ဒေးဗစ်ဘက်ခမ်းဟာ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ တွေ့ဆုံခဲ့တာ နှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ဒေါ်လာ ၉ သန်းတန် ကျွန်းတစ်ကျွန်း ဝယ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
.
အသက် ၄၂ နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးနဲ့ အသက် ၄၃ နှစ်အရွယ် Spice Girl အဆိုတော်ဟောင်းတို့ဟာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦး တွေ့ဆုံခဲ့တာ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်လာ ၉ သန်း ပေးဝယ်ဖို့ ပြင်ဆင်နေတယ်လို့ the Daily Star မှာ ဖော်ပြထားပါတယ်။
.
ဘက်ခမ်းဟာ ကျွန်း ၃ ကျွန်းမှာ ဘယ်ကျွန်းကို ဝယ်ရမလဲ ဝေခွဲမရဖြစ်နေတယ်လို့လည်း ယင်းသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘဟားမားရဲ့မြို့တော် Nassau မြို့ရှိ South Berry ကျွန်းတွေထဲက ၂၅၀ ဧကရှိ Bird Cay ကျွန်းကို ဒေးဗစ်ဘက်ခမ်းတစ်ယောက် သဘောကျနေတယ်လို့ ယူဆရပါတယ်။
ဗစ်တိုးရီးယားဟာ သူမရဲ့ခန္ဓာကိုယ်အလှအပေါ် ယုံကြည်မှုမရှိလို့ လူတွေများတဲ့ ကမ်းခြေမှာ ဘီကီနီဝတ်ရမှာ မဝံ့တဲ့အတွက် အခုလို သီးသန့်ကျွန်းလေး ဝယ်ပေးတာ သူမအတွက် တကယ်ကောင်းတဲ့ လက်ဆောင်ပါပဲလို့လည်း သတင်းပေးက ဆိုထားပါတယ်။
.
ပေါင် သန်း ၅၀၀ ကျော် (ဒေါ်လာ ၆၄၅ သန်းခန့်) ပိုင်ဆိုင်တဲ့ ဘက်ခမ်းမိသားစုအတွက် ဒေါ်လာ ၉ သန်းဆိုတာတော့ သိပ်ပြီး မပြောပလောက်ဘူး ထင်ပါတယ်။
.
ဓာတ်ပုံ - အင်တာနက်
#Achitlwinpyin
Credit:Duwon
No comments:
Post a Comment