အနုပညာရှင်ဆိုတာ လူတွေအားလုံးရဲ့ကြားမှာ Idol လို့ခေါ်တဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်ပါတယ်။ အနုပညာရှင်ရယ်လို့ ဖြစ်လာခဲ့ရင် လိုအပ်တာတွေအားလုံး အမြဲမပြတ် ပြုလုပ်နိုင်မှလည်း အောင်မြင်တဲ့ အနုပညာရှင်လို့ သတ်မှတ်နိုင်မှာပါ။ ဒီလို အောင်မြင်တဲ့ အနုပညာတွေထဲက ဇာတ်ရုပ်လိုအပ်ချက်အရ ခန္ဓာကိုယ်အလေးချိန်ကို ထူးဆန်းတဲ့ ဝိတ်ချနည်းလမ်းတွေ အသုံးပြုပြီး ဝိတ်ချခဲ့တဲ့ အကြောင်းများနဲ့ ဖော်ပြပေးသွားချင်ပါတယ်။
Beyoncé
နာမည်ကျော် R&B အဆိုတော်ကြီး Beyoncé ကတော့ Dreamgirls ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ၁၅ပေါင်အထိ ဝိတ်ချဖို့ ကမ်းလှမ်းခံရပေမယ့် ကနဦးမှာ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်ကူးဖို့ ၂ပတ်အလိုမှာတော့ Beyoncé ဟာ ရေ ၊ သံပုရာရည် ၊ မေပဲလ်သာကာရည်နဲ့ ဟင်းသီးဟင်းရွှက် အနည်းငယ်လောက်သာ စားသုံးခဲ့ပြီး ဝိတ်ချသွားခဲ့ပါတယ်။ Beyoncé ရဲ့ ဝိတ်ချနည်းလမ်းဟာ အံအားသင့်ဖွယ်ကောင်းလှပြီး နောက်တစ်ချိန် ထပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း Beyoncé က ဝန်ခံသွားခဲ့ပါတယ်။
Anne Hathaway
နာမည်ကျော်မင်းသမီး Anne Hathaway ကတော့ ရုပ်ရည်ပိုင်းက ဘာမှပြောစရာမရှိလောက်အောင် လှပလွန်းသူဖြစ်ပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအဆကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် သူမကို ရုပ်ရှင်လောကအတွင်း အအောင်မြင်ဆုံး ဖြစ်စေနိုင်ခဲ့တဲ့ Les
Miserables ရုပ်ရှင်ဇာတ်ကားအတွင်းမှာ Anne Hathaway ဟာ စက်ရုံအလုပ်သမားပုံစံနဲ့ သရုပ်ဆောင်နိုင်သွားဖို့အတွက် မုန်လာဥဖြူ ၊ ဟင်းသီးဟင်းရွှက်များစွာနဲ့ ပြုလုပ်ထားတဲ့ အချဉ်ရည်တို့ကိုသာ နေ့စဉ်စားသောက်ပြီး ဝိတ်ကျအောင် ကြိုးစားခဲ့ပါတယ်။ Anne ဟာ သူမရဲ့ကြိုးစားမှုရလဒ်ကြောင့် Les
Miserables ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်မှုကို ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။
Natalie Portman
မင်းသမီးချော Natalie Portman ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားထဲမှာ Black Swan က ထိပ်ဆုံးက ပါဝင်နေပါတယ်။ Natalie ဟာ Black Swan ဇာတ်ကားထဲမှာ ဘဲလေးကချေသည်အဖြစ် သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ကချေသည်တစ်ဦးရဲ့ ခန္ဓာကိုယ်ပုံစံမျိုးရအောင် ကိုယ်အလေးချိန်ကို လျှော့ချခဲ့ရပါတယ်။ Natalie က မက်မွန်သီး ၊ စပျစ်သီးနဲ့ မုန်လာဥနီတို့ကို စားသုံးခဲ့ပြီး ဝိတ်ချသွားခဲ့ကာ Black Swan ဇာတ်ကားအတွင်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆုတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။
Christian Bale
ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ အထင်ကရ သရုပ်ဆောင်စာရင်းထဲမှာ မင်းသားကြီး Christian Bale လည်း ပါဝင်နေမှာ အသေအချာပါပဲ။ Batman အဖြစ် ပါဝင်သရုပ်ဆောင်ဖူးခဲ့သူ Christian Bale ဟာ The Machinist ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ သူရဲ့သန်မာလှတဲ့ ခန္ဓာကိုယ်ကို ပေါင်ခြောက်ဆယ်ဝန်းကျင်ခန့်သာ ဖြစ်လာစေဖို့ လေးလအတွင်းနဲ့ ကြိုးစားခဲ့ပါတယ်။ Christian Bale ဟာ ပေါင်ခြောက်ဆယ်လောက် ဖြစ်လာစေဖို့အတွက် နေ့စဉ်နေ့တိုင်း တူနာငါးသေတ္တာတစ်ဗူးနဲ့ ပန်းသီးတစ်လုံးတည်းကိုသာ စားသောက်ခဲ့ပြီး ဗိုက်ဆာရင် ရေပဲသောက်နေခဲ့ရပါတယ်။ ဒီလို အလုပ်အပေါ်ထားတဲ့ Christian Bale ရဲ့ စိတ်ထားက လုံးဝကို လေးစားစရာကောင်းနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဘုန်းဟိန်းသွေး ( MOMOLAY )
No comments:
Post a Comment