ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, May 16, 2017

ဖောက်ပြန်နေသော ခင်ပွန်းမောင်းလာသည့် ကားကို ဇနီးက ကားဖြင့်ဝင်တိုက် ..!



ထိုင်းနိုင်ငံ ပါသွန် သာနီပြည်နယ် သန်ယာဘူရီခရိုင် ၌ မေလ ၁၃ ရက်က Toyota For-tuner ကားသစ်တစ်စီး မောင်းနှင်လာသော အမျိုးသမီးက ခင်ပွန်းဖြစ်သူနှင့် ၎င်း၏ချစ်သူအမျိုးသမီးတို့ မောင်းနှင်လာသည့် မာစီဒီးကားကို နောက်ယောင်ခံလိုက်ကာ ဝင်တိုက်ခဲ့သဖြင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

 ယန်စစ်နန်ခွန်နာယိုလမ်းမ ပေါ်၌ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် အဆိုပါယာဉ်တိုက် မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာ၌ ရှင်းလင်းရေး မပြုလုပ်မီလေးကီလိုမီတာမျှ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ခဲ့သည်။


ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေး မှုအရ ထိုအမျိုးသမီးသည် GPS စနစ် အသုံးပြု၍ ခင်ပွန်းသည်ကိုနောက်ယောင်ခံ လိုက်လာခဲ့ပြီး ဆာဝီပရာချာရတ်လမ်းပေါ်၌ အဖြူရောင်မာစီဒီးကားကို တွေ့သောအခါ မောင်းနှင်လာသော ကားဖြင့် ဝင်တိုက်ခဲ့သည်။

ယင်းတွင် အခြားကားသုံးစီး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#Achitlwinpyin 
Credit: 7Day Daily

No comments:

Post a Comment