အရက္ေသစာေသာက္စားျခင္းက စိတ္အပန္းေျဖမႈ သုိ႔မဟုတ္ အေပါင္းအသင္းေတြနဲ႔ အခ်ိန္ကုန္ဆုံးေစျခင္းသာ မဟုတ္ဘဲ တာဝန္ဆိုတဲ့အရာနဲ႕လည္း သက္ဆုိင္ေနပါတယ္။ ဒါ့ေၾကာင့္ အရက္ေသစာနဲ႕ ပတ္သက္ျပီး ဥပေဒေတြျပန္႒ာန္းထားပါတယ္။ လိုင္စင္ရယူတာကအစ အရက္ေရာင္းတာ၊ ေသာက္စားတာအဆုံး ကမာၻတစ္ဝွမ္း တုိင္းသူျပည္သားေတြအတြက္ ခ်မွတ္ထားေသာ တင္းက်ပ္တဲ့ ဥပေဒေတြ ရိွပါတယ္။
ကမာၻတစ္ဝွမ္းက မတူကြဲျပားတဲ့ အရက္ေသာက္စားမႈဆုိင္ရာဥပေဒေတြ ေလ့လာၾကရေအာင္။
အိႏိၵယ
အိႏိၵယႏုိင္ငံရဲ႕ ေသရည္ဥပေဒကို ျပည္နယ္အလုိက္ သတ္မွတ္ခ်က္ေတြ ရိွေပမယ့္ တစ္ႏုိင္ငံလုံး ဘုံတူညီမႈအမ်ားဆုံးဥပေဒက အရက္ေသစာေသာက္စားေတာ့မယ္ဆုိရင္ အသက္ျပည့္ေၾကာင္း လုိင္စင္ျပရမွာ ျဖစ္ပါတယ္ (အသက္ ၁၈ ႏွစ္ကို တရားဝင္အျဖစ္ သတ္မွတ္)။
အယ္လ္ဆာေဗးေဒါ
အယ္လ္ဆာေဗးေဒါႏုိင္ငံမွာ အရက္ေသာက္ျပီး ကားေမာင္းမႈအတြက္ ျပစ္ဒဏ္ဟာ အင္မတန္ျပင္းထန္တဲ့ ျပစ္ဒဏ္တစ္ခုပဲ ျဖစ္ပါတယ္။ အရက္မူး ကားေမာင္းသူကို ကြပ္မ်က္ေရးေသနတ္တပ္ဖြဲ႔ျဖင့္ ေသဒဏ္ေပးသတဲ့။
အဂၤလန္
ယူေကဥပေဒအရ limit ေက်ာ္ျပီး ကလပ္ သုိ႔မဟုတ္ အရက္ဆုိင္တစ္ခုခုမွာ မူးယစ္တာက ဥပေဒခ်ဳိးေဖာက္မႈလုိ႔ သိရပါတယ္။
စေကာ့တလန္
စေကာ့တလန္ႏုိင္ငံမွာ တစ္စုံတစ္ဦးအေနနဲ႔ အရက္မူးေနခ်ိန္ ႏြားေတြေမာင္းတာ ဥပေဒနဲ႔ဆန္႔က်င္တယ္လုိ႔ ဆုိပါတယ္။
ကေနဒါ
ကေနဒါႏုိင္ငံဥပေဒအရ အရက္ဆုိင္စားပဲြထုိးအေနျဖင့္ စားသုံးသူေတြ မေတာင္းဆုိဘဲ အရက္နံ႔၊ အရသာစြက္တာ သုိ႔မဟုတ္ အရက္ျပင္းနဲ႔ေရာပါက ဥပေဒနဲ႔ လုံးဝဆန္႔က်င္တယ္လုိ႔ သိရပါတယ္။
ျပင္သစ္
အမ်ားအားျဖင့္ ေသရည္ေသာက္စားမႈကို အာမႈတ္ေလျဖင့္တိုင္းတာသည့္ကိရိယာ brealthalyzer ရိွသူေတြဟာ ရဲ သုိ႔မဟုတ္ အရက္မူးျပီးကားေမာင္းမႈေၾကာင့္ အရင္က ရဲအဖမ္းခံဖူးသူေတြလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ျပင္သစ္ႏုိင္ငံမွာေတာ့ ျပည္သူေတြအေနနဲ႔ မိမိတုိ႔ကိုယ္ပိုင္ breathalyzer ကို ေဆာင္ထားဖုိ႔ လိုအပ္ပါတယ္။
ႏိုင္ဂ်ီးရီးယား
ႏုိင္ဂ်ီးရီးယားဟာ ေတာင္အာဖရိကမွာ ဘီယာေစ်းကြက္ရိွတဲ့ တစ္ခုတည္းေသာ အာဖရိကႏုိင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ ႏုိင္ဂ်ီးရီးယားႏိုင္ငံအတြင္း ဘီယာမသြင္းရလုိ႔ သတ္မွတ္ထားပါတယ္။
ၾသစေၾတးလ်
ညသန္းေခါင္ေက်ာ္ရင္ အရက္ကို ဖန္ခြက္နဲ႔ထည့္တာ သို႔မဟုတ္ သုိ႔မဟုတ္ မနက္ ၃နာရီေနာက္ပုိင္း တစ္ဦးကို ႏွစ္ခြက္ထက္ ပိုေသာက္ျခင္းက ဥပေဒခ်ဳိးေဖာက္တယ္လုိ႔ သတ္မွတ္ပါတယ္။
ဂ်ာမန္
လူတစ္ေယာက္အရက္မူးျပီး စက္ဘီးစီးတာ မိရင္ ျပသနာတက္ႏုိင္ပါတယ္။ အရက္မူးျပီး စက္ဘီးစီးလုိ႔အမိခံရသူေတြကို စိတ္က်န္းမာေရးစစ္ေဆးဖုိ႔အတြက္ အပို႔ခံရေလ့ရိွပါတယ္။
Ref: Boldsky
Unicode
