၾကည့္ရင္းနဲ႔ ကၽြန္ေတာ့္ရဲ့ မိဘမ်ားကုိလည္း သတိရမိပါတယ္...။
ဒီပန္းခ်ီကားေလးကုိၾကည့္ရင္
ကၽြန္ေတာ့္မွာလည္း ဆင္ထီးႀကီးလုိ မိသားစုေတြအတြက္ လံုေလာက္တဲ့ ေငြေၾကး ျပည့္စံုမႈေတြ မရွိခဲ့ပါဘူး...။
ေငြဟာ အရာရာတုိင္းကို ျပည့္စံုစြာ ဖန္တီးေပးႏုိင္တယ္လုိ႔လည္း တစ္ထစ္ခ် ကၽြန္ေတာ္ တြက္ခ်က္ မထားပါဘူး....။
ေနာက္ၿပီး ကၽြန္ေတာ့္ရဲ့ စာနာနားလည္တတ္ျခင္းေတြက ေငြထက္ပုိၿပီး စြမ္းအားျပည့္မယ္ဆုိတာလည္း ကၽြန္ေတာ္ နားလည္ထားပါတယ္...။
ကၽြန္ေတာ္ မျပည့္စံုတဲ့ ဘ၀ထဲမွာတင္ မုိးေတြရြာေနတဲ့အခ်ိန္မွာ အနည္းဆံုးေတာ့ ဆင္ထီးႀကီးလုိ ပိန္းရြက္ကေလးနဲ႔ျဖစ္ျဖစ္ မုိးကာေပးလို႔ရတယ္ဆုိတဲ့ အသိတရားေလးတစ္ခု ထပ္မံရရွိပါတယ္...။
မုိးေတြ ဘယ္ေလာက္ရြာရြာ ဒီမုိးေတြကုိ ကာကြယ္ဖုိ႔ မိသားစုတုိင္းမွာ သန္႔စင္တဲ့ စာနာနားလည္ျခင္းေတြကုိ ပုိင္ဆုိင္ထားႏုိင္ေၾကာင္းလ
ပန္းခ်ီကားေလးထဲမွ ရရွိေသာ အသိတရားႏွင့္ ၾကည္ႏူးျခင္းမ်ားအား ျပန္လည္ မွ်ေ၀ရင္း ပန္းခ်ီေရးဆဲြခဲ့သည့္ ေမတၱာရွင္လည္း ခ်မ္းေျမ့ပါေစေၾကာင္းခင္ဗ်ာ
(ကြန္ဆူးမား)
Unicode
ပန်းချီကားလေး တစ်ချပ် တွေ့ခဲ့ရပါတယ်...။
မိုးရေတွေထဲမှာ ဆင်မကြီးက သူ့ရဲ့ ဝမ်းဗိုက်အောက်မှာ သူ့သားလေးကို မိုးခိုထားစေတယ်...။
သူ့ရဲ့ အရှေ့မှာတော့ ဆင်ထီးကြီးက ပိန်းရွက်ကလေးကို ချိုးပြီး ချစ်ဇနီးကို မိုးပေးထားလေရဲ့....
သူကတော့ မိုးရေတွေထဲမှာပေါ့.....။
ဒီပန်းချီလေး ရေးဆွဲထားခဲ့တဲ့ ပန်းချီဆရာ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိပါဘူး...။
နောက်ပြီး ဘယ်အချိန်က သူရေးဆွဲခဲ့သလဲ ဆိုတာလည်း ကျွန်တော် မသိပါဘူး...။
ကျွန်တော် သိလိုက်တာကတော့ မိဘတွေက သားသမီးများအပေါ်မှာ ထားရှိတဲ့ မေတ္တာတရားနဲ့... ခင်ပွန်းဖြစ်သူက ဇနီးသည်ရဲ့ အပေါ်မှာ ထားရှိတဲ့ စာနာခြင်း၊ ညှာတာခြင်းနဲ့ တာဝန်ကျေပွန်ခြင်းများပါပဲ...။
မိခင်ဆင်မကြီးမှာ မိုးကာလှလှလေး မရှိပါဘူး...။
မိခင်ဆင်မကြီးမှာ မိုးကာဝယ်ဖို့ ပိုက်ဆံလည်း မရှိပါဘူး...။
ပိုက်ဆံက မိုးကာလှလှလေးတွေ ဝယ်လို့ရတယ် ဆိုတာလည်း သူမသိပါဘူး...။
ဒါပေမယ့် သူ့မှာ သူ့သားလေး မိုးစိုရင် တစ်စုံတစ်ခုနဲ့ ချက်ချင်းကာကွယ်ရမယ်ဆိုတဲ့ အသိရှိပါတယ်..။
အဲဒီတစ်စုံတစ်ခုဟာလည်း သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး ဖြစ်မယ်ဆိုတဲ့ အသိလေးလည်း သူ့မှာ ရှိပါတယ်...။
ဆင်မကြီးက သူ့သားလေး မိုးလွတ်စေဖို့ တိုင်းထွာ တွက်ချက်ခြင်း မရှိပါပဲ... သူ့သားလေးကို ချက်ချင်း မိုးလုံစေခဲ့တဲ့ သန့်စင် ကြီးမားတဲ့ မေတ္တာတရားတွေ ရှိနေခဲ့ပါတယ်...။
ဒီလိုပါပဲ....
