ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, May 21, 2017

မသေခင်နောက်ဆုံးအချိန်လေးမှာ ချစ်သူနဲ့လက်ထပ်သွားခဲ့တဲ့ ကင်ဆာဝေဒနာသည်


ကင်ဆာဝေဒနာကို နောက်ဆုံးအဆင့်ခံစားနေရတဲ့ အမျိုးသားဟာ မသေခင် အချိန်လေးမှာ ချစ်သူနဲ့လက်ထပ်သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို အကောင်အထည်ေ ဖ်ာသွားခဲ့ပါတယ်။ဘေးကနေ တတ်နိုင်သမျှ ပံ့ပိုးပေးသူတွေရဲ့ အကူအညီနဲ့ ရိုမန်တစ်ဆန်တဲ့ လက်ထပ်ပွဲလေးကို(၂၄)နာရီအတွင်းမှာပဲ ချက်ချင်းပြင်ဆင်ပြီး ကျင်းပခဲ့တာပါ။


သူ့ရဲ့နာမည်ကတော့ Ray Kershaw ဖြစ်ပြီး အသက်ကတော့ (၆၃)ပါ။ သူရဲ့သတို့သမီးကတော့ Tracy Brooks ဖြစ်ပြီး အသက်ကတော့ (၄၅)ပါ။ သူတို့ချစ်သူနှစ်ဦးရဲ့ လက်ထပ်ပွဲလေးကိုတော့ မေလ(၂၀)ရက်နေ့က ကျင်းပ ခဲ့တာပါ။သတို့သားဖြစ်သူ Ray ဟာ ပြီးခဲ့တဲ့ မတ်လတည်းက ကင်ဆာနောက် ဆုံးအဆင့်နဲ့ အိပ်ယာထဲ ဗုံးဗုံးလဲခဲ့ရပြီး ဒီအချိန်လေးဟာ သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်လေးပါ။သူ့ရဲ့ နောက်ဆုံးဆန္ဒလေးကို ဖြည့်ဆည်းပေးချင်တဲ့ အနေနဲ့ မင်္ဂလာကား၊ပန်း၊၀တ်စုံ၊ကိတ်နဲ့ ပွဲအတွက် တခြားလိုအပ်တဲ့ အစစအ ရာရာ အားလုံးကို အနီးအနားမှာရှိတဲ့ သူတွေက ၀ိုင်းဝန်းပြီးဖြည့်ဆည်းပေးခဲ့တာပါ။


Ray ဟာ အူမကြီးကင်ဆာခံစားခဲ့ရတာပါ။အင်္ဂလန် Rochdale မြို့မှာရှိတဲ့ Springhill Hospice ဆိုတဲ့ နာတာရှည်ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူခဲ့တာပါ။သူတို့နှစ်ယောက်လုံးဟာ Shawclough မှာနေကြသူတွေပါ။ေ ဆးရုံလာတတ်နေတဲ့ ဒီမှာတော့ အသိမိတ်ဆွေတွေ သိပ်မရှိပေမယ့် အနားမှာ ရှိတဲ့ တစိမ်းတွေကပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့ ၀ိုင်းဝန်းကူညီပေးခဲ့ကြတာပါ။ ပွဲကို ဇွန်(၂)ရက်နေ့လို့ စီစဉ်ထားခဲ့ပေမယ့် Ray ရဲ့ အခြေအနေက ပိုဆိုးလာတဲ့ အ တွက် ရှေ့တိုးလိုက်ရတာပါ။မင်္ဂလာပွဲစီစဉ်သူတွေဟာ ပွဲကို (၂၄)နာရီအတွင်း မှာ အပြီးအစီး စီစဉ်ပေးခဲ့ကြတာပါ။သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲမှာတော့ အရမ်း ရင်းနှီးတဲ့ ဆွေမျိုး၊မိတ်ေ ဆွတွေ၊ဆေးရုံမှာရှိတဲ့ သူနာပြုတွေ တက်ရောက်ခဲ့ကြ ပါတယ်။

Credit-shwemoe

No comments:

Post a Comment