ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Monday, May 01, 2017

အေမရိကန္ႏုိင္ငံ ဒက္စ္မြိဳင္ၿမိဳ႕၌ ျမန္မာတစ္ဦး လုယက္ခံရၿပီး ေသနတ္ျဖင့္ ပစ္သတ္ခံရ

အေမရိကန္ႏုိင္ငံ အိုင္အို၀ါျပည္နယ္ ဒက္စ္မိြဳက္ၿမိဳ႕၌ ျဖစ္ပြားခဲ့သည့္ လုယက္မႈတြင္ ဒုကၡသည္အျဖစ္ ျမန္မာႏိုင္ငံမွ အေမရိကန္ႏိုင္ငံသို႔ ေရႊ႕ေျပာင္းအေျခခ်ေနထုိင္သည့္ ျမန္မာအမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း Desmoinesregister သတင္းဌာနက ေဖာ္ျပခဲ့သည္။

အသက္ ၄၁ ႏွစ္အရြယ္ရွိ စတီဖင္ကင္ဆုိသူ ျမန္မာအမ်ဳိးသားသည္ ဧၿပီ ၂၁ ရက္က ၎၏ကေလးသုံးဦးႏွင့္အတူ ဇနီးျဖစ္သူအား ကားေပၚတြင္ ေစာင့္ဆုိင္းေနစဥ္ လူေလးဦးေရာက္ရွိလာၿပီး လုယက္မႈျဖစ္ပြားခဲ့ကာ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ဒက္စ္မြိဳင္ၿမိဳ႕ ရဲတပ္ဖြဲ႕၏ ေျပာေရးဆုိခြင့္ရွိသူ ရဲတပ္ၾကပ္ႀကီး Paul Parizek ကေျပာၾကားသည္။

“လူဆိုးေတြက ကင္ကိုသူ႔ကေလးသုံးေယာက္ေရွ႕မွာ ေသနတ္နဲ႔ပစ္ခဲ့တာပါ။ သူတို႔ဟာ ႐ိုးသားတဲ့ သာမန္အရပ္သားေတြပါ။ သူတို႔မွာ ဘာအျပစ္မွမရွိပါဘူး။ က်ဴးလြန္တဲ့သူေတြ အေနနဲ႔ သူတို႔မိသားစုမွာလည္း ဒါမ်ဳိးျပန္ၾကံဳေတြ႕မွာပါပဲ” ဟု ရဲတပ္ၾကပ္ႀကီး Paul Parizek ကေျပာၾကားသည္။

ထုိ႔ျပင္ အဆုိပါမႈခင္းျဖစ္ရပ္တြင္ မ်က္ျမင္သက္ေသမရွိဘဲ မုန္းတီးစရာမႈခင္း ျဖစ္ရပ္တစ္ခုျဖစ္ေၾကာင္း ရဲတပ္ၾကပ္ႀကီး Paul Parizek ကဆက္လက္ေျပာၾကားသည္။

ေသဆုံးခဲ့သူ စတီဖင္ကင္တြင္ ဇနီးျဖစ္သူ အက္စ္တာကင္ႏွင့္ အသက္ရွစ္ႏွစ္၊ ေျခာက္ႏွစ္ႏွင့္ ေလးႏွစ္အရြယ္ သားသုံးဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။
Desmoinesregister သတင္းတြင္ ေဖာ္ျပမႈအရ စတီဖင္ကင္တို႔ လင္မယားသည္ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္မွ ဇုိမီးတုိင္းရင္းသားမ်ားျဖစ္ၿပီး ေရႊ႕ေျပာင္းအေျခစိုက္ ဒုကၡသည္မ်ားအျဖစ္ အေမရိကန္ ျပည္ေထာင္စုသုိ႔ ၂၀၀၉ ခုႏွစ္ကတည္းက ေရာက္ရွိေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စတီဖင္ကင္တို႔ လင္မယားသည္ မေလးရွားႏိုင္ငံတြင္ ဦးစြာေနထိုင္ခဲ့ၿပီးေနာက္ အေမရိကန္ႏုိင္ငံတြင္းရွိ ဇုိမီတိုင္းရင္းသား အဖြဲ႕အစည္း၏ မွတ္ပံုတင္ထားရွိမႈႏွင့္ ေထာက္ခံခ်က္မ်ားေၾကာင့္ အေမရိကန္ႏိုင္ငံတြင္ ခိုလႈံခြင့္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိ႔ျပင္ စတီဖင္ကင္သည္ မိသားစုအတြက္သာမက အေမရိကန္ရွိ ျမန္မာအဖြဲ႕အစည္းမ်ား အတြက္ပါ ကူညီတတ္သူတစ္ဦးျဖစ္ေၾကာင္း ဒုကၡသည္ဦးေဆာင္မႈ စည္း႐ုံးေရးအဖြဲ႕၏ အမႈေဆာင္ဒါ႐ုိက္တာ Henny Ohr ကေျပာၾကားသည္။

အဆုိပါျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး စတီဖင္ကင္၏ ဇနီးျဖစ္သူ အက္စ္တာကင္ကုိ Desmoinesregister သတင္းဌာနက အင္တာဗ်ဴး သြားေရာက္ျပဳလုပ္ခဲ့ရာ ၎တုိ႔လုိျဖစ္ရပ္မ်ဳိးကုိ အျခားလူမ်ား မျဖစ္ပြားေစရန္ ဆုေတာင္းေၾကာင္းႏွင့္ ကေလးမ်ားသည္ ငယ္ရြယ္ေသာေၾကာင့္ ၎တုိ႔၏ဖခင္ အသတ္ခံရသည့္ျဖစ္ရပ္ကုိ သိနားလည္ျခင္းမရွိဘဲ ဖခင္ျဖစ္သူအား ေမးျမန္းေနေၾကာင္း ေျဖၾကားခဲ့သည္ဟု သိရသည္။

ကင္ေသဆံုးမႈေၾကာင့္ ဒက္စ္မိြဳက္စ္ၿမိဳ႕ရွိ ျမန္မာလူ႔အဖြဲ႕အစည္းအတြင္း ႐ုိက္ခတ္မႈျဖစ္ေပၚခဲ့ၿပီး စိုးရိမ္ထိတ္လန္႔စရာျဖစ္ေၾကာင္းႏွင့္ ေရရွည္လံုျခံဳမႈႏွင့္ အနာဂတ္အတြက္ပါ စဥ္းစားစရာ ျဖစ္ေပၚခဲ့ေၾကာင္း ဒုကၡသည္ဦးေဆာင္မႈ စည္း႐ုံးေရးအဖြဲ႕၏ အမႈေဆာင္ဒါ႐ုိက္တာ Jenny Ohr ကေျပာၾကားသည္။
စတီဖင္ကင္သည္ အလုပ္ႀကိဳးစားသည့္ ဖခင္တစ္ဦးျဖစ္ၿပီး ထုိင္းႏွင့္ ဂ်ပန္စားေသာက္ဆိုင္ တစ္ဆိုင္တြင္ ဧည့္ႀကိဳအလုပ္ႏွင့္ ဘားဆိုင္တစ္ဆိုင္တြင္လည္း ဘားမန္းအျဖစ္ လုပ္ကုိင္ကာ အလုပ္ႏွစ္ခုလုပ္ကုိင္ေၾကာင္း Desmoinesregister သတင္းတြင္ ေဖာ္ျပခဲ့သည္။

=============

Eleven Media Group

Unicode

အမေရိကန်နိုင်ငံ ဒက်စ်မွိုင်မြို့၌ မြန်မာတစ်ဦး လုယက်ခံရပြီး သေနတ်ဖြင့် ပစ်သတ်ခံရ

==========================
==========================

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဒက်စ်မွိုက်မြို့၌ ဖြစ်ပွားခဲ့သည့် လုယက်မှုတွင် ဒုက္ခသည်အဖြစ် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချနေထိုင်သည့် မြန်မာအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း Desmoinesregister သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ စတီဖင်ကင်ဆိုသူ မြန်မာအမျိုးသားသည် ဧပြီ ၂၁ ရက်က ၎င်း၏ကလေးသုံးဦးနှင့်အတူ ဇနီးဖြစ်သူအား ကားပေါ်တွင် စောင့်ဆိုင်းနေစဉ် လူလေးဦးရောက်ရှိလာပြီး လုယက်မှုဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒက်စ်မွိုင်မြို့ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲတပ်ကြပ်ကြီး Paul Parizek ကပြောကြားသည်။

“လူဆိုးတွေက ကင်ကိုသူ့ကလေးသုံးယောက်ရှေ့မှာ သေနတ်နဲ့ပစ်ခဲ့တာပါ။ သူတို့ဟာ ရိုးသားတဲ့ သာမန်အရပ်သားတွေပါ။ သူတို့မှာ ဘာအပြစ်မှမရှိပါဘူး။ ကျူးလွန်တဲ့သူတွေ အနေနဲ့ သူတို့မိသားစုမှာလည်း ဒါမျိုးပြန်ကြုံတွေ့မှာပါပဲ” ဟု ရဲတပ်ကြပ်ကြီး Paul Parizek ကပြောကြားသည်။

ထို့ပြင် အဆိုပါမှုခင်းဖြစ်ရပ်တွင် မျက်မြင်သက်သေမရှိဘဲ မုန်းတီးစရာမှုခင်း ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ရဲတပ်ကြပ်ကြီး Paul Parizek ကဆက်လက်ပြောကြားသည်။

သေဆုံးခဲ့သူ စတီဖင်ကင်တွင် ဇနီးဖြစ်သူ အက်စ်တာကင်နှင့် အသက်ရှစ်နှစ်၊ ခြောက်နှစ်နှင့် လေးနှစ်အရွယ် သားသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
Desmoinesregister သတင်းတွင် ဖော်ပြမှုအရ စတီဖင်ကင်တို့ လင်မယားသည် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ဇိုမီးတိုင်းရင်းသားများဖြစ်ပြီး ရွှေ့ပြောင်းအခြေစိုက် ဒုက္ခသည်များအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ၂၀၀၉ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတီဖင်ကင်တို့ လင်မယားသည် မလေးရှားနိုင်ငံတွင် ဦးစွာနေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင်းရှိ ဇိုမီတိုင်းရင်းသား အဖွဲ့အစည်း၏ မှတ်ပုံတင်ထားရှိမှုနှင့် ထောက်ခံချက်များကြောင့် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စတီဖင်ကင်သည် မိသားစုအတွက်သာမက အမေရိကန်ရှိ မြန်မာအဖွဲ့အစည်းများ အတွက်ပါ ကူညီတတ်သူတစ်ဦးဖြစ်ကြောင်း ဒုက္ခသည်ဦးဆောင်မှု စည်းရုံးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Henny Ohr ကပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စတီဖင်ကင်၏ ဇနီးဖြစ်သူ အက်စ်တာကင်ကို Desmoinesregister သတင်းဌာနက အင်တာဗျူး သွားရောက်ပြုလုပ်ခဲ့ရာ ၎င်းတို့လိုဖြစ်ရပ်မျိုးကို အခြားလူများ မဖြစ်ပွားစေရန် ဆုတောင်းကြောင်းနှင့် ကလေးများသည် ငယ်ရွယ်သောကြောင့် ၎င်းတို့၏ဖခင် အသတ်ခံရသည့်ဖြစ်ရပ်ကို သိနားလည်ခြင်းမရှိဘဲ ဖခင်ဖြစ်သူအား မေးမြန်းနေကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ကင်သေဆုံးမှုကြောင့် ဒက်စ်မွိုက်စ်မြို့ရှိ မြန်မာလူ့အဖွဲ့အစည်းအတွင်း ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး စိုးရိမ်ထိတ်လန့်စရာဖြစ်ကြောင်းနှင့် ရေရှည်လုံခြုံမှုနှင့် အနာဂတ်အတွက်ပါ စဉ်းစားစရာ ဖြစ်ပေါ်ခဲ့ကြောင်း ဒုက္ခသည်ဦးဆောင်မှု စည်းရုံးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Jenny Ohr ကပြောကြားသည်။
စတီဖင်ကင်သည် အလုပ်ကြိုးစားသည့် ဖခင်တစ်ဦးဖြစ်ပြီး ထိုင်းနှင့် ဂျပန်စားသောက်ဆိုင် တစ်ဆိုင်တွင် ဧည့်ကြိုအလုပ်နှင့် ဘားဆိုင်တစ်ဆိုင်တွင်လည်း ဘားမန်းအဖြစ် လုပ်ကိုင်ကာ အလုပ်နှစ်ခုလုပ်ကိုင်ကြောင်း Desmoinesregister သတင်းတွင် ဖော်ပြခဲ့သည်။

=============

Eleven Media Group

No comments:

Post a Comment