ဘာကြောင့်လူတွေ ကိုယ့်ကိုယ်သတ်သေကြတာလဲ???
လူတွေဟာ စိတ်ဓာတ်တွေကျပြီးအားငယ်လာတဲ့အခါ ၊ စိတ်ရောဂါ တစ်ခုခု ခံစားရချိန်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲပြီးတဲ့အခါ၊ ဆန္ဒတွေကိုအကောင်အထည်မဖော်နိုင်တော့တဲ့အခါ ၊ လောကမှာ ဆက်မနေချင်တော့ပဲ သေချင်စိတ်ပြင်းထန်နေတဲ့အခါ၊ ဖြေရှင်းမရတဲ့ အမှားတစ်ခုခုကျူးလွန်မိတဲ့အခါ အဲ့ဒီလိုအခြေအနေတွေမှာ မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားကြပါတယ်။
၁) စိတ်ဓာတ်တွေကျပြီး စိတ်အားငယ်လာတဲ့အခါ
စိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်ကျမှုတွေပြင်းထန်လာတဲ့အခါ ဘ၀အတွက် မျှော်လင့်ချက်တွေမဲ့လာတတ်ကြပြီး စိတ်ကယောက်ချောက်ခြားတွေဖြစ်လာတက်ပါတယ်။ များပြားတဲ့ဒုက္ခတွေကြောင့်နာကျင်မှုတွေခံစားလာတဲ့အခါ လက်ရှိဘ၀ကနေ ပျောက်ကွယ်သွားပြီး ကောင်းမွန်တဲ့နောက်ဘ၀ ဆိုတဲ့မျှော်လင့်ချက်ကိုစိတ်ကူးယဉ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် စိတ်ဖောက်ပြန်သွားတဲ့လူတွေရဲ့အတွေးတွေတိုင်း အဲ့ဒီလိုနီးပါးတွေးကြပါတယ်။ ငါမရှိ အားလုံးအတွက်ကောင်းမှာပါဆိုပြီးလည်းတွေးတောတက်ကြပါတယ်။ သူတို့ ဟာ လူမရှိတဲ့နေရာတွေမှာ ချောင်ကပ်ပြီး တိတ်ဆိတ်နေတတ်တယ် ၊ ပါတီ တို့ ပျော်စရာ အစီအစဉ်တွေကို လုံးဝစိတ်မ၀င်စားတော့ပါဘူး။သင့်အနေနဲ့ ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုရင်တော့ မျက်ခြေမပြတ်စောင့်ကြည့်နေသင့်ပါတယ်။
၂) စိတ်ရောဂါခံစားလာရတဲ့အခါ
စိတ်ရောဂါခံစားလာရတဲ့လူတစ်ယောက်ဟာ ပုံမမှန်တဲ့ အတွင်းစိတ်ရဲ့ ခိုင်းစေမှုနဲ့ ကိုယ်ကိုယ့်ကိုယ်ဖျက်စီးဖို့ အမြဲတွန်းအားပေးခံရပါတယ်။ ဒါကြောင့် စိတ်ဝေဒနာရှင်တွေကို ဂရုစိုက်စောင့်ရှောက်ဖို့ လိုပါတယ်။
၃) မူးယစ်ဆေးဝါးသုံးပြီးတဲ့အခါ
ဒီကိစ္စကတော့ အရက်သောက်ခြင်း ဆေးဝါး သုံးစွဲမှုတွေနဲ့ ဆက်စပ်လို့နေပါတယ်။ တချို့လူတွေဟာ မူးယစ်ဆေးဝါးသုံးဆွဲပြီးနောက်မှာ စိတ်ရိုင်းဝင်လာတတ်ကြပါတယ်။ မူးယစ်ဆေးဝါးဟာ လူရဲ့ပုံမှန်စိတ်ကို ရူးသွပ်မိုက်ရူးရဲဆန်စေပါတယ်။ မူးယစ်ဆေးသုံးဆွဲပြီး လူတစ်ယောက်ရဲ့နောက်ကြောင်းမှာ စိတ်ခံစားမှု တစ်စုံတစ်ရာ ရှိနေခဲ့ပြီဆိုရင်တော့ ဒီလူဟာ အကောင်းအဆိုးတွေးတောခြင်းမရှိပဲ မိမိကိုယ်ကိုယ်လုပ်ကြံဖို့ လွယ်ကူစွာစဉ်းစားမိမှာပဲဖြစ်ပါတယ်။
၎) ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည်မဖော်နိုင်တော့တဲ့အခါ
ဖြစ်ချင်တာတွေ လိုချင်တာတွေကို ဘယ်လိုနည်းလမ်းသုံးပြီးကြိုးစားပေမယ့် မရရှိတော့တဲ့အခါ အဲ့ဒီလူတွေဟာ သေချင်စိတ်တွေဖြစ်ပေါ် လာတတ်ပါတယ်။ တစ်ခါက မိဘနှစ်ပါးဟာ သူတို့သဘောမကျတဲ့သူနဲ့ သူတို့သမီးချစ်ကြိုက်ခဲ့တာမို့ အပြင်မထွက်ခိုင်းပဲ အိမ်ထဲ ပိတ်လှောင်ထားခဲ့ကြပါတယ်။ သူ့လွတ်လပ်ခွင့်ကို မပိတ်ပင်ဖို့ သမီးဖြစ်သူက အကြိမ်ကြိမ်တောင်းပန်ခဲ့ပေမယ့် မိဘတွေက ဘယ်လိုမှ မလိုက်လျောခဲ့တာကြောင့် နောက်ရက်မှာတော့ ကောင်မလေးက ဆေးလုံးတွေသောက်ပြီး ကိုယ့်ကိုယ်သတ်သေသွားခဲ့ပါတယ်။
၅) သေဖို့ဆန္ဒပြင်းပြလာတဲ့အခါ
ဒီအခြေအနေကတော့ ရောဂါဝေဒနာရဲ့ နာကျင်မှုကို မခံစားနိုင်တော့တဲ့ သူတွေပဲဖြစ်ပါတယ်။ ဒီလိုလူတွေဟာ ဘ၀ရဲ့မျှော်လင့်ချက်လည်းမရှိတော့တာမို့ မြန်မြန်သေဆုံးဖို့ကိုပဲ မျှော်လင့်နေပြီး ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားကြပါတယ်။
၆) အမှားတစ်ခုပြုလုပ်မိတဲ့အခါ
ဒီဖြစ်ရပ်ကတော့ ငယ်ရွယ်တဲ့ကလေးတွေမှာဖြစ်ပျက်လေ့ရှိပါတယ်။ ကျောင်းနေအရွယ်ကလေးငယ်တွေဟာ စာမေးပွဲကျတဲ့အခါ အမှားတစ်ခုခုပြုလုပ်မိတဲ့အခါ မိဘတွေကို ရင်မဆိုင်ရဲတဲ့ ကြောက်စိတ်နဲ့ မိမိကိုယ်ကိုယ် သတ်သေမယ်ဆိုတဲ့ နည်းလမ်းကိုရွေးကြတာပဲဖြစ်ပါတယ်။
လူကြီးတွေဘက်က ကလေးတွေအပေါ် ဖိအားအရမ်းမပေးဖို့ လိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားဖူးလား
Credit-momolay
Saturday, May 27, 2017
မိမိကိုယ်ကိုယ် အဆုံးစီရင်သူများ အကြောင်း
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
လူမှူဘဝ
ကဏ္ဍများ
ဗဟုသုတအကြောင်းရာ,
လူမှူဘဝ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment