ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Tuesday, May 09, 2017

မိဘရဲ ့ စည္းစိမ္ေတြနဲ ့ ေနျပီး အေစခံ က်ြန္တစ္ေယာက္လို ပစ္မထားပါနဲ ့

သားသမီးေတြဟာ မိဘႏွစ္ပါးေသးသြားမွ ရည္စူးျပီး ေကာင္းမႈ ့ကုသိုလ္ျပုတာ
ေတြထက္ ယခုပစၥပၸန္ အခ်ိန္ ေက်ြးတာက ပိုျပီးတန္ဖိုးရွိပါတယ္ ။အမ်ွေဝလို့ ရတဲ့ ဘံုဟာ သံုးဆယ့္တစ္ဘံုမွာ တစ္ဘံုဘဲရွိတယ္ ။ကိုယ့္မိဘဟာ ဒီဘံုကို ေရာက္လိမ့္မယ္လို ့ ဘယ္သူမွ တပ္အပ္ေသခ်ာေျပာလို ့မရပါဘူး ၊ စိတ္မခ်ရပါဘူး ၊ ဒါေျကာင့္မေသခ်ာတဲ့ အလုပ္ကိုမလုပ္ဘဲ ေသခ်ာတဲ့ အလုပ္ကို လုပ္ပါ ၊ ေသခ်ာတဲ့ အလုပ္နဲ ့ပဲ ေက်းဇူးဆပ္ျကပါ ။
စာေရးသူရဲ့ ရပ္ကြက္ထဲမွာရွိပါတယ္ ။ မိဘႏွစ္ပါးက အသက္ ( ၆၀ ၊ ရ၀ ) အ
ရြယ္ေရာက္လာျပီဆိုေတာ့ သားသမီး ေျမးျမစ္ေတြက အဘိုးျကီး အဘြားျကီး
ေတြႏွင့္ ထမင္းအတူစားရတာ ရြံစရာေကာင္းတယ္ဆိုျပီး အတူတူမစားျကပါဘူး ၊ဒါေျကာင့္ မိအိုဖအိုႏွစ္ပါးကို ထမင္းေလးေတြ ပန္းကန္ထဲထည့္ ဟင္းေလးေတြပံုျပီး အရင္ေက်ြးထားႏွင့္ပါတယ္ ။
မသိရင္ေတာ့ ဦးဦးဖ်ားဖ်ားေက်ြးတာေပါ့ အမွန္ေတာ့ ထိုသို့မဟုတ္ပါ ၊
ကဲ ....... စဥ္းစားျကည့္ျကပါ ၊ေကာင္းျကေသးရဲ့လား ေနာက္ျပီး မိဘႏွစ္ပါးဟာ
သားသမီးေတြရဲ့ ထားရာေန ေစရာသြားရတဲ့ဘဝ အသက္အရြယ္ကလည္း ျကီးလာျပီဆိုေတာ့ အလုပ္ကလည္း မယ္မယ္ရရမလုပ္နိုင္ ၊ ဒီသားသမီးေတြကိုဘဲ မွီခိုျပီး မိမိတို့ဘဝအသက္ရွင္ေရး အတြက္ ျကိုးစားေနထိုင္ျကရပါတယ္ ။