ဆင်ကြီးမှာ ထီးလှလှလေး မရှိပါဘူး...။
ထီးဝယ်ဖို့ ပိုက်ဆံလည်း မရှိပါဘူး...။
ပိုက်ဆံက ထီးလှလှလေးတွေ ဝယ်လို့ရတယ် ဆိုတာလည်း သူမသိပါဘူး...။
ဒါပေမယ့် သူ့မှာ မိုးစိုရင် တစ်စုံတစ်ခုနဲ့ ကာကွယ်ရမယ်ဆိုတဲ့ အသိရှိပါတယ်..။
အဲဒီတစ်စုံတစ်ခုဟာလည်း ပိန်းရွက်ကလေး ဖြစ်မယ်ဆိုတဲ့ အသိလေးလည်း သူ့မှာ ရှိပါတယ်...။
နောက်ပြီး သူ့သားလေးကို ကာကွယ်ပေးထားတဲ့ သူ့ဇနီးကို မိုးပေးထားရမယ်ဆိုတဲ့ အသိလေး သူ့မှာ ရှိပါတယ်....။
သူ့ဇနီး ကျန်းမာတည်တံ့နေခြင်းက သူ့သားလေးအတွက် အကောင်းဆုံးအကာအကွယ်ဖြစ်တယ်ဆိုတာကိုလည်း သူတွက်ချက်တတ်ခဲ့မှာပါ...။
ဒီလိုပါပဲ...
ဒီလောကကြီးထဲမှာ မိုးတွေလည်း အဆက်မပြတ်ရွာသွန်းနေမှာပါ...။
မိသားစုတွေလည်း အဆက်မပြတ် ဖြစ်ပေါ် နေမှာပါ...။
မိသားစုဆိုတဲ့ နွေးထွေးအေးမြတဲ့ ဘဝတွေလည်း အဆက်မပြတ် ရှင်သန်နေမှာပါ...။
ဒီပန်းချီကားလေးကို ကြည့်ရင်းနဲ့ ကျွန်တော့်ရဲ့ မိဘများကိုလည်း သတိရမိပါတယ်...။
ဒီပန်းချီကားလေးကိုကြည့်ရင်းနဲ့ပဲ ကျွန်တော့်မိသားစုလေးအတွက် ကျွန်တော့်ရဲ့ ဆောင်ရွက်ချက်တွေကို တွက်ချက်ရင်း ကျွန်တော် ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်...။
ကျွန်တော့်မှာလည်း ဆင်ထီးကြီးလို မိသားစုတွေအတွက် လုံလောက်တဲ့ ငွေကြေး ပြည့်စုံမှုတွေ မရှိခဲ့ပါဘူး...။
ငွေဟာ အရာရာတိုင်းကို ပြည့်စုံစွာ ဖန်တီးပေးနိုင်တယ်လို့လည်း တစ်ထစ်ချ ကျွန်တော် တွက်ချက် မထားပါဘူး....။
နောက်ပြီး ကျွန်တော့်ရဲ့ စာနာနားလည်တတ်ခြင်းတွေက ငွေထက်ပိုပြီး စွမ်းအားပြည့်မယ်ဆိုတာလည်း ကျွန်တော် နားလည်ထားပါတယ်...။
ကျွန်တော် မပြည့်စုံတဲ့ ဘဝထဲမှာတင် မိုးတွေရွာနေတဲ့အချိန်မှာ အနည်းဆုံးတော့ ဆင်ထီးကြီးလို ပိန်းရွက်ကလေးနဲ့ဖြစ်ဖြစ် မိုးကာပေးလို့ရတယ်ဆိုတဲ့ အသိတရားလေးတစ်ခု ထပ်မံရရှိပါတယ်...။
မိုးတွေ ဘယ်လောက်ရွာရွာ ဒီမိုးတွေကို ကာကွယ်ဖို့ မိသားစုတိုင်းမှာ သန့်စင်တဲ့ စာနာနားလည်ခြင်းတွေကို ပိုင်ဆိုင်ထားနိုင်ကြောင်းလည်း ကျွန်တော် တင်ပြလိုပါတယ်...။
ပန်းချီကားလေးထဲမှ ရရှိသော အသိတရားနှင့် ကြည်နူးခြင်းများအား ပြန်လည် မျှဝေရင်း ပန်းချီရေးဆွဲခဲ့သည့် မေတ္တာရှင်လည်း ချမ်းမြေ့ပါစေကြောင်းခင်ဗျာ......
(ကွန်ဆူးမား)
No comments:
Post a Comment