အရက်သေစာသောက်စားခြင်းက စိတ်အပန်းဖြေမှု သို့မဟုတ် အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးစေခြင်းသာ မဟုတ်ဘဲ တာဝန်ဆိုတဲ့အရာနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် အရက်သေစာနဲ့ ပတ်သက်ပြီး ဥပဒေတွေပြန်ဋ္ဌာန်းထားပါတယ်။ လိုင်စင်ရယူတာကအစ အရက်ရောင်းတာ၊ သောက်စားတာအဆုံး ကမ္ဘာတစ်ဝှမ်း တိုင်းသူပြည်သားတွေအတွက် ချမှတ်ထားသော တင်းကျပ်တဲ့ ဥပဒေတွေ ရှိပါတယ်။
ကမ္ဘာတစ်ဝှမ်းက မတူကွဲပြားတဲ့ အရက်သောက်စားမှုဆိုင်ရာဥပဒေတွေ လေ့လာကြရအောင်။
အိနိ္ဒယ
အိနိ္ဒယနိုင်ငံရဲ့ သေရည်ဥပဒေကို ပြည်နယ်အလိုက် သတ်မှတ်ချက်တွေ ရှိပေမယ့် တစ်နိုင်ငံလုံး ဘုံတူညီမှုအများဆုံးဥပဒေက အရက်သေစာသောက်စားတော့မယ်ဆိုရင် အသက်ပြည့်ကြောင်း လိုင်စင်ပြရမှာ ဖြစ်ပါတယ် (အသက် ၁၈ နှစ်ကို တရားဝင်အဖြစ် သတ်မှတ်)။
အယ်လ်ဆာဗေးဒေါ
အယ်လ်ဆာဗေးဒေါနိုင်ငံမှာ အရက်သောက်ပြီး ကားမောင်းမှုအတွက် ပြစ်ဒဏ်ဟာ အင်မတန်ပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခုပဲ ဖြစ်ပါတယ်။ အရက်မူး ကားမောင်းသူကို ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့ဖြင့် သေဒဏ်ပေးသတဲ့။
အင်္ဂလန်
ယူကေဥပဒေအရ limit ကျော်ပြီး ကလပ် သို့မဟုတ် အရက်ဆိုင်တစ်ခုခုမှာ မူးယစ်တာက ဥပဒေချိုးဖောက်မှုလို့ သိရပါတယ်။
စကော့တလန်
စကော့တလန်နိုင်ငံမှာ တစ်စုံတစ်ဦးအနေနဲ့ အရက်မူးနေချိန် နွားတွေမောင်းတာ ဥပဒေနဲ့ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
ကနေဒါ
ကနေဒါနိုင်ငံဥပဒေအရ အရက်ဆိုင်စားပွဲထိုးအနေဖြင့် စားသုံးသူတွေ မတောင်းဆိုဘဲ အရက်နံ့၊ အရသာစွက်တာ သို့မဟုတ် အရက်ပြင်းနဲ့ရောပါက ဥပဒေနဲ့ လုံးဝဆန့်ကျင်တယ်လို့ သိရပါတယ်။
ပြင်သစ်
အများအားဖြင့် သေရည်သောက်စားမှုကို အာမှုတ်လေဖြင့်တိုင်းတာသည့်ကိရိယာ brealthalyzer ရှိသူတွေဟာ ရဲ သို့မဟုတ် အရက်မူးပြီးကားမောင်းမှုကြောင့် အရင်က ရဲအဖမ်းခံဖူးသူတွေလို့ ဆိုပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံမှာတော့ ပြည်သူတွေအနေနဲ့ မိမိတို့ကိုယ်ပိုင် breathalyzer ကို ဆောင်ထားဖို့ လိုအပ်ပါတယ်။
နိုင်ဂျီးရီးယား
နိုင်ဂျီးရီးယားဟာ တောင်အာဖရိကမှာ ဘီယာဈေးကွက်ရှိတဲ့ တစ်ခုတည်းသော အာဖရိကနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘီယာမသွင်းရလို့ သတ်မှတ်ထားပါတယ်။
သြစတြေးလျ
ညသန်းခေါင်ကျော်ရင် အရက်ကို ဖန်ခွက်နဲ့ထည့်တာ သို့မဟုတ် သို့မဟုတ် မနက် ၃နာရီနောက်ပိုင်း တစ်ဦးကို နှစ်ခွက်ထက် ပိုသောက်ခြင်းက ဥပဒေချိုးဖောက်တယ်လို့ သတ်မှတ်ပါတယ်။
ဂျာမန်
လူတစ်ယောက်အရက်မူးပြီး စက်ဘီးစီးတာ မိရင် ပြသနာတက်နိုင်ပါတယ်။ အရက်မူးပြီး စက်ဘီးစီးလို့အမိခံရသူတွေကို စိတ်ကျန်းမာရေးစစ်ဆေးဖို့အတွက် အပို့ခံရလေ့ရှိပါတယ်။
Ref: Boldsky
No comments:
Post a Comment