မန္တလေး အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်ခဲ့သော ရုပ်ရှင်နှင့် ဗီဒီ ယိုသရုပ်ဆောင် နေမျိုးအောင်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဒဏ်ငွေရိုက်ခဲ့သည်။
နေမျိုးအောင်မောင်းနှင်လာသည့် လင်ခရူဇာကားသည် မေ လ ၁၅ ရက်နံနက်က သတ်မှတ်ကီလို ၁၀၀ ထက်ကျော်လွန်ကာ ကီလို ၁၃၆ အထိ မောင်းနှင်လာ၍ ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော သည်။
‘‘နေပြည်တော်အ၀င်ဂိတ် မှာ ဖမ်းဆီးတာပါ။ သတ်မှတ်ကီလို ထက်ပိုမောင်းလို့ဖမ်းပြီး ချလန် ဖြတ်ပေး
လိုက်ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာပဲ သွားဆောင်လို့ရတယ်လို့ ပြောလိုက်တော့ အဲဒီမှာပဲ ဆောင်သွားတယ် လို့ သိရပါတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်သည့် ယာဉ်များကို ယခင်နှစ် စက်တင်ဘာ ၁ ရက်က စတင်၍ သာဂရ၊ ပန်းတင်၊ သီးကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း၊ ဘောနီ အမြန်လမ်းမ ကြီးရဲစခန်းစသည့်ခုနစ်နေရာ တွင် အရှိန်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေး ဖမ်းဆီးအရေးယူခဲ့သည်။
‘‘သတ်မှတ်မိုင်နှုန်းထက်ပို မောင်းတဲ့ ဘယ်ကားမဆိုဖမ်းပါ တယ်။ နေမျိုးအောင်ကလည်း ရှမ်းပြည်ဘက်မှာ ရုပ်ရှင်ရိုက်ကူးရေးရှိလို့ အမြန်လမ်းကသွားတာလို့ သိရပါတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး
စိုးမြင့်ဦးက ပြောသည်။
ယင်းသို့ဖမ်းဆီးရာ ခရီး သည်တင်ယာဉ်အနည်းငယ်သာ ရှိ၍ အိမ်စီးကားအများဆုံးဖြစ်ကြောင်း အမြန်လမ်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှ သိရသည်။
အမြန်လမ်းမတွင် သတ် မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀ (ကီ လို ၁၀၀) အထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးစစ်ဆေးကာ နေပြည်တော်ဇမ္ဗူသီရိ မြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်း သိမ်းရေးတရားရုံး၌ ယာဉ်တစ်စီးလျှင် ဒဏ်ငွေ ၅၀,၀၀၀ ဖြင့် ဒဏ်တပ် အရေးယူဆောင်ရွက်နေသည်။
#Achitlwinpyin
Credit: 7Day Daily
No comments:
Post a Comment