ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Wednesday, May 10, 2017

ေျပာမထြက္ခ့ဲေသာ စကားလုံးမ်ား


က်ေနာ္ကိုးတန္းေက်ာင္သားဘဝတုန္းက
အဂၤလိပ္စာအခ်ိန္မွာ ကြ်န္ေတာ့ေဘးက ေကာင္မေလး တစ္ေယာက္ကိုကြ်န္ေတာ္ စိုက္ၾကည့္ေနမိတယ္။ ကြ်န္ေတာ့္ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းမေလးေပါ့။ ပိုးသားေလးလို ႏူးညံ့တဲ့ ဆံပင္ရွည္ရွည္ေလးေတြနဲ႕ သိပ္လွတဲ့သူ႕ကို ကြ်န္ေတာ့္ ေကာင္မေလး ျဖစ္ေစခ်င္ခဲ့တယ္။ ဒါေပမယ့္ သူကြ်န္ေတာ့္ ခံစားခ်က္ေတြကို သူ သတိမထားမိဘူးဆိုတာ ကြ်န္ေတာ္ သိပါတယ္။ အတန္းၿပီးေတာ့ ကြ်န္ေတာ့္ဆီကို လာၿပီး တစ္ေန႕က သူ လြတ္သြားတဲ့ မွတ္စုေတြ လာေတာင္းတယ္။ သူ႕အတြက္ ကူးေပးထားတာေတြ ကို ကမ္းေပးလိုက္တယ္။

ကြ်န္ေတာ့္ပါးကို ခပ္ဖြဖြ နမ္းၿပီး ေက်းဇူး လို႕ ေျပာသြားတယ္။ ကြ်န္ေတာ္ေလ သူ႔ကို ေျပာခ်င္လိုက္တာ။ ကြ်န္ေတာ္ သူ႕အေပၚထားတဲ့ ခံစားခ်က္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုတယ္ဆိုတာ ကို ေျပာခ်င္လိုက္တာ။ ဒါေပမယ့္ ကြ်န္ေတာ္ သိပ္ရွက္တယ္။ သူ႕ကို ခ်စ္တယ္လို႕ ေျပာဖို႕ကို တအားရွက္တယ္ ဘာေၾကာင့္မွန္းေတာ့ မသိဘူး။



ဆယ္တန္းေက်ာင္းသားဘ၀ . . .



ဖုန္းျမည္လာတယ္။ ဘယ္သူမ်ားလဲလို႕ ထင္ေနတာ သူ ျဖစ္ေနတယ္။ ငိုလိုက္ ႐ိႈက္လိုက္နဲ႕ သူ႕ ခ်စ္သူေကာင္ေလး သူ႕ကို ဘယ္လို အသည္းခြဲသြားတယ္ ဆိုတာ ေျပာျပတယ္။ ၿပီးေတာ့ သူတစ္ေယာက္တည္း အထီးက်န္ေနလို႕ ကြ်န္ေတာ့္ကို လာခဲ့ပါလို႕ ေခၚေတာ့ ကြ်န္ေတာ္လည္း သြားရေတာ့တာေပ့ါ။ သူ႕ေဘးက ဆိုဖာမွာ ထိုင္ရင္း သူ႕ရဲ႕ ႏူးညံ့တဲ့ မ်က္လံုးေလးေတြကို စိုက္ၾကည့္မိေတာ့ သူ႕ကို ပိုင္ဆိုင္ခ်င္တဲ့ စိတ္ေတြ တဖြားဖြားေပၚလာျပန္တယ္။ ၿပီးတဲ့အခါ ႐ုပ္ရွင္ၾကည့္ရင္း အာလူးေၾကာ္ သံုးထုပ္ေလာက္လည္း ကုန္ေကာ သူ အိမ္ျပန္ဖို႕ ဆံုးျဖတ္လိုက္တယ္။



ကြ်န္ေတာ့္ကို ၾကည့္ရင္း ေက်းဇူး လို႕ ေျပာၿပီး ကြ်န္ေတာ့္ပါးကို နမ္းသြားျပန္တယ္။ ကြ်န္ေတာ္ သူ႕အေပၚထားတဲ့ ခံစားခ်က္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုတယ္ဆိုတာ ကို ေျပာခ်င္လိုက္တာ။ ဒါေပမယ့္ သူ႕ကို ခ်စ္တယ္လို႕ ေျပာဖို႕ကို တအားရွက္တယ္ ဘာေၾကာင့္မွန္းေတာ့ မသိဘူး။



တကၠသိုလ္ ပထမႏွစ္ . . .



တစ္ေန႕မွာ သူကြ်န္ေတာ့ အခန္း၀ ကို ေလွ်ာက္လာၿပီး ဒီတစ္ခါလည္း ငါ ရည္းစားနဲ႕ ျပတ္ျပန္ၿပီ လို႕ ေျပာတယ္။ ေနာက္ ၿပီး ကြ်န္ေတာ္ တို႕ ႏွစ္ေယာက္လံုး ဘယ္သူနဲ႕မွ ထပ္ခ်ိန္းမေတြ႕ေတာ့ဘူး ဆိုတဲ့ ကတိကို သူ ေတာင္းတယ္။ ကြ်န္ေတာ္တို႕ေတြက အခ်စ္ဆံုးသူငယ္ခ်င္းေတြ အျဖစ္နဲ႔ ထာ၀ရ အတူတူ ေနသြားၾကမယ္ေပါ့။

အဲလုိပဲ လုပ္ခဲ့ၾကပါတယ္။ အဲ့ညကေလ အရာအားလံုး ၿပီးဆံုးသြားသလို ခံစားရတယ္။ သူတို႕ အိမ္ေရွ႕တံခါး၀ ေရွ႕ရပ္ၿပီး သူ႕ကို စိုက္ၾကည့္ေနမိေတာ့ ေတာက္ပတဲ့ သူ႕ မ်က္လံုးေတြနဲ႕ ကြ်န္ေတာ့္ကို ျပန္ၾကည့္ၿပီး ျပံဳးျပတယ္။



ေနာက္ၿပီး အေကာင္းဆံုးအခ်ိန္ေတြကို ပိုင္ဆိုင္ခြင့္ရခဲ့လို႕ ေက်းဇူးေနာ္ဆိုၿပီး သူ ကြ်န္ေတာ့္ပါးကို ခပ္ဖြဖြ နမ္းလိုက္ၿပန္တယ္။ ကြ်န္ေတာ္ သူ႕အေပၚထားတဲ့ ခံစားခ်က္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုတယ္ဆိုတာ ကို ေျပာခ်င္လိုက္တာ။ ဒါေပမယ့္ သူ႕ကို ခ်စ္တယ္လို႕ ေျပာဖို႕ကို ခုထိ တအားရွက္ေနတုန္းပဲ ဘာေၾကာင့္မွန္းေတာ့ မသိဘူး။



ဘြဲ႕ႏွင္းသဘင္ အခမ္းအနား . . .



ေန႕ေတြ ရက္ေတြ လေတြ တျဖည္းျဖည္းနဲ႕ ေျပာင္းလဲလာပါေတာ့တယ္။ မ်က္စိတမွိတ္အတြင္းမွာပဲ ကြ်န္ေတာ္တို႕ရဲ႕ ဘြဲ႕ယူတဲ့ အခမ္းအနား ေရာက္လာသလိုပါပဲ။ အခ်ိန္ေတြ ကုန္တာ သိပ္ျမန္တယ္။ ဘြဲဲ႕ယူတဲ့ စတိတ္စင္ေပၚ သူတက္လာတဲ့အခါ နတ္သမီးေလးတစ္ပါး ေရာက္လာသလိုပါပဲ သိပ္ကို လွတယ္။ သူ႕ကို ကြ်န္ေတာ့္ေကာင္မေလး ျဖစ္ေစခ်င္လိုက္တာ၊ ဒါကို သူ သတိ မထားမိဘူးဆိုတာလည္း ကြ်န္ေတာ္သိပါတယ္။



အိမ္မျပန္ခင္မွာ ကြ်န္ေတာ့ဆီကို ေရာက္လာေသးတယ္။ ကြ်န္ေတာ္သူ႕ကို ဖက္ထားေတာ့ သူ ငိုပါေလေရာ။ ကြ်န္ေတာ့ ပခံုးေပၚ ေမးတင္ရင္း နင္က ငါ့ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းပဲ ။ အရာအားလံုးအတြက္ ေက်းဇူးပါ ဆိုၿပီး ထံုးစံအတိုင္းကြ်န္ေတာ့္ပါးကို နမ္းသြားျပန္တယ္။ ကြ်န္ေတာ္ သူ႕အေပၚထားတဲ့ ခံစားခ်က္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုတယ္ဆိုတာ ကို ေျပာခ်င္လိုက္တာ။ ဒါေပမယ့္ သူ႕ကို ခ်စ္တယ္လို႕ ေျပာဖို႕ကို ခုထိ တအားရွက္ေနတုန္းပဲ ဘာေၾကာင့္မွန္းေတာ့ မသိဘူး။



မဂၤလာအခမ္းအနား . . .



