ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Wednesday, May 03, 2017

ကိုယ္ဆိုတဲ့ လူတစ္ေယာက္သာ ကမာၻေျမေပၚက ထာ၀ရ ကြယ္ေပ်ာက္သြားခဲ့ရင္

ကိုယ့္အေၾကာင္းေတြ ေတြးၿပီး ဝမ္းနည္းမေနပါနဲ႕ ။ ကိုယ့္ကို တကယ္ပဲ သတိရရင္ ကိုယ္ ျဖစ္ေစခ်င္တာေတြ ျဖစ္ေအာင္လုပ္ေပးပါ ။ ဥပမာ ေဆးလိပ္ မေသာက္တာမ်ိဳး အရက္ ဘီယာ ေရွာင္ တာမ်ိဳးေလးေပါ့ ။ မရွိေတာ့တဲ့ ကိုယ့္ကို တမ္းတရင္း အခ်ိန္မျဖဳန္းပါနဲ႕ ။ ဘဝမွာ ေအာင္ျမင္တဲ့ လူ တစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ေပးပါ ။တစ္ေယာက္တည္း ျဖစ္သြားလို႔ စိတ္ဓာတ္မက်ပါနဲ႕ ၊ အားမငယ္ပါနဲ႕ ၊ ကိုယ္ရွိေနတုန္းက ေပးခဲ့တဲ့ စိတ္ဓာတ္ခြန္အားေတြက တစ္ခဏတာ အတြက္ မဟုတ္ပါဘူး။ တစ္ဘဝစာပါ။ ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ရိုးသားစြာ ေနထိုင္ပါ ။ ရိုးသားမႈ အတြက္ ထာဝရ ဂုဏ္ယူေနေစခ်င္တာ ကိုယ့္ရဲ႕ဆႏၵပါ ။



ကိုယ္ခ်စ္တဲ့သူဟာ မိမိကိုယ္ပိုင္ေငြ မဟုတ္ဘဲ လုပ္ငန္းတာဝန္အရေသာ္လည္းေကာင္း ပုဂၢိဳလ္ေရးအရ ေသာ္လည္းေကာင္း ေခတၱခဏ တာဝန္ယူထိန္းသိမ္းေပးထားရတဲ့ တပါးသူရဲ႕ ေငြေၾကးဥစၥာအေပၚမွာ အနည္းငယ္ေလးေတာင္ သာယာစိတ္ မဝင္မိပါေစနဲ႕ ။ ေငြနဲ႕ ပတ္သတ္ၿပီး သိကၡာမက်ပါေစနဲ႕ ။ ကတိတစ္ခု ကို လြယ္လြယ္ကူကူ မေပးမိပါေစနဲ႕ ။ ထို႔အတူပဲ စကားတစ္ခြန္းကို လြယ္လြယ္ကူကူ မေျပာပါနဲ႕ ။ လူတိုင္းက ကိုယ္မဟုတ္တဲ့အတြက္ အခါတိုင္း နားလည္ေပးမွာ မဟုတ္လို႔ပါ ။



ဘဝခရီးလမ္း တစ္ေလွ်ာက္မွာ ဆုံးရႈံးမႈေတြ အခက္အခဲေတြ ႀကဳံဆုံလာရတိုင္း လြယ္တကူ အေလွ်ာ့ေပးလိုက္ဖို႔ မဆုံးျဖတ္ပါနဲ႕။ လဲက်ေနတဲ့ အခိုက္အတန႔္မွာ ထူေပးမယ့္လူ မရွိလို႔လည္း စိတ္ဓာတ္မက်ပါနဲ႕။ မိမိကိုယ္သာ ကိုးကြယ္ ရာပါ ။ စိတ္ပ်က္အားေလ်ာ့ေနလို႔ ဘာမွျဖစ္မလာပါဘူး။ နာက်င္မႈေတြကို ႀကံ့ႀကံ့ခံၿပီး ဆက္ေလွ်ာက္ပါ။ ျဖစ္သင့္တာထက္ .... ျဖစ္ခ်င္တာကို ဦးစားမေပးပါနဲ႕ ။ ခုခ်က္ခ်င္းထလုပ္ရင္...ၿပီးသြားေလာက္မယ့္ကိစၥကို အခ်ိန္မဆြဲပါနဲ႕။ ေနာင္တဆိုတာ အခ်ိန္လြန္မွ ရတတ္တာမ်ိဳးပါ ။ တန္ဖိုးထားသင့္တဲ့အရာေတြဟာ အမ်ားေသာ အားျဖင့္ အစားျပန္မရတတ္ပါဘူး ။



က်န္းမာေရးဂ႐ုစိုက္ပါ ။ မိုး႐ြာထဲမွာ ထီးမပါဘဲ မသြားပါနဲ႕ ။ ထီးကိုင္ရမွာလည္း မပ်င္းပါနဲ႕ ။ ေနမေကာင္း ျဖစ္ရင္ ေဆးပတ္လည္ေအာင္ မေသာက္ခ်င္လည္းပဲ ကိုယ္ပူညံပူညံ ေျပာခဲ့တာေတြ ကို သတိရၿပီးေသာက္ေပးပါ ။



ေရွ႕ဆက္ရမယ့္ ဘဝခရီးမွာ သင့္ေတာ္ေကာင္းမြန္တဲ့ လက္တြဲေဖာ္ေတြ႕ခဲ့ရင္ အသက္ရွင္လ်က္ မရွိေတာ့တဲ့ ကိုယ့္ကို အားနာမေနဘဲ ေ႐ြးခ်ယ္လိုက္ပါ ။ ဘဝကို ေအာင္ျမင္ ေပ်ာ္႐ႊင္စြာနဲ႕ ျဖတ္သန္းနိုင္တဲ့ လူေကာင္းလူေတာ္ေလး အျဖစ္နဲ႕ သက္ဆုံးတိုင္ ေနထိုင္သြားေပးပါ ။



Unicode

ကိုယ့်အကြောင်းတွေ တွေးပြီး ဝမ်းနည်းမနေပါနဲ့ ။ ကိုယ့်ကို တကယ်ပဲ သတိရရင် ကိုယ် ဖြစ်စေချင်တာတွေ ဖြစ်အောင်လုပ်ပေးပါ ။ ဥပမာ ဆေးလိပ် မသောက်တာမျိုး အရက် ဘီယာ ရှောင် တာမျိုးလေးပေါ့ ။ မရှိတော့တဲ့ ကိုယ့်ကို တမ်းတရင်း အချိန်မဖြုန်းပါနဲ့ ။ ဘဝမှာ အောင်မြင်တဲ့ လူ တစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင်ပေးပါ ။တစ်ယောက်တည်း ဖြစ်သွားလို့ စိတ်ဓာတ်မကျပါနဲ့ ၊ အားမငယ်ပါနဲ့ ၊ ကိုယ်ရှိနေတုန်းက ပေးခဲ့တဲ့ စိတ်ဓာတ်ခွန်အားတွေက တစ်ခဏတာ အတွက် မဟုတ်ပါဘူး။ တစ်ဘဝစာပါ။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရိုးသားစွာ နေထိုင်ပါ ။ ရိုးသားမှု အတွက် ထာဝရ ဂုဏ်ယူနေစေချင်တာ ကိုယ့်ရဲ့ဆန္ဒပါ ။



ကိုယ်ချစ်တဲ့သူဟာ မိမိကိုယ်ပိုင်ငွေ မဟုတ်ဘဲ လုပ်ငန်းတာဝန်အရသော်လည်းကောင်း ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း ခေတ္တခဏ တာဝန်ယူထိန်းသိမ်းပေးထားရတဲ့ တပါးသူရဲ့ ငွေကြေးဥစ္စာအပေါ်မှာ အနည်းငယ်လေးတောင် သာယာစိတ် မဝင်မိပါစေနဲ့ ။ ငွေနဲ့ ပတ်သတ်ပြီး သိက္ခာမကျပါစေနဲ့ ။ ကတိတစ်ခု ကို လွယ်လွယ်ကူကူ မပေးမိပါစေနဲ့ ။ ထို့အတူပဲ စကားတစ်ခွန်းကို လွယ်လွယ်ကူကူ မပြောပါနဲ့ ။ လူတိုင်းက ကိုယ်မဟုတ်တဲ့အတွက် အခါတိုင်း နားလည်ပေးမှာ မဟုတ်လို့ပါ ။



ဘဝခရီးလမ်း တစ်လျှောက်မှာ ဆုံးရှုံးမှုတွေ အခက်အခဲတွေ ကြုံဆုံလာရတိုင်း လွယ်တကူ အလျှော့ပေးလိုက်ဖို့ မဆုံးဖြတ်ပါနဲ့။ လဲကျနေတဲ့ အခိုက်အတန့်မှာ ထူပေးမယ့်လူ မရှိလို့လည်း စိတ်ဓာတ်မကျပါနဲ့။ မိမိကိုယ်သာ ကိုးကွယ် ရာပါ ။ စိတ်ပျက်အားလျော့နေလို့ ဘာမှဖြစ်မလာပါဘူး။ နာကျင်မှုတွေကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်ပါ။ ဖြစ်သင့်တာထက် .... ဖြစ်ချင်တာကို ဦးစားမပေးပါနဲ့ ။ ခုချက်ချင်းထလုပ်ရင်...ပြီးသွားလောက်မယ့်ကိစ္စကို အချိန်မဆွဲပါနဲ့။ နောင်တဆိုတာ အချိန်လွန်မှ ရတတ်တာမျိုးပါ ။ တန်ဖိုးထားသင့်တဲ့အရာတွေဟာ အများသော အားဖြင့် အစားပြန်မရတတ်ပါဘူး ။



ကျန်းမာရေးဂရုစိုက်ပါ ။ မိုးရွာထဲမှာ ထီးမပါဘဲ မသွားပါနဲ့ ။ ထီးကိုင်ရမှာလည်း မပျင်းပါနဲ့ ။ နေမကောင်း ဖြစ်ရင် ဆေးပတ်လည်အောင် မသောက်ချင်လည်းပဲ ကိုယ်ပူညံပူညံ ပြောခဲ့တာတွေ ကို သတိရပြီးသောက်ပေးပါ ။



ရှေ့ဆက်ရမယ့် ဘဝခရီးမှာ သင့်တော်ကောင်းမွန်တဲ့ လက်တွဲဖော်တွေ့ခဲ့ရင် အသက်ရှင်လျက် မရှိတော့တဲ့ ကိုယ့်ကို အားနာမနေဘဲ ရွေးချယ်လိုက်ပါ ။ ဘဝကို အောင်မြင် ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်တဲ့ လူကောင်းလူတော်လေး အဖြစ်နဲ့ သက်ဆုံးတိုင် နေထိုင်သွားပေးပါ ။


No comments:

Post a Comment