ဟို တစ္ခ်ိန္တုန္းက ဒီစီးပြားဥစၥာ စည္းစိမ္ေတြကို ကိုယ္ရွာေဖြခဲ့တာ မွန္ပါေသာ္လည္း ယခုအခ်ိန္မွာေတာ့ သားသမီးေတြကို လြန္ဆန္လို ့မရတဲ့ အေျခအေနကို ဆိုက္ေရာက္ခဲ့ရျပီဆိုေတာ့ သူတို့သေဘာ အတိုင္းပဲ ေနထိုင္ေပးျကရပါေတာ့တယ္ ။
ဒါေျကာင့္ ေရွးယခင္တုန္းက ပိုး ၊ ဖဲ ၊ ကတၱီပါေတြျဖင့္ ႏွစ္ျခိုက္စြာအိပ္ခဲ့ရေသာ္လည္း ယခုအခ်ိန္အခါမွာ ေနာက္ေဖးေခ်ာင္က အခန္းက်ဥ္းေလးထဲမွာ ေစာင္စုတ္ ပုဆိုးစုတ္တို ့ အထပ္ထပ္ခင္းျပီး က်င္ျကီး က်င္ငယ္သြားလည္း ဒီေနရာ ၊ စားလဲဒီေနရာ ၊ အိပ္လဲဒီေနရာ ၊ ဝင္ေလထြက္ေလကမေကာင္းေတာ့ အနံအသက္ေတြနဲ ့
ညစ္ပတ္နံေစာ္ေနေတာ့တာေပါ့ ။သားသမီးမ်ားသည္ အသက္အရြယ္ အိုမင္းရင့္ေရာ္ေနေသာ မိဘမ်ားအား မေသရံုတမယ္ ေက်ြးထားျကေပသည္ ။
တခ်ိဳ ့ဆိုလ်ွင္ ထားစရာေနရာမရွိသျဖင့္ ဘိုဘြားရိပ္သာကို မ်က္ႏွာလြွဲခဲပစ္
ပို့ထားလိုက္ျကျပန္ေတာ့တယ္ ။တစ္ခ်ိဳ ့ဆိုလ်ွင္ ေဘးပတ္ဝန္းက်င္ ေျပာမွာစိုးသည့္အတြက္ေျကာင့္ မျဖစ္သာလို ့အိမ္ေပၚေခၚတင္ထား ျကရတာပါ ။သားသမီးျဖစ္သူက အေမအေဖကို တစ္လျကာလို့ တစ္ခါဝင္မျကည့္ စကားမေျပာျဖစ္ မိမိသားကဒီလိုေနမွေတာ့ ေခ်ြးမကလည္း ဘယ္ေျပာေကာင္းေတာ့မလဲ ေက်ြးေမြးတာကအစ အက်န္မေက်ြးယံုတမယ္ ဆက္ဆံတာကလည္း အိမ္ေဖာ္မတစ္ေယာက္လို အိမ္ေပၚမွာေနလို့ဆိုျပီး က်ြန္တစ္ေယာက္လို ပန္းကန္ခြက္ေယာက္ ေဆးေျကာခိုင္း ၊ ဒီလိုနဲ့ ေက်းဇူးဆပ္တယ္ဆိုျပီး အိမ္ေပၚေခၚထားတာလား ၊ ကိုယ့္ဟာကိုယ္စဥ္းစား
ျကည့္ျကပါ ၊ ဒီအျဖစ္မ်ိဳးက ဘယ္လိုမွ မထားေကာင္းပါဘူးးး
သားသမီး ျဖစ္သူမ်ား ဒီစာေလးဖတ္မိျပီး စဥ္းစား ဆင္ခ်င္ နိုင္ျကပါေစလို ့
၊၊

( သားသမီးႏွင့္ မိဘ ျဖစ္ရပ္မွန္စာအုပ္မွ )


Unicode

သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ကုသိုလ်ပြုတာ
တွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။အမျှဝေလို့ ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့ ဘယ်သူမှ တပ်အပ်သေချာပြောလို့မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ပဲ ကျေးဇူးဆပ်ကြပါ ။
စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အ
ရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီး
တွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံပြီး အရင်ကျွေးထားနှင့်ပါတယ် ။
မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာ
သားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့ဘဝအသက်ရှင်ရေး အတွက် ကြိုးစားနေထိုင်ကြရပါတယ် ။
ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်း ယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့မရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။
ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာအိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့ အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့
ညစ်ပတ်နံစော်နေတော့တာပေါ့ ။သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။
တချို့ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ်
ပို့ထားလိုက်ကြပြန်တော့တယ် ။တစ်ချို့ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ် မိမိသားကဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ်စဉ်းစား
ကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး
သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့၊၊

( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )

No comments:

Post a Comment