ခုကြ်န္ေတာ္ ဘုရားေက်ာင္းရဲ႕ ခံုတန္းေလးမွာ ထိုင္ေနပါတယ္။ ခုပဲ ဟိုေကာင္မေလး ကြ်န္ေတာ္မဟုတ္တဲ့ တျခားလူတစ္ေယာက္နဲ႕ လက္ထပ္ၿပီး ဘ၀သစ္ကို စ ဖို႕ ျပင္ေနပါၿပီ။ သူ႕ကို ကြ်န္ေတာ္ ပိုင္ဆိုင္ခ်င္ခဲ့တယ္။ ဒါေပမယ့္ သူကြ်န္ေတာ့္ကို မျမင္ႏိုင္ခဲ့ဘူးဆိုတာ ကြ်န္ေတာ္သိပါတယ္။ သူ ထြက္မသြားခင္ ကြ်န္ေတာ့္ကို လာႏႈတ္ဆက္သြားတယ္ “နင္လာတယ္ေနာ္” တဲ့။



ကြ်န္ေတာ့္ပါးကို နမ္းရင္း ေက်းဇူးပါေနာ္တဲ့။ ေျပာခ်င္ခဲ့ပါတယ္ သူ႕ကို သူငယ္ခ်င္းဆိုတာထက္ ပိုခ်စ္ပါတယ္လို႕ ဒါေပမယ့္ မေျပာျဖစ္ခဲ့ျပန္ဘူး။ ခ်စ္တယ္လို႕ ေျပာရမွာ အေၾကာင္းမဲ့ သိပ္ရွက္ေနတယ္။



စ်ာပန အခမ္းအနား . . .



ႏွစ္ေပါင္းမ်ားစြာ ကုန္ဆံုးသြားၿပီးတဲ့ တစ္ေန႕. . . အေခါင္းထဲမွာ လွဲေလ်ာင္းေနတဲ့ ကြ်န္ေတာ့္ အခ်စ္ဆံုးသူငယ္ခ်င္းဆိုတဲ့ ေကာင္မေလးကို ငံု႕ၾကည့္ေနမိတတယ္။ လူေတြ က သူ အထက္တန္းေက်ာင္းထဲက ေရးလာခဲ့တဲ့ ဒိုင္ယာရီကို ဖတ္ေနၾကတယ္။

ဘာေတြ ေရးထားလဲ ဆုိေတာ့ . . . .



သူ႕ကို ၾကည့္လိုက္တဲ့အခါတိုင္း ကြ်န္မ သူ႕ကို ပိုင္ဆိုင္ခ်င္တယ္။ သူကေတာ့ သတိေတာင္ မထားမိတာ ကြ်န္မသိပါတယ္။ ကြ်န္မ သူနဲ႕ သူငယ္ခ်င္းပဲ မျဖစ္ခ်င္ဘူးဆိုတာ သူသိေစခ်င္လိုက္တာ။ ကြ်န္မသူ႕ကို သိပ္ခ်စ္တယ္။ ဒါေပမယ့္ ေျပာရမွာ ရွက္ေနမိတယ္။ သူကြ်န္မကို ခ်စ္တယ္လို႕ ေျပာလာပါေစပဲ ဆုေတာင္းပါတယ္။


ငါလည္း ဆုေတာင္းခဲ့တာပါပဲ။


တကိုယ္တည္း ေတြးရင္း ကြ်န္ေတာ္ ငိုမိတယ္။


Ref:quotesdigezt

Unicode Version

အင်္ဂလိပ်စာအချိန်မှာ ကျွန်တော့ဘေးက ကောင်မလေး တစ်ယောက်ကိုကျွန်တော် စိုက်ကြည့်နေမိတယ်။ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းမလေးပေါ့။ ပိုးသားလေးလို နူးညံ့တဲ့ ဆံပင်ရှည်ရှည်လေးတွေနဲ့ သိပ်လှတဲ့သူ့ကို ကျွန်တော့် ကောင်မလေး ဖြစ်စေချင်ခဲ့တယ်။ ဒါပေမယ့် သူကျွန်တော့် ခံစားချက်တွေကို သူ သတိမထားမိဘူးဆိုတာ ကျွန်တော် သိပါတယ်။ အတန်းပြီးတော့ ကျွန်တော့်ဆီကို လာပြီး တစ်နေ့က သူ လွတ်သွားတဲ့ မှတ်စုတွေ လာတောင်းတယ်။ သူ့အတွက် ကူးပေးထားတာတွေ ကို ကမ်းပေးလိုက်တယ်။

