အချိန်ဆွဲထားပီး သူတို့စောင့်ကြည့်နေလို့ ငါ့သမီးလေးဆုံးရတာ ဆုံးခါနည်းမှ အမေရေကလေးအသက် အန္တရာယ်ရှိနေပီေ န်ာတဲ့ အဲ့တော့ငါတို့လိုအမေတွေကဘာလုပ်ရတော့မှာလဲကလေးအသက်ထွက်ဖို့ကို ထိုင်ကြည့်နေရုံပဲပေါ့ေ ဆးရုံတက် တုန်းက အူပြန်စွပ်လို့ ပြန်တက်တာပါ ၁၉.၄.၂၀၁၇ညဘက်စဖြစ်တယ် ။
ညဘက်ကလေးကိုယ်တအားပူလို့ဘယ်သူ့ကိုမှလဲခေါ်ဖို့ရှာမတွေ့ခဲ့ရပါဘူး တစ်နာရီလောက်ဆို သူတို့ဘယ်နားသွား အိ ပ့်မှန်းမသိခဲ့တာပါသူတို့သာသေချာလုပ်ပေးခဲ့ရင် ငါ့သမီးလေးခုလိုအသက်ဆုံးရုံးရမှာမဟုတ်ဘူး ။ သူတို့ရဲ့အလေးမ ထား မှု ပေါ့ဆမှု မနိုင်ဝန်တွေကိုလောဘတကြီးသူတို့တာဝန်ယူထားလို့ ခုလိုဖြစ်ရတာ ခံပြင်းလွန်းတယ်သမီးရေ..။
ငါ့သမီးလေး စဖြစ်တဲ့နေ့ကစပြီး ဆုံးတဲ့နေ့ထိရေမသောက်ခဲ့ရဘူး သူတို့ခုပဲခွဲစိတ်တော့မလိုလိုနဲ့ ရေမတိုက်ခဲ့ရဘူး ရေ ဘူးလေးကိုကြည့်ကြည့်ပီး မေမေ့ဆီက ရေလှန်းလှန်းတောင်းတဲ့မေမေ့သမီးလေးမျက်နှာကို မေမေဘယ်တော့မှမေ မ့ ဘူးသမီးရေ သမီးလေးကိုအဲ့ဆေးရုံတင်ခဲ့မိလို့ ခုလိုဖြစ်ရတာ အခကြေးငွေတော့မတောင်းပဲ သမီးလေးတို့လိုကလေးတွေ ကို စမ်းသပ်ခံများသတ်မှတ်ထားလေတလားပဲ မေ့သမီးလေးအဖြစ်ကဆိုးလွန်းလှတယ် ။
သမီးလေးလိုပဲ ကလေးဘယ်နှရောက်ရဲ့ အသက်စတေးခဲ့ပီးပီလဲမသိဘူးသမီးရေ သူတို့သာမေမေတို့ကြုံတွေ့ရသလိုအဖြစ် ဆိုးမျိုးမကြုံတွေ့ကြပါစေနဲ့လို့ ဆုတောင်းပေးမိတယ် ဆေးရုံမှာမေမေတယောက်နေ့ရေညပါကြုံတွေ့ခဲ့လို့မေမေ အသိ ဆုံး ပါ။
မေမေတယောက်ပဲစောင့်နေရတာဖြစ်တဲ့အတွက် အိမ်သာတောင်မသွားခဲ့ရပါဘူး သမီးလေးတယောက်ထဲ ကျန်ခဲ့ မှာကြောက်လို့လေ သမီးလေးဆွဲဖြုတ်လို့အပ်တွေပြုတ်ကုန်မှာ လဲဆိုးတယ်မေမေ့သမီးလေးကသွေးကြော ရှာရခက်တဲ့ အတွက်သူများတွေတချက်အဖေါက်ခံရရင်မေမေ့သမီးလေးကဆယ့်င်ါးချက်လောက်အဖေါက်ခံရတယ်။
သူတို့ကတော့သူတို့မကျွမ်းကျင်တာကိုဝန်မခံပဲ မေ့သမီးလေးကပဲရုန်းလို့သူတို့ဖေါက်ရခက်သလိုပြောကြတယ် မေမေလဲ ငိုသမီးလေးလဲငိုခဲ့ရတယ်။
မေ့သမီးလေးဟာမသေသင့်ပဲသေခဲ့ရတယ်ဆိုတာမေမေအသိဆုံးဖြစ်သလို့သူတို့လဲအသိဆုံးဖြစ်မှာပါ ..ဒီစာကိုသူတို့များ ဖတ်မိရင် ကိုယ့်လိပ်ပြာကိုယ်လုံကြပါစေလို့ ဆုတောင်းမိပါရဲ့ 🙏🏻🙏🏻🙏🏻 အချိန်တိုင်းသမီးကိုလွမ်းတဲ့စိတ် ခံပြင်းလွန်းလို့ကို ယ့်ရင်ကိုယ်ထုနေရတဲ့ အမေတယောက်ရဲ့ခံစားချက်မျိုးကို မခံစားရပါစေနဲ့…ဘဝဆက်တိုင်းငါ့ သမီးလေးလိုအဖြစ်ဆိုး မှ ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဆရာမတို့ရယ်🙏🏻🙏🏻🙏🏻
Pandora
ဒေါ်မေတို့ရွာကလေး
No comments:
Post a Comment