ကျွန်တော့်ပါးကို ခပ်ဖွဖွ နမ်းပြီး ကျေးဇူး လို့ ပြောသွားတယ်။ ကျွန်တော်လေ သူ့ကို ပြောချင်လိုက်တာ။ ကျွန်တော် သူ့အပေါ်ထားတဲ့ ခံစားချက်က သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ကို ပြောချင်လိုက်တာ။ ဒါပေမယ့် ကျွန်တော် သိပ်ရှက်တယ်။ သူ့ကို ချစ်တယ်လို့ ပြောဖို့ကို တအားရှက်တယ် ဘာကြောင့်မှန်းတော့ မသိဘူး။



ဆယ်တန်းကျောင်းသားဘ၀ . . .



ဖုန်းမြည်လာတယ်။ ဘယ်သူများလဲလို့ ထင်နေတာ သူ ဖြစ်နေတယ်။ ငိုလိုက် ရှိုက်လိုက်နဲ့ သူ့ ချစ်သူကောင်လေး သူ့ကို ဘယ်လို အသည်းခွဲသွားတယ် ဆိုတာ ပြောပြတယ်။ ပြီးတော့ သူတစ်ယောက်တည်း အထီးကျန်နေလို့ ကျွန်တော့်ကို လာခဲ့ပါလို့ ခေါ်တော့ ကျွန်တော်လည်း သွားရတော့တာပေ့ါ။ သူ့ဘေးက ဆိုဖာမှာ ထိုင်ရင်း သူ့ရဲ့ နူးညံ့တဲ့ မျက်လုံးလေးတွေကို စိုက်ကြည့်မိတော့ သူ့ကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာပြန်တယ်။ ပြီးတဲ့အခါ ရုပ်ရှင်ကြည့်ရင်း အာလူးကြော် သုံးထုပ်လောက်လည်း ကုန်ကော သူ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။



ကျွန်တော့်ကို ကြည့်ရင်း ကျေးဇူး လို့ ပြောပြီး ကျွန်တော့်ပါးကို နမ်းသွားပြန်တယ်။ ကျွန်တော် သူ့အပေါ်ထားတဲ့ ခံစားချက်က သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ကို ပြောချင်လိုက်တာ။ ဒါပေမယ့် သူ့ကို ချစ်တယ်လို့ ပြောဖို့ကို တအားရှက်တယ် ဘာကြောင့်မှန်းတော့ မသိဘူး။



တက္ကသိုလ် ပထမနှစ် . . .



တစ်နေ့မှာ သူကျွန်တော့ အခန်း၀ ကို လျှောက်လာပြီး ဒီတစ်ခါလည်း ငါ ရည်းစားနဲ့ ပြတ်ပြန်ပြီ လို့ ပြောတယ်။ နောက် ပြီး ကျွန်တော် တို့ နှစ်ယောက်လုံး ဘယ်သူနဲ့မှ ထပ်ချိန်းမတွေ့တော့ဘူး ဆိုတဲ့ ကတိကို သူ တောင်းတယ်။ ကျွန်တော်တို့တွေက အချစ်ဆုံးသူငယ်ချင်းတွေ အဖြစ်နဲ့ ထာဝရ အတူတူ နေသွားကြမယ်ပေါ့။

အဲလိုပဲ လုပ်ခဲ့ကြပါတယ်။ အဲ့ညကလေ အရာအားလုံး ပြီးဆုံးသွားသလို ခံစားရတယ်။ သူတို့ အိမ်ရှေ့တံခါး၀ ရှေ့ရပ်ပြီး သူ့ကို စိုက်ကြည့်နေမိတော့ တောက်ပတဲ့ သူ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ပြန်ကြည့်ပြီး ပြုံးပြတယ်။



နောက်ပြီး အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့လို့ ကျေးဇူးနော်ဆိုပြီး သူ ကျွန်တော့်ပါးကို ခပ်ဖွဖွ နမ်းလိုက်ပြန်တယ်။ ကျွန်တော် သူ့အပေါ်ထားတဲ့ ခံစားချက်က သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ကို ပြောချင်လိုက်တာ။ ဒါပေမယ့် သူ့ကို ချစ်တယ်လို့ ပြောဖို့ကို ခုထိ တအားရှက်နေတုန်းပဲ ဘာကြောင့်မှန်းတော့ မသိဘူး။



ဘွဲ့နှင်းသဘင် အခမ်းအနား . . .



နေ့တွေ ရက်တွေ လတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါတော့တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ဘွဲ့ယူတဲ့ အခမ်းအနား ရောက်လာသလိုပါပဲ။ အချိန်တွေ ကုန်တာ သိပ်မြန်တယ်။ ဘွဲ့ယူတဲ့ စတိတ်စင်ပေါ် သူတက်လာတဲ့အခါ နတ်သမီးလေးတစ်ပါး ရောက်လာသလိုပါပဲ သိပ်ကို လှတယ်။ သူ့ကို ကျွန်တော့်ကောင်မလေး ဖြစ်စေချင်လိုက်တာ၊ ဒါကို သူ သတိ မထားမိဘူးဆိုတာလည်း ကျွန်တော်သိပါတယ်။



အိမ်မပြန်ခင်မှာ ကျွန်တော့ဆီကို ရောက်လာသေးတယ်။ ကျွန်တော်သူ့ကို ဖက်ထားတော့ သူ ငိုပါလေရော။ ကျွန်တော့ ပခုံးပေါ် မေးတင်ရင်း နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ ။ အရာအားလုံးအတွက် ကျေးဇူးပါ ဆိုပြီး ထုံးစံအတိုင်းကျွန်တော့်ပါးကို နမ်းသွားပြန်တယ်။ ကျွန်တော် သူ့အပေါ်ထားတဲ့ ခံစားချက်က သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ကို ပြောချင်လိုက်တာ။ ဒါပေမယ့် သူ့ကို ချစ်တယ်လို့ ပြောဖို့ကို ခုထိ တအားရှက်နေတုန်းပဲ ဘာကြောင့်မှန်းတော့ မသိဘူး။



မင်္ဂလာအခမ်းအနား . . .



ခုကျွန်တော် ဘုရားကျောင်းရဲ့ ခုံတန်းလေးမှာ ထိုင်နေပါတယ်။ ခုပဲ ဟိုကောင်မလေး ကျွန်တော်မဟုတ်တဲ့ တခြားလူတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝသစ်ကို စ ဖို့ ပြင်နေပါပြီ။ သူ့ကို ကျွန်တော် ပိုင်ဆိုင်ချင်ခဲ့တယ်။ ဒါပေမယ့် သူကျွန်တော့်ကို မမြင်နိုင်ခဲ့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ သူ ထွက်မသွားခင် ကျွန်တော့်ကို လာနှုတ်ဆက်သွားတယ် “နင်လာတယ်နော်” တဲ့။



ကျွန်တော့်ပါးကို နမ်းရင်း ကျေးဇူးပါနော်တဲ့။ ပြောချင်ခဲ့ပါတယ် သူ့ကို သူငယ်ချင်းဆိုတာထက် ပိုချစ်ပါတယ်လို့ ဒါပေမယ့် မပြောဖြစ်ခဲ့ပြန်ဘူး။ ချစ်တယ်လို့ ပြောရမှာ အကြောင်းမဲ့ သိပ်ရှက်နေတယ်။



ဈာပန အခမ်းအနား . . .



နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးတဲ့ တစ်နေ့. . . အခေါင်းထဲမှာ လှဲလျောင်းနေတဲ့ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ကောင်မလေးကို ငုံ့ကြည့်နေမိတတယ်။ လူတွေ က သူ အထက်တန်းကျောင်းထဲက ရေးလာခဲ့တဲ့ ဒိုင်ယာရီကို ဖတ်နေကြတယ်။

ဘာတွေ ရေးထားလဲ ဆိုတော့ . . . .



သူ့ကို ကြည့်လိုက်တဲ့အခါတိုင်း ကျွန်မ သူ့ကို ပိုင်ဆိုင်ချင်တယ်။ သူကတော့ သတိတောင် မထားမိတာ ကျွန်မသိပါတယ်။ ကျွန်မ သူနဲ့ သူငယ်ချင်းပဲ မဖြစ်ချင်ဘူးဆိုတာ သူသိစေချင်လိုက်တာ။ ကျွန်မသူ့ကို သိပ်ချစ်တယ်။ ဒါပေမယ့် ပြောရမှာ ရှက်နေမိတယ်။ သူကျွန်မကို ချစ်တယ်လို့ ပြောလာပါစေပဲ ဆုတောင်းပါတယ်။



ငါလည်း ဆုတောင်းခဲ့တာပါပဲ။



တကိုယ်တည်း တွေးရင်း ကျွန်တော် ငိုမိတယ်။



Ref:quotesdigezt

No comments:

Post